အတွေ့အကြုံများ ၁

ကျွန်တော် ဒီရက်ပိုင်းတွေမှာ မာစတာနဲ့ ဘွဲ့လွန် စာတမ်းများ ပြုစု လုပ်ကိုင် ခဲ့တာကို ပြန်လည် သုံးသပ် နေမိပါတယ်။ ကျွန်တော်တို့ဟာ MPEI ကျောင်းမှာ ပထမဆုံး ဘွဲ့လွန် တက်နေရတာ ဖြစ်တဲ့ အတွက် အားနည်းချက်၊ ချွတ်ယွင်းချက်တွေ ရှိခဲ့ ရပါတယ်။ ဒါကြောင့် နောင်လာနောက်သား ညီငယ်ကျောင်းသားများ ကျွန်တော်တို့ ကဲ့ သို့ လိုအပ်ချက်များ မဖြစ်ရလေအောင် ပြောပြချင်စိတ်များ ဖြစ်လာမိပါတယ်။ ဒါ့ အပြင် တခြား အရပ်ဒေသများမှ ပညာရှာနေကြတဲ့ ကျောင်းသား၊ ကျောင်းသူများပါ လေ့လာနိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒါကြောင့် သိရှိပြီးသား ပညာရှင်များအနေနဲ့ သီးခံ ဖတ်ရှုပေးကြပါလို့ မေတ္တာ ရပ်ခံလိုပါတယ်ခင်ဗျား။
ပညာသင်ကြားတဲ့ နေရာမှာ နည်းလမ်း အသွယ်သွယ် ရှိပါတယ်။ ဘယ်နည်းကို သုံးမလဲ ဆိုရင် ကိုယ့် အနေနဲ့ အလွယ်ကူဆုံးနဲ့ ရေရှည်သုံးလို့ ဖြစ်မဲ့ နည်းလမ်းမျိုးကို ရွေးချယ်စေချင်ပါတယ်။ ကျောင်းသား တစ်ယောက်နဲ့ တစ်ယောက်ဟာ စွမ်းဆောင်မှုချင်း၊ စိတ်ပါဝင်စားမှုချင်း၊ နားလည် သဘောပေါက်မှုခြင်း၊ မတူကြပါဘူး။ တစ်ချို့ကျောင်းသားများအနေနဲ့ ပညာကို နားလည်လွယ်၊ တတ်လွယ်ပါတယ်။ တစ်ချို့ က သဘောပေါက် မလွယ်ပါဘူး။ ဒါပေမယ့် အဲလို လူတွေကို အထင်သေးလို့ မရပါဘူး။ ကမ္ဘာကျော် သိပ္ပံပညာရှင်များထဲမှာ အဲလို လူမျိုးတွေ အများကြီးပါနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ပညာရပ်ကို သဘောပေါက်ရာမှာ အမျိုးမျိုးရှိပါတယ်။ အပေါ်ယံ ပြောလို့ ရယုံ သဘောပေါက်တာနဲ့ နှစ်နှစ်ကာကာ ဖမ်းဆုပ်မိသွားတာ ဆိုပြီး ၂ မျိုး ရှိပါတယ်။ အတော်များများကတော့ အပေါ်ယံကို သဘောပေါက် လွယ်ကြပါတယ်။ တကယ်က အဲဒီလောက်နဲ့ ရောင့်ရဲမနေကြပဲနဲ့ အနှစ်သာရကို ဆုပ်ကိုင်မိအောင် ကြိုးစားသင့်ပါတယ်။
သတင်း နဲ့ ဆက်သွယ်မှုနည်းပညာတွေ တိုးတက်မြင့်မားလာတာနဲ့ အမျှ ပညာရပ်တွေရဲ့ ပျံ့နှံ့ရောက်ရှိမှုနှုန်းထား ပိုမိုမြန်ဆန်လာပါတယ်။ မုန်တိုင်းတိုက်သလို မြန်ဆန်လွန်းလှပါတယ်။ စာသားတွေ ရုပ်ပုံတွေတင်သာမက အသံ၊ ဗီဒီယို စတာတွေနဲ့ ကျူတိုရီယယ်တွေ၊ လက်ချာတွေ ပေါ်ပေါက်လာပါတယ်။ ဒီတော့ ယနေ့ခေတ် ကျောင်းသားအများစုက အတော်များများကို ကြားဖူးနားဝတော့ ရှိနေတတ်ကြပါတယ်။ ဒါဟာ ပညာသင်ကြားရေးအတွက် အင်မတန်ပဲ အထောက်အကူ ပြုပါတယ်။ ဆက်သွယ်ရေး ကောင်းမွန်တဲ့ မြို့ပြက ကျောင်းသားတွေနဲ့ ဝေးလံခေါင်သီတဲ့ ကျေးလက်က ကျောင်းသား အများစု ရဲ့ ကွာခြားချက်က အဲဒီအချက်ပဲ ဖြစ်ပါတယ်။ ခုလို အင်တာနက်ခေတ်ကြီးမှာလည်း အင်တာနက် ရှိတဲ့ သူနဲ့ မရှိတဲ့ သူ ကွာခြားချက်က မြို့နဲ့ ကျေးလက် တွေ ကွာခြားတာထက်ကို အဆပေါင်းများစွာ ပိုမိုကျယ်ပြန့်လာပါတယ်။ အဲဒါကြောင့် နည်းပညာ ကွာဟမှုတွေ ဖြစ်လာမှာကို ပညာရှင်များက စိုးရိမ်နေကြရပါတယ်။ ပညာရေး စံနစ်ကလည်း ကျောင်းပရ၀ုဏ် အတွင်းမှာသာ ပညာရနိုင်တယ်ဆိုတဲ့ ဘောင်တွေကို ရိုက်ချိုးလာကြပါတယ်။ အကန့်အသတ်မဲ့ ပညာရေးမျိုးတွေ ဖြစ်တည်လာပါတယ်။ အဝေးသင်ပညာရေးတွေ ထွန်းကားလာပါတယ်။
ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးတွေလည်း ရှိလာပါတယ်။ ဒီလို ဆိုးကျိုးတွေကို ရှောင်ရှားပြီး နည်းပညာဆိုတာ ထိရောက်အောင် အသုံးချတတ်ဖို့ တော့ လိုလာပါတယ်။ ကျွန်တော် အဓိက ပြောပြချင်တာက ပညာရှာနေကြတဲ့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ နည်းပညာတွေ ကို ပညာရေးမှာ ဘယ်လို ထိရောက်အောင် သုံးရမယ်ဆိုတာပါပဲ။
ကျွန်တော်နဲ့ ရင်းနှီးတဲ့ ကျောင်းသားများကို လေ့လာသုံးသပ်မှုတွေ လုပ်ကြည့်ပါတယ်။ စကားပြောရင်း မေးခွန်းလေးတွေ မေးကြည့် ပြောကြည့်ပြီး ယနေ့ခေတ် နည်းပညာတွေကို သူတို့ ဘယ်လိုသုံးနေသလဲဆိုတာကို လေ့လာမိပါတယ်။ အဲဒီအချက်တွေဟာ ကျောင်းသား အနည်းငယ်ဆီကသာ ရလာတဲ့ ဆန်းစစ်ချက်တွေ ဖြစ်တဲ့ အတွက်ကြောင့် အကြမ်းဖျင်းဆန်လွန်းမှာပါ။ ဒါပေမယ့် လေ့လာလို့ ရအောင် တင်ပြချင်ပါတယ်။
ကျွန်တော်သိထားတဲ့ ကျွန်တော်အပါအ၀င် ကျောင်းသားအများစုမှာ အတော်လေးကို ကောင်းတဲ့ ကွန်ပြူတာတွေ၊ အင်တာနက်တွေ လူတိုင်းလောက်နီးနီး ရှိပါတယ်။ ကျွန်တော်တို့တွေ ဒီကွန်ပြူတာလေးနဲ့ ဘာများလုပ်ကြသလဲ။ ဆန်းစစ်ကြည့်ကြရအောင်။
ကျောင်းသားအများစုဟာ မိဘ၊ ဆွေမျိုးတွေ၊ မိမိတို့ ချစ်ခင်သူတွေနဲ့ ခွဲခွာနေခဲ့ကြရပါတယ်။ ဒါကြောင့် သူတို့ နဲ့ အဆက်အသွယ်ရဖို့ ကြိုးစားကြပါတယ်။ အတော်များများက အင်တာနက်က တစ်ဆင့် ဆက်သွယ်ကြပါတယ်။ အဓိက အချက်က ဈေးသက်သာလို့ပါပဲ။ ဖုန်းဖိုးမတတ်နိုင်တဲ့ ကျွန်တော်တို့ အတွက် အင်တာနက်က အဓိက ဆက်သွယ်ရေးလမ်းကြောင်းလည်း ဖြစ်ပါတယ်။ နောက်တစ်ခုက ပညာသင်တဲ့အခါမှာ ကျောင်းစာတစ်ခုတည်းသာမက တက္ကသိုလ်မှာ လူပေါင်းစုံ၊ အလွှာပေါင်းစုံနဲ့ ဆက်ဆံမှု ဒါမှမဟုတ် ဆိုရှယ်လိုက်ဖ် တစ်ခုကို စတင်ဖို့ လိုအပ်ပါတယ်။ ဒါကလဲ ပညာရှာတာလောက်နီးနီး အရေးကြီးပါတယ်။ လူအမျိုးမျိုး၊ အတွေးအခေါ်အယူအဆ အမျိုးမျိုးနဲ့ ထိတွေ့ဖူးပြီး၊ ကိုယ့်ခံယူချက်၊ ရည်မှန်းချက်တွေကို အဲဒီ ဆိုရှယ်လိုက်ဖ်မှာ မှတ်ကျောက်တင်ခွင့် ရနိုင်မှာဖြစ်ပါတယ်။ ပြည်ပရောက်နေတဲ့ ကျောင်းသားတွေ အတွက်ကတော့ လူတန်းစားပေါင်းစုံနဲ့ ဆွေးနွေးတွေ့ဆုံနိုင်ဖို့ အခွင့်အရေးဟာ virtual life တစ်ခုမှာသာ ရနိုင်ပါတယ်။ ဒါကြောင့် အင်တာနက်ကို အသုံးပြုပြီး ချက်တက်ကြ၊ ဆက်သွယ်ကြရပါတယ်။ မိတ်သစ်ဆွေသစ်တွေနဲ့ ငြင်းကြ၊ ခုန်ကြ၊ ဆွေးနွေးကြပြီး တကယ့်ဘ၀မှာ သေချာတဲ့ လမ်းကြောင်းတစ်ခု တည်ဆောက်ဖို့ရာ ကြိုတင် ပြင်ဆင်ကြရပါတယ်။ တစ်ချို့က အဲဒါကိုပဲ တစ်ကယ့်ဘ၀ လို့ ထင်သွားတတ်ကြပါတယ်။ သတိနဲ့ ဆင်ခြင်ဖို့လိုပါတယ်။
နောက်တစ်ချက်က သတင်း နဲ့ ဖျော်ဖြေရေးအတွက် အသုံးပြုတာပဲ ဖြစ်ပါတယ်။ ဘောလုံးပွဲ တွေကို အင်တာနက်ကတစ်ဆင့် လိုက်ဖ် ကြည့်နိုင်သလို၊ ရုပ်ရှင်၊ သီချင်း စတာတွေကိုလည်း အင်တာနက်ကပဲ ဆွဲယူကြည့်ရှုနေကြပါတယ်။ ကွန်ပြူတာဂိမ်းတွေကလဲ လူငယ်ကျောင်းသားတွေကို အင်မတန် ဆွဲဆောင်နိုင်ပါတယ်။ တစ်ချို့ဂိမ်းတွေဆိုရင် သမိုင်းနဲ့ ပက်သက်တဲ့ အချက်အလက်တစ်ချို့၊ ကမ္ဘာ့ ပထ၀ီဝင်နဲ့ ထင်ရှားတဲ့ အချက်အလက်တစ်ချို့ကို ဂိမ်းဆော့ရင်း ရရှိနိုင်ပါတယ်။ တစ်ချို့ဂိမ်းတွေကလည်း စီမံခန့်ခွဲမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ဖြတ်ထိုးဥာဏ် စတာတွေကို ကစားရင်း လေ့ကျင့် နိုင်ပါတယ်။ ဒါပေမယ့် သေချာတာက အချိန်ကုန်ပြီး၊ မျက်စိက ထိခိုက်စေတာပါပဲ။
ကဲ ပညာရေးအတွက်ရော ဘာတွေ သုံးကြသလဲ။ မဖြစ်မနေ သုံးကြရတဲ့ သင်ရိုးညွှန်းတမ်း အတွင်းက study softwares တွေဖြစ်တဲ့ mathcad, Matlab, PCAD, ORCAD, AutoCAD, .NET,…. စတာတွေကို သုံးနေကြပါတယ်။ စာအုပ်စာတမ်းတွေကိုတော့ ဖိုရမ်တွေ၊ ဂူဂယ် ကနေ ရှာကြပါတယ်။
အဲဒီမှာ အဓိက ခေါင်းစဉ် ၃ မျိုး နဲ့ သုံးစွဲနေကြပေမယ့် တကယ်တမ်း အချိုးချ ကြည့်လိုက်ရင် ပညာရေးကို ထိရောက်အောင် သုံးစွဲနိုင်တာ နည်းပါးပါတယ်။ အများစုက ဆက်သွယ်ရေးနဲ့ ဖျော်ဖြေရေးမှာ ပိုပြီး ထိထိရောက်ရောက် သုံးနေကြတာကို လေ့လာတွေ့ရှိရပါတယ်။ ပညာရေးအတွက် သုံးစွဲနေတာဟာ မာစတာ ကျောင်းသားများ အတွက် အရမ်းကို အချိုးအစား နည်းနေသေးတာကို တွေ့ရပါတယ်။ အဓိက လိုအပ်ချက်က ဘယ်လို သုံးရမယ်ဆိုတာကို ဗဟုသုတ နည်းတာပါပါတယ်။ ကျောင်းသား တော်တော်များများဟာ ကွန်ပြူတာနဲ့ အင်တာနက်ကို ဒီရောက်မှ ကောင်းကောင်း စသုံးဖူးကြတာ များပါတယ်။ ဒါကြောင့် အဲဒီ အချက်တွေကို သိပ်မသိကြပါဘူး။ ဒါကြောင့် ကျွန်တော်သိသလောက်လေး ဝေမျှပေးချင်ပါတယ်။ သိပြီးသားဆိုလဲ ကျော်ဖတ်သွားပါလို့ တောင်းပန်ပါတယ်။ လိုနေတာလေးတွေကို လဲ ကွန်မန့်မှာ ဖြည့်ပေးခဲ့စေချင်ပါတယ်ခင်ဗျာ။
စာအုပ်တွေ စုတဲ့ အကြောင်းလေးကို နဲနဲ ပြောပြချင်ပါတယ်။ ကျွန်တော်တို့ မာစတာ စ တက်ခါစက အင်တာနက်ဆိုတာ အတော်လေးကို ခဲယဉ်းပါတယ်။ လိုင်းဖုန်းကို ဈေးကြီးကြီးနဲ့ လျောက်ပြီး အဲဒါနဲ့ အင်တာနက်ကို ခိုးသုံးကြရပါတယ်။ တစ်ခါက မိသွားတာနဲ့ ခေါ်သတိပေးတာ ခံလိုက်ရပါတယ်။ နောက်ဆုံး LAN စံနစ်ပေါ်လာလို့ စသုံးကြပါတယ်။ 20Mb ကို 10$ ဆိုတော့ အတော်လေးကို ဈေးကြီးပါတယ်။ အဲဒီတုန်းက စာအုပ်တွေကို အင်တာနက်မှာ ရတယ်ဆိုတာ စသိလိုက်တော့ လောဘတကြီး စုမိတာ တစ်လ ကို ဒေါ်လာ ၄၀-၅၀ လောက် ထိပါတယ်။ အငတ်ခံပြီး လုပ်ရတာပါ။ အဲဒီလောဘ က ခုထိ မသေသေးပါ။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာနေတုန်းက original စာအုပ်တွေကို မ၀ယ်နိုင်လို့ အင်းဝ မှာသွားပြီး မတ်တပ်ရပ်ပြီး တနေ့လုံးဖတ်ခဲ့ရလို့ပါပဲ။ ကိုယ့်အတွက် မပက်သက်ရင်တောင် တကယ်ကောင်းမှန်းသိရင် စုထားမိပါတယ်။ လိုတဲ့ လူ ပေါ်လာနိုးနဲ့ပေါ့။ ပထမ စစချင်းတုန်းက www.google.com ကို ပဲ အဓိက သုံးပြီး ရှာဖြစ်ပါတယ်။ ရုရှ စာအုပ်တွေဆို www.yandex.ru မှာ ရှာပါတယ်။ ကွန်ပြူတာ စာအုပ် တော်တော်များများကို အဲဒီကနေ ရှာပြီး စုခဲ့ပါတယ်။ နောက်ပိုင်းမှာ www.nativemyanmar.com မှာ ကို KalvinAlexander နဲ့ အခြားမြန်မာများ ပြောပြလို့ www.projectw.org www.forumw.org www.blueportal.org http://betah.co.il/BooksCatalog.aspx?category=journals www.warez-bb.org www.forumw.org www.gigapedia.org စတာတွေမှာ မင်ဘာဝင်ပြီး စာအုပ်တွေ ရှာတတ်ခဲ့ပါတယ်။ အဲဒီက စပြီး အင်တာနက်မှာ ရှိတဲ့ ကွန်မြူနီတီ တွေရဲ့ ပါဝါကို စသိလာခဲ့ပါတယ်။ group အမျိုးမျိုးမှာ မန်ဘာတွေ ၀င်ခဲ့ပါတယ်။ ကိုယ်တိုင်လဲ ဂရုတွေ လုပ်ခဲ့ဘူးပါတယ်။ အဲဒီတုန်းကထဲက ဘလောက် ကို စလုပ်ခဲ့ပေမယ့် မြန်မာလို မလုပ်တတ်တာနဲ့ ခန ရပ်ထားခဲ့ပါတယ်။ yahoo group, google group တွေက ရတဲ့ စာအုပ်တွေ၊ ပညာရပ်တွေ အများကြီး ရှိခဲ့ပါတယ်။ googel group တစ်ချို့ က အခုထိ ထိရောက်တဲ့ information တွေ ပေးနေဆဲပါ။ google ရဲ့ အင်အား တဖြည်းဖြည်းကြီးလာတာနဲ့ အမျှ google ကို အမျိုးမျိုး စမ်းသုံးနေတဲ့ ကျွန်တော်တို့ တွေကို အကျိုးပြုလာပါတယ်။ ကျွန်တော် အဓိက ကြုံနေရတဲ့ ပြဿနာက အင်ဂျင်နီယာရင်း နဲ့ ပက်သက်တဲ့ စာအုပ်တွေကို အဲဒီတုန်းက အရမ်းကို ခက်ခက်ခဲခဲ ရှာနေရတာပါပဲ။ များသောအားဖြင့် စာတမ်းလေးတွေက အစ ဒေါ်လာ ၃၀-၄၀ တောင်းတာကို ခံရပါတယ်။ projectw က စာအုပ်တွေ တစ်ချို့ရပေမယ့် မာစတာ သီးစစ် လုပ်ရလောက်အောင် မလုံလောက်ပါ။ အဲဒီအချိန်မှာ MIT က သီးစစ်တွေ http://dspace.mit.edu/ နဲ့ OCW http://ocw.mit.edu/OcwWeb/web/home/home/index.htm တွေကို လေ့လာလို့ ရမှန်း စသိလိုက်ပါတယ်။ အဲဒီကနေ သီးစစ်တွေ တော်တော်များများကို လေ့လာခွင့် ရလိုက်ပါတယ်။ ရုရှ စာအုပ်တစ်ချို့ကိုလည်း www.ebdb.ru ကနေ ရလိုက်ပါတယ်။ အခုအချိန်မှာ ကျွန်တော် ၆နှစ်လောက် စုဆောင်းထားတဲ့ စာအုပ်ပေါင်း 120 Gb လောက်ရှိပါပြီ။ များသောအားဖြင့် အင်ဂျင်နီယာ+ကွန်ပြူတာ နဲ့ ပက်သက်တဲ့ စာအုပ်စာတမ်းများဖြစ်ပါတယ်။ အဲဒီစာအုပ်များကို Digital library လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ လိုချင်သူ မည်သူ့ကိုမဆို လက်လှမ်းမီရင် ပေးကူးမှာ ဖြစ်ပါတယ်။ စာကြည့်တိုက်များ၊ တက္ကသိုလ်များနဲ့ ဆက်သွယ်ပြီး လှူဒါန်းသွားဖို့ လဲ စီစဉ်နေပါတယ်။ သီးစစ် တစ်ချို့နဲ့ စာအုပ်စာတမ်းများကို စကန်နာဖတ်ပြီး စုဆောင်းထားရှိပါတယ်။ စာအုပ်အားလုံးကို အမျိုးအစားအလိုက် သီးသန့် စီစစ်ထားသော်လည်း စာကြည့်တိုက်တစ်ခုကဲ့သို့ အမျိုးအစားခွဲရန် မတတ်နိုင်ဘဲ ဖြစ်နေပါသေးတယ်။ ဒါကြောင့် စတင် စုဆောင်းစဉ်ကထဲက hard disk ကြီးကြီးမှာ တစ်ခါတည်း နေရာ အသေချပြီး digital library software တစ်ခုခုကို သုံးပြီး စံနစ်တကျ လုပ်စေချင်ပါတယ်။ အဲဒီ ဒေတာဘေ့စ် စံနစ်က အချိန်အရမ်းကိုပေးရပါတယ်။ အမည်ပေးတာက အစ စံနစ်တကျ စာကြည့်တိုက်တွေမှာသုံးတဲ့ စံနစ်မျိုး လုပ်နိုင်ရင် အကောင်းဆုံးပါပဲ။ filename ကို ကြည့်ရုံနဲ့ ဘာအမျိုးအစား ဆိုတာ တန်းသိဖို့ လိုပါတယ်။ များလာ၇င် နေရာရွှေ့ဖို့ နဲ့ ပြန်ပြင်ဖို့ လဲ ခက်မယ်ထင်ပါတယ်။ digital library software ကို တော့ http://sourceforge.net/index.php မှာ open source များအနေနဲ့ ရှာဖွေ သုံးစွဲနိုင်ပါတယ်။ နောက်တစ်ခုက ကိုယ်ရှာထားတဲ့ စာအုပ်များ၊ စာစောင်များထဲမှ ကောင်းနိုးရာရာကို အင်တာနက်တွင် ပြန်လည်ဝေငှခြင်းဖြင့် တခြား ကျောင်းသားများကိုလည်း ကူညီကြစေချင်ပါသည်။ အခုအချိန်မှာ ပညာရေး ဘလောက်များ ပေါ်လာပြီး စာအုပ်များကိုလည်း ထိုဘလောက်များမှ ရယူနိုင်လာပါတယ်။ www.mmopenlibrary.com ကို စာအုပ်ရှာဖို့ နဲ့ ဝေငှဖို့ အတွက် ညွှန်းပါရစေ။
အင်ဂျင်နီယာရင်းစာအုပ်များကို အခု ကျွန်တော်ရှာတဲ့ နည်းလမ်းလေးတွေ ပြောပြပါမယ်။ ဒီထက်ပိုကောင်းမယ် ထင်တာလေးများ ရှိရင် ကွန်မန့် ပေးခဲ့ဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။
၁။ www.amazon.com မှာ မိမိလိုချင်တဲ့ စာအုပ် အတိအကျသိရင် ဖြစ်စေ။ keywords များ အသုံးပြု၍ဖြစ်စေ အဲဒီစာအုပ်(များ) ရဲ့ information ကို ရှာဖွေ စုဆောင်းရပါမယ်။ (keywords) များကို စာတမ်းများတွင် ပေးထားလေ့ရှိပါတယ်။ စုဆောင်းထားရန် လိုအပ်ပါတယ်)။ အဓိက ကျတဲ့ အချက်က စာရေးသူ တွေရဲ့ အမည်များဖြစ်ပါတယ်။
၂။ ကျွန်တော် အထက်ကပြောထားတဲ့ ထဲမှာပါတဲ့ ဖေါ်ရမ်များမှာ အဲဒီ information များကိုသုံးပြီး search လုပ်ပါတယ်။ အခြား ဖေါ်ရမ်များလည်း ရှာဖွေထားရန်လိုအပ်ပါတယ်။ စာအုပ်အများစုကို ဖိုရမ်များမှ ရခြင်းဖြစ်ပါတယ်။ အကယ်၍ စာအုပ်ရလျင် တင်ပေးသူကို တစ်ခါ check လုပ်ပြီး သူရဲ့ information ကို စုံစမ်းရပါတယ်။ သူ့မှာ မတင်ပေးထားတဲ့ နောက်ထပ် စာအုပ်များ ရှိနိုင်ပါတယ်။ သူ့ကို မှတ်ထားရပါတယ်။
၃။သူရေးတဲ့ အခြား ပို့စ်များကိုလည်း လိုက်လံ ဖတ်ရှုရပါမယ်။ များသောအားဖြင့် ဒီနည်းနဲ့ စာအုပ် အစုလိုက် အပြုံလိုက် ရတတ်ပါတယ်။ စာအုပ်များကို ဆွဲချတိုင်း တင်ပေးသူကို ကျေးဇူးတင်စကား လေးလေးစားစား ပြောပါ။
၎။ စာအုပ်ပုံမှန်တင်ပေးသူများကို မိတ်ဖွဲ့ပါ။ source ကို စုံစမ်းပါ။ သူတို့ တင်ပေးသောစာအုပ်များတွင် သုံးသော password များသည် တစ်ခါတစ်ရံ စာအုပ် source များ ဖြစ်နေတတ်ပါသည်။
၅။ ထိုသူတို့ကို ပီအမ်ပို့ ၍ လိုအပ်သော စာအုပ်များကို လေးလေးစားစား တောင်းခံပါ။
၆။ ဖိုရမ်တွင် ပို့စ် တင်၍ တောင်းခံပါ။
ရ။ အခြားလူများတောင်းခံလာလျင် ကိုယ်က ပြန်တင်ပေးခြင်းဖြင့် ကူညီပါ။
၈။ အီးဘွတ် ရှယ်ယာပေးသော ဆိုဒ်များ၊ ဘလောက်များကို google reader တွင် Feed လုပ်ထားခြင်းဖြင့် အလွယ်တကူ စုဆောင်းနိုင်ပါသည်။
အထက်ပါ အချက်များသည် လူတိုင်း သိပြီးသား ရိုးစင်းသော အချက်များဖြစ်သော်လည်း စံနစ်တကျ ဆောင်ရွက်ပါက အလွန် အစွမ်းထက်သည်ကို လက်တွေ့ စမ်းသပ် နိုင်ပါကြောင်းခင်ဗျား။
Google ကိုသုံးပြီး ရှာတာလဲ ရှာတတ်ရင် အင်မတန်ကောင်းပါတယ်။ ဒီမှာ google ကနေ ရှာနည်းလေးသွား ဖတ်စေချင်ပါတယ်။ google က ဘယ်လို ဘာတွေ လုပ်နေလဲဆိုတာ သိချင်ရင်တော့ သူရေးတဲ့ ဆောင်းပါးလေးက ဒီမှာ ပါ သူ့ဆိုဒ် ကို သွားဖတ်မယ်ဆိုရင် အင်တာနက်ကို ဘယ်လို အကျိုးရှိရှိသုံးနိုင်တယ်ဆိုတာလေးတွေပိုသိနိုင်မယ်လို့ ထင်ပါတယ်။ သွားဖြစ်အောင် သွားဖတ်ကြပါဗျာ။

Please Share This Post

Share on Facebook Plus on Google+