imd004 - Stator Slot Design


နောက်ထပ် ဆက်တွက်မယ့် အဆင့်ကစပြီး ပိုရှုပ်လာပါပြီ။ ဒီအဆင့်မှာ stator ရဲ့ slot ဒါမှမဟုတ် teeth အရေအတွက် Z ကို သတ်မှတ်ပေးကြရပါမယ်။
အဲဒီအရေအတွက်တွေဟာ ကျွန်တော်တို့ အစက ယူထားတဲ့ A နဲ့ Bδ တန်ဖိုးတွေကို တတ်နိုင်သမျှ အနီးစပ်ဆုံးပြန်ရအောင် ထည့်စဉ်းစားပြီး ယူကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် coil winding ပတ်တဲ့နေရာမှာလည်း equivalent ဖြစ်အောင် စဉ်းစားကြရပါမယ်။ ဒါတွေပြည့်စုံအောင် အရင်ဆုံး အကြမ်းဖျင်း teeth division - tZ1, coil type, rated voltage, pole pitch အစရှိတာတွေကို ရွေးချယ်ကြရပါမယ်။ အဲလိုရွေးတဲ့ နေရာမှာ ထည့်တွက်ရမယ့်အချက်လေးများ ကို မှတ်စုပေးပါမယ်။ သေချာ မှတ်ထားကြပါ။
* coil winding ပတ်တဲ့နေရာမှာလည်း equivalent ဖြစ်အောင် မဖြစ်မနေ အသွားအရေအတွက် Z ကို များများ ယူကြရပါမယ်။ အဲလိုယူရင် သေချာတာက stator teeth division - tZ1 ငယ်လာပါမယ်။
* slot width - b ဟာ stator teeth division - tZ1 ရဲ့ အနည်းဆုံး တစ်ဝက်တော့ရှိရပါမယ်။ အဲဒီ တန်ဖိုးဟာ သိပ်ငယ်လို့မရပါဘူး။ သိပ်ငယ်လွန်းသွားရင် အထဲကို ထည့်နိုင်တဲ့ copper (winding) နည်းသွားမယ်။ ထည့်ရခက်လာမယ်။
* မော်တာ အသေးလေးတွေမှာ အထူးသဖြင့် mechanically weak ဖြစ်သွားမှာကိုခွင့်မပြုနိုင်ပါ။
* ထုတ်လုပ်မှု ကုန်ကျစားရိတ်ဟာ အသွား အရေအတွက် များလာ တာနဲ့အမျှ ကြီးမြင့် လာပါတယ်။ ဘာလို့ လဲ ဆိုတော့ ဖြတ်တောက်ရတာ ပိုခက်ခဲလာပြီး coil winding ပတ်တဲ့ နေရာမှာလည်း အခက် တွေ့ရတာ ကြောင့်ပါ။
ဒီလိုရွေးချယ်နိုင်အောင် ပုံ ၉.၂၆ မှာ သွားကြည့်ပြီးရွေးချယ်ရပါမယ်။ အဲဒီပုံက အလုံးပုံ ၀ါယာ တွေအတွက်ပေးထားတာပါ။ (ပုံကို နောက်မှဖေါ်ပြပါ့မယ်)။ ပုံမှန်အားဖြင့် coil type ကို မော်တာရဲ့ ၀န်ရိုးအမြင့် high of rotor axis - h ပေါ် မူတည်ပြီး ရွေးလေ့ ရှိပါတယ်။ (ဆိုလိုတာက မော်တာ ပါဝါများရင် h မြင့်လေ့ရှိတော့ အဲဒီလို စဉ်းစား တာဟာ မော်တာ ပါဝါကို စဉ်းစားတာနဲ့ အတူတူပါပဲ။) အကြမ်းဖျင်း သတ်မှတ်ချက် ကတော့ h တန်ဖိုး ၂၈၀ မီလီမီတာ ထက်ကြီးရင် coil type ကို rectangular (လေးထောင့်ပုံ) သုံးလေ့ရှိပါတယ်။ ဒါပေမယ့် 2p(pole pair) တန်ဖိုးများတဲ့ စက်တွေမှာတော့ အလုံးပုံ ပဲသုံးပါတယ်။ အကြောင်းက လေးထောင့်ဆိုရင် ခွေရပတ်ရတာ ခက်လို့ဖြစ်ပါတယ်။

Please Share This Post

Share on Facebook Plus on Google+