ပြန်လည်ဆွေးနွေးချက်များ

အဲ ကို.... ဆိုသူက လင့်ပေးလာလို့ ဒီပို့စ် ကို သိလိုက်ပါတယ်။ ကျွန်တော်တို့ ဆိုဒ်ကို ဦးတည်ရေးတယ် ဆိုတဲ့ အတွက် အနည်းငယ် ရှင်းပြချင်ပါတယ်။
၁။ ရုရှ-မြန်မာ အဘိဓါန်ကို အချိန်ယူပြီး နည်းနည်းချင်းလုပ်နေရပါတယ်။ အများစုက အချိန်ပြည့် ကျောင်းတက်နေကြရလို့ပါခင်ဗျာ။
၂။ ကျွန်တော်ရေးတာ အချိန်သိပ်မပေးနိုင်တာရယ်၊ အရေးအသား ညံ့တာရယ်ကြောင့် ဘာမှ မသိတဲ့ သူတွေ ဘာမှ မသိတာကို တောင်းပန်ပါတယ်။ ပရို တစ်ယောက်အတွက် အသုံးဝင်တဲ့ information မပေးနိုင်သေးတာကိုလည်း ၀မ်းနည်းမိပါတယ်။ ဒီ Matlab ဖိုင်လေးက Simulink model က လိုအပ်တဲ့ parameter လေးတွေကို လွယ်အောင် တစ်ခါတည်း တွက်ပေးတာမို့ အင်မတန်ရိုးစင်းပြီး အခြေခံကျပါတယ်။ အဲဒီ Simulink model လေးက အင်မတန်ရိုးစင်းပေမယ့် 3rd year student တွေကို induction motor တစ်လုံးကို mathematical modeling ဘယ်လိုလုပ်ရတယ် အဲဒီ mathematical equations တွေကို Simulink modeling သုံးပြီး ဘယ်လို transient analysis လုပ်ရတယ်ဆိုတာကို အလွယ်ဆုံး၊ အရှင်းဆုံး လုပ်ထားတဲ့ မိုဒယ်လေးပါ။ ဒါလေးနဲ့ ပဲ 3rd year student တွေကို ဒီမှာ virtual lab လုပ်ပေးပါတယ်။ တစ်ကယ့် ပညာရှင်ဆိုရင် ဘယ်ပညာရပ်တစ်ခုကိုမှ ကလေးကစားစရာလို့ ထင်မယ်လို့ မထင်မိပါခင်ဗျာ။ သူ့ လယ်ဗယ်နှင့် သူ အသုံးဝင်တာချည်းပါ။
၃။ နောက်တစ်ခုက တော့ အကြောင်းမသိသေးလို့ ပြောတယ်လို့ပဲ ယူဆပါတယ်။ အချိန်က စကားပြောပါလိမ့်မယ်ခင်ဗျာ။
၎။ စာအုပ်များကို ထောင်နှင့်ချီပြီး ပေးမယ်ကြားလို့ ၀မ်းသာပါတယ်။ ကျေးဇူးလဲတင်ပါတယ်။ လိုလဲ လိုချင်ပါတယ်။ ကိုယ်နဲ့ သိပ်မဆိုင်ပေမယ့် digital library တစ်ခုလုပ်နေတာမို့လို့ပါ။ ဘယ်လို ယူရမလဲ ဆိုတာ သိပါရစေခင်ဗျာ။
၅။ ဒီဘလောက်ကို ဖတ်ခြင်းအားဖြင့် ရိုဘော့တစ် လုပ်နေတဲ့ ပညာရှင်တစ်ယောက်မှန်း သိလိုက်ရပါတယ်။ ကျွန်တော်က မော်တာကို ဒီဇိုင်းလုပ်ပါတယ်။ transient analysis နဲ့ thermal analysis လုပ်ပါတယ်။ ကွန်ထရိုးက ကျွန်တော့် အပိုင်းမဟုတ်ပါ။ အနည်းငယ်ကိုပဲ ပရိုဂရမ်းမင်း သုံးပါတယ်။ ကျွန်တော်လိုအပ်သလောက်တော့ ရပါတယ်ခင်ဗျာ။ ၇ တန်းကျောင်းသားလောက်တော့ မကဘူးလို့ ထင်မိပါတယ်။ အဲဒီမှာ ရေးတာတွေနဲ့ ကျွန်တော် အခုလုပ်နေတာတွေက သိပ် မဆိုင်ဘူးလို့ ထင်ပါတယ်။ ပညာရပ်တိုင်းမှာ သူ့ အထာ၊ သူ့ သီအိုရီနဲ့ သူ ရှိမယ်လို့ ထင်ပါတယ်။
၆။ သူများထက်ပိုတတ်တယ် မတတ်ဘူးဆိုတာထက် ကိုယ်တတ်သမျှလေးနဲ့ ပြည်သူတွေ တကယ်လိုအပ်မယ့် ကွက်လပ်ကို ဖြည့်ပေးချင်မိပါတယ်။
၇။ ဒီဘလောက်မှာ ရေးနေတဲ့ စာရေးသူ အများစုဟာ ရုရှက မဟုတ်ကြပါဘူး။ အရပ်သား ပညာရှင်များသာ ဖြစ်ပါတယ်။
၈။ ပုဂ္ဂိုလ်ရေး ဆန်တဲ့ ဝေဖန်မှုတွေ များများလုပ်မယ့် အစား နည်းပညာသန့်သန့်ကို ရေးစေ၊ ဆွေးနွေးစေချင်ပါတယ်။ ပုဂ္ဂိုလ်ရေး မုန်းတီးမှုဟာ မည်သူ့ကိုမှ ကောင်းကျိုး မဖြစ်စေနိုင်ပါခင်ဗျာ။ နည်းပညာသန့်သန့်ကို ဆွေးနွေးမယ်ဆိုရင်တော့ ၀မ်းမြောက်စွာနဲ့ ကြိုဆိုပါတယ်။ လက်တွေ့ လုပ်ငန်းခွင်က အတွေ့ အကြုံများကိုလည်း မေးမြန်းချင်ပါတယ်ခင်ဗျာ။

Please Share This Post

Share on Facebook Plus on Google+

2 ယောက်က ဒီလိုပြောတယ်

4 Apr 08, 21:00
countrybuilder: ဒီအစိုးရနဲ့ ကင်းကင်းရှင်းရှင်းနေကြဘို့ နည်းလမ်းရှာကြပါလို့ ကျွန်တော်တိုက်တွန်းလိုပါတယ်ခင်ဗျား
4 Apr 08, 20:59
countrybuilder: ကျွန်တော် မုန်းတာ သေးသေးလေးရှိပါသေးတယ်ခင်ဗျား။ နည်းပညာသန့်သန့် ခေါင်းစဉ်တစ်ခုလောက်တော့ တင်လိုက်ပါ့မယ်။ ကျေးဇူးတင်ပါတယ်။ နိုင်ငံကို တစ်ကယ်ချစ်ရင် ဒ
4 Apr 08, 20:58
countrybuilder: ဒီအကြောင်းအရာတွေကို ကြည့်ရင် ဒီစစ်အစိုးရကို ပြည်သူတွေ ဘယ်လောက်မုန်းတီးနေသလဲဆိုတာ သဘောပေါက်လိုက်ပါ
4 Apr 08, 20:56
countrybuilder: စာအုပ်တွေကိုတော့ ကျွန်တော် ၀က်ဘ်ပေါ်ပြောင်းတင်ပြီးရင် လိပ်စာပေးလိုက်ပါ့မယ်
4 Apr 08, 20:55
countrybuilder: ကျွန်တော်တို့ စစ်တပ်ထဲ ၀င်ဘို့ အခွင့်အရေးရှိခဲ့ပါတယ်။ ဒါပေမယ့် စစ်ထဲဝင်မယ့်အစား အပြင်မှာ အငတ်ခံပြီးတော့ ဆန်ပြုတ်သောက်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြတဲ့သူတွေပါ။
4 Apr 08, 20:54
countrybuilder: ကျွန်တော်တို့ လူတစ်ဦး တစ်ယောက်ကို ဦးတည်တိုက်ခိုက်နေတာ မဟုတ်ပါဘူး။ မတရားတဲ့ စံနစ်တစ်ခုရဲ့ ဘက်တော်သားတစ်ယောက်ကို တိုက်ခိုက်နေတာဖြစ်ပါတယ်
4 Apr 08, 20:51
countrybuilder: မြန်မာနိုင်ငံရဲ့ အခြေအနေကတစ်ကယ် ရန်၊ ငါ ပြတ်မှကို ရမှဖြစ်တော့မယ့် အခြေအနေမျိုးမို့ပါ။
4 Apr 08, 20:50
countrybuilder: အရပ်သားပညာရှင်တွေရေးပေမယ့် ဘလူးဖီးနစ်ကတော့ ရုရှားကဆိုတာ သေချာပါတယ်
4 Apr 08, 20:49
countrybuilder: ကျွန်တော်တို့အနေနဲ့ ညှိယူလို့မရတော့တဲ့ အခြေအနေကို ရောက်သွားတာ စိတ်မကောင်းပါဘူး။

ဘယ်နားကနေများ တည်ဆောက်နေပါလိမ့် :P