Creating own library in Simulink

Creating own library in Simulink
ဘလူးဖီးနစ်
2-03-2008
Simulink မော်ဒယ် များကို အကြိမ်ကြိမ် ပြန်လည် သုံးစွဲနေရတဲ့ သူများအဖို့ အချိန်ကုန်သက်သာပြီး အမှားအယွင်း နည်းသွားစေမယ့် နည်းလမ်းတစ်ခု ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ကိုယ်တိုင်လဲ အသုံးဝင်နေတာကြောင့် ခုလို တင်ဆက်ပေးလိုက်ခြင်း ဖြစ်ပါတယ်။
ပထမဆုံး ကိုယ် အသုံးပြုချင်တဲ့ မော်ဒယ်တစ်ခုကို Subsystem တစ်ခု ပြုလုပ်ရပါမယ်။ ထိုသို့ပြုလုပ်ရန်မှာ မိမိသုံးလိုသော မော်ဒယ် အစိတ်အပိုင်းများကို select ပြုလုပ်ပြီး Edit မီနူးမှ Create Subsystem ကို အောက်ပါ ပုံ (၁) အတိုင်း ရွေးချယ်ပေးလိုက်ရန် ဖြစ်ပါတယ်။ ထိုအခါ အောက်ပါပုံ (၂) အတိုင်း Sine_signal နှင့် Delta_signal ဟူသော Subsystem ၂ခု ကို ရရှိပါမယ်။





ထို့နောက် ပုံ-၃ တွင်ပြထားသည့်အတိုင်း New -> Library ကို ရွေးချယ် ဖန်တီးပါ။ရရှိလာသည့် subsystem blocks 2 ခုကို new library ပေါ်သို့ ဆွဲတင်လိုက်ပါ။ ထို့နောက် အောက်ပါအတိုင်း သတ်မှတ်နေရာတစ်ခုတွင် folder အသစ် ပြုလုပ်ကာ ownlib.mdl ဟူသော ဖိုင်အမည်ဖြင့် save လုပ်ပါ။

ထို့နောက် ၄င်း folder ထဲတွင် slblocks.m ဖိုင်တစ်ခုကို ပြုလုပ်ပါ။ ၄င်းဖိုင်ထဲတွင် အောက်ပါ ပုံအတိုင်း ရေးသားပါ။ ၄င်းတွင် ပါဝင်သော ‘ownlib’ ဆိုသော စာသားများသည် save လုပ်ထားသော model file (ownlib.mdl) ကို ဆိုလိုသည်။ ၄င်းစာသားများတွင် မျက်တောင် အဖွင့်အပိတ် ပါရန် အလွန်အရေးကြီးပါတယ်။ ကျွန်တော်လုပ်စက မေ့ကျန်ခဲ့သဖြင့် ၃ နာရီလောက် ပျားတုတ်ခဲ့ဘူးပါသည်။ ‘My Own Library’ ဆိုသည့်နေရာတွင် သင် ကြိုက်နှစ်သက်ရာ အမည် ပေးနိုင်ပါသည်။ ၄င်းသည် Simulink library များကို browse လုပ်ရာတွင် မြင်ရမည့် အမည် ပင် ဖြစ်ပါသည်။

ထို့နောက် လုပ်စရာ တစ်ချက်သာကျန်ပါတော့သည်။ ၄င်းမှာ Matlab Path ထဲတွင် မိမိတို့ ပြုလုပ်ထားသော library ပါရှိသည့် folder ကို ထည့်သွင်းပေးရန်ဖြစ်သည်။ File -> Set Path ကိုသွားပါ။ အောက်ပါပုံအတိုင်း မိမိတို့ ပြုလုပ်ထားသော folder path ကို ပြသရွေးချယ်ပေးပြီး OK ကိုနှိပ်ပါ။ ထို့နောက် save (ပုံ-၇) ပြုလုပ်ပါ။ ထိုနောက် Simulink library ကို စတင်လိုက်သည့်အခါတွင် သင်ပြုလုပ်ထားသော My Own Library ကို (ပုံ-၈) အတိုင်း တွေ့ရမည်ဖြစ်ပြီး စတင် အသုံးပြုနိုင်ပါပြီ ခင်ဗျား။




Please Share This Post

Share on Facebook Plus on Google+