imd001 – induction motor design မိတ်ဆက်

induction (asynchronous) မော်တာများကို စက်မှုလုပ်ငန်း၊ လယ်ယာလုပ်ငန်းများနဲ့ အိမ်တွင်းသုံး စက်ပစ္စည်း နယ်ပယ်အသီးသီးမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါတယ်။
ဒါကြောင့် စီးရီးလိုက် အမြောက်အများ ထုတ်လုပ်ကြပါတယ်။ မော်တာ ဒီဇိုင်းများကို ပြုလုပ်ဖို့ရာမှာ ခက်ခဲနက်နဲတဲ့ အခြေခံသီအိုရီများ လိုအပ်ပါတယ်။ ကျွန်တော့် အနေနဲ့ တချို့ကိုသာ ရှင်းပြနိုင်မှာဖြစ်ပါတယ်။ ဒီဇိုင်း ဘာသာရပ်ဟာ လူတိုင်းအတွက် ရည်ရွယ်ထားခြင်းမဟုတ်ပါ။ အခြေခံကို အသေအချာ လေ့လာထားသူများ အတွက်သာ ဖြစ်ကြောင်း ကြိုတင် ရှင်းလင်း ထားချင်ပါတယ်။ အနည်းဆုံး ဘီအီး (အီးပီ) နှင့် ၄င်းအဆင့်လေ့လာထားသူများသာ အကုန်အစင် နားလည်နိုင်မည်ဖြစ်ပါကြောင်း ခင်ဗျား။ ဒါပေမယ့် အတတ်နိုင်ဆုံး သာမာန်လူများပါ ဗဟုသုတ ရစေရန် ရည်ရွယ်၍ ရှင်းလင်းထားပါသည်။induction မော်တာ ဒီဇိုင်းပြုလုပ်ရာတွင် များစွာသော အချက်အလက်များကို ထည့်သွင်းစဉ်းစားကြရပါသည်။ သို့သော် ကံကောင်းသည်မှာ ကခု အချိန်၌ empirical methods များ ရာစုနှစ်တစ်ခုမျှရင်းနှီးခဲ့မှုကြောင့် ပေါ်ထွက်နေခြင်းပင်ဖြစ်ပါသည်။ ၄င်း အမ်ပယ်ရီကယ် နည်းလမ်းများသည်လည်း ကန့်သတ်ချက်များစွာပေါ်တွင် ဖန်တီးထားခြင်းသာဖြစ်ပါသည်။ ၄င်းနည်းလမ်းမျာကို အသုံးပြုခြင်းအားဖြင့် ပိုမို လွယ်ကူ၍ လျှင်မြန်စွာ ဒီဇိုင်းများ ပြုလုပ်နိုင်လာကြပါသည်။လက်တွေ့ မော်တာ ထုတ်လုပ်ရန် ဒီဇိုင်းပြုလုပ်ခြင်း များတွင် ၄င်း နည်းလမ်းများကိုသာ သုံးစွဲလျက်ရှိပါသည်။
အများဆုံး အသုံးပြုသော နည်းလမ်းမှာ စက် ၏ အာနိုး ကိန်းသေ (machine constant of Arnold) ကို အခြေခံထားခြင်းဖြစ်ပါသည်။ (အာနိုး ဆိုသည်မှာ ထို constant ကို တီထွင်ခဲ့သော ပညာရှင်ဖြစ်ပါသည်။)
(machine constant of Arnold) ဆိုသည်မှာ အထက်ပါ အီကွေးရှင်း(eq-1)ပင်ဖြစ်ပါသည်။ ၄င်းတွင် အသုံးပြုထားသော သင်္ကေတများကို ဘယ်ဘက် ဘေးရှိ ပုံ(ပုံ-၁)အား ကြည့်ခြင်းဖြင့် နားလည် သဘောပေါက်နိုင် ပါသည်။ CA - (machine constant of Arnold) ဆိုသည်မှာ မရှင်း ကွန်းစတန့် ဖြစ်ပါသည်။ D - (inner diameter of stator) မှာ စတေတာ၏ အတွင်းဘက် ဒိုင်ယာမီတာ ဖြစ်ပါသည်။ lδ -သည် မော်တာ၏ effective length ဖြစ်ပါသည်။ P` - (calculated output power) သည် တွက်ချက်ရှာဖွေထားသော အထွက် ပါဝါ ဖြစ်ပါသည်။
အာနိုး၏ machine constant ကို အမျိုးမျိုးသော electrical machine များ တွက်ချက်ပုံစံထုတ်ရန် တွက်ချက်ကြပါသည်။ ၄င်းသည် အသေမဟုတ်ပဲ ၀န် (electromagnetic load - A), Voltage, type of insulation, cooling system, cost of material, reliability, initial cost and running cost စသဖြင့် မြောက်မြားလှစွာသော အချက်များ အပေါ်တွင် မူတည်၍ နေပါသည်။တချို့ ဒီဇိုင်နာများက အထက်ပါ ကွန်းစတန့်ကိုပင် အနည်းငယ် ပြောင်းလဲ၍ တစ်ယူနစ် ထုထည်(D.D.lδ) ရှိ torque (or) moment (M=P1/Ω) ဖြင့် အခြေခံ၍ တွက်ချက်ခဲ့ကြသည်။ တခြား နည်းလမ်းများလည်း ရှိပါသေးသည်။ သို့သော် အဓိက စတင် စဉ်းစားသော အချက်မှာ မော်တာ၏ အရွယ်အစားနှင့် ၄င်း၏ စွမ်းဆောင်ရည် ကို အကြမ်းဖျင်း အချိုး သတ်မှတ်ကာ ၄င်းမှ အသေးစိတ် အတိုင်းအတာများ တွက်ချက်ယူခြင်းပင် ဖြစ်သည်။နောက်ပိုင်းတွင် အဓိက parameter မှာ air gap အတွင်း စုစည်းနေသည့် energy of electromagnetic field ဖြစ်လာသည်။ ဒီဇိုင်းနည်းပညာ တိုးတက် ကောင်းမွန်လာသည်နှင့် အမျှ မော်တာများ၏ အရွယ်အစား ပိုမိုသေးငယ်၍ အလေးချိန် လျော့ကျလာသည်။ ၄င်း သည်လည်း အရေးပါသော parameter တစ်ခုဖြစ်သည်။ electrical machine များသည် air gap အတွင်း၌ energy ကို magnetic field အသွင်ဖြင့် စုစည်းထားသည်။ အဓိက အတိုင်းအတာများဆိုသည်မှာ D နှင့် lδ ကိုဆိုလိုသည်။ ၄င်း ၂ ခုကို မြောက်လျှင် volume of effective part ကို ရရှိမည်ဖြစ်ပြီး ၄င်း ထုထည်သည် core, coil and slot များပါဝင်သော ထုထည်ဖြစ်သည်။

Please Share This Post

Share on Facebook Plus on Google+
First