ငြီးတွားခြင်း.....
နည်းပညာပိုင်းတွေကို ရေးရတာ အတော် လက်ပေါက်ကပ်ပါတယ်။ အဓိကက အချိန်အများကြီးပေးဖို့ လိုတာပါပဲ။ အီကွေးရှင်းတွေ ပုံတွေ လုပ်ရတာကလဲ မစားသာပါဘူး။ ကိုယ်လုပ်ထားသမျှကလဲ ရုရှဘာသာနဲ့ဆိုတော့ အကုန်ပြန်ပြန်လုပ်နေရတယ်။ နောက်တစ်ခုက ဘယ်လယ်ဗယ်ကို ရေးရင်ကောင်းမလဲ ဆိုတာ စဉ်းစားရတာ ခေါင်းစားပါတယ်။ အခု ဆောင်းပါးတွေ၊ စာတမ်းတွေ၊ စာမေးပွဲတွေ အတော်လေး ကိစ္စတွေ ပြတ်ပြီးလို့ သက်ပြင်း ချမလို့ ရှိသေး အကြိုစာတမ်းဖတ်ပွဲကို နောက်၂လ လောက်ဆို စမယ်ဆိုလို့ တစ်ခန်းလုံးရေးဖို့ လုပ်ဖို့ ကျန်နေသေးတာကြီးနဲ့တော့ သိပ်အားမယ် မထင်တော့ပါဘူး။ တကယ်ရေးချင်တာက သီအိုရီကို သီးစစ်လုပ်သလို အသေးစိတ် အတွက်အချက်တွေနဲ့ ရှင်းပြချင်ပါတယ်။ အဲဒါဆို တကယ်မလွယ်ဘူး။ ရေးလက်စတွေ ရှိတယ်။ ဒါပေမယ့် ပြီးမယ်မထင်ဘူး။ ဆောင်းပါး တွေကို ပြန်ရေးရင်လဲ ဘာတွေ က ဘယ်လိုဖြစ်လာတယ်ဆိုတာကို အတော်လေးပြောယူရမယ်။ သီးစစ် ထဲက အကြောင်းအရာတွေ တစ်ချို့ကို မရေးချင်သေးဘူး။ စာတမ်းမပြီးသေးပဲနဲ့ မို့ပါ။ basic လေးတွေ တစ်ချို့၊ ဗဟုသုတလေးတစ်ချို့ကို discovery video တွေကနေ နည်းနည်းချင်း ပြောပြ သွားရင် ကောင်းမလား စဉ်းစားမိပါတယ်။ ကျွန်တော်က စာရေးဖို့ ရေးကျင့် ကျင့်နေတုန်းဆိုတော့ ရေးတာတွေက ဘာတွေမှန်းမသိ ဖြစ်နေရင် တောင်းပန်ပါတယ်။ မော်တာဒီဇိုင်းကိုလဲ ဆက်ကို မရေးနိုင်တော့ဘူး။ တကယ်က အဲဒီ ဒီဇိုင်းလယ်ဗယ်က 4th year level ပါ။ ဒါပေမယ့် အဲဒါကိုပဲ နောက်ပိုင်း အသေးစိတ်လိုက်ပြီး ခြွင်းချက်တွေကို ထည့်စဉ်းစားသွားတာပါ။ ခုလုပ်နေတာက မော်တာကို အင်ဗာတာ (PWM) နဲ့ တွဲသုံးမယ်ဆိုရင် သာမာန် စီးရီး မော်တာတွေကို မသုံးပဲ optimize အဖြစ်ဆုံး မော်တာ ကို ဒီဇိုင်း အသစ်လုပ်ဖို့ပါ။ အသေးစိတ်ဒီဇိုင်းကို အောင်မြင်သွားရင် အဲဒီက ရလာတဲ့ physical size တွေသုံးပြီး transient နဲ့ thermal analysis ထပ်လုပ်မယ်။ ၂ လနဲ့ အသေအလဲ လုပ်ရမယ်ထင်ပါတယ်။ စာရေးကျဲရင် လာလည်ဖို့ မေ့မသွားကြပါနဲ့ဗျာ ။



0 ယောက်က ဒီလိုပြောတယ်:
Post a Comment