စကားတင်းတွေ ဘယ်လောက်ဆိုဆို ရည်ရွယ်ချက်မှန်တဲ့ ငါ့လမ်းကြောင်းကို နည်းနည်းလေးမှ မစောင်းစေရဘူး

Wednesday, April 23, 2008

Delete & Trim

ညီမလေး KPZ ရဲ့ ခွင့်ပြုချက်နဲ့ သူရေးသားထားခဲ့တဲ့ အော်တိုကတ် အခြေခံလေးများကို ပြန်လည် ကူးယူ ဖေါ်ပြပေးလိုပါတယ်။ မူရင်းကို ဖတ်ချင်တယ်ဆိုသူများကတော့ ဒီမှာ ဖတ်နိုင်ပါတယ် ခင်ဗျာ။

ပုံတစ်ပုံကို ဆွဲသားတဲ့အခါ ဆွဲနေရင် မလိုအပ်သော အရာသထ္တုများကို ဖျက်ပြစ်ခြင်း၊ မလိုအပ်သော အစိတ်အပိုင်းများကို ဖဲ့ထုတ်ခြင်းများ ပြုလုပ်လေ့ရှိပါသည်။ မလိုအပ်တဲ့ အရာဝထ္တုတစ်ခုလုံးကို ဖျက်ပြစ်ချင်ရင်တော့ အဲဒီ့အရာကို ရွေးချယ်ပြီး Keyboard က Delect ကို အသုံးပြု၍ဖြစ်စေ၊ Menu Bar မှ Modify မှ Erase ကိုရွေးချယ်၍ဖြစ်စေ၊ Modify Toolbar မှ Erase Button ကိုရွေးချယ်၍ဖြစ်စေ၊ မိမိအဆင်ပြေသလို အသုံးပြုနိုင်ပါတယ်။ အရာဝထ္တုတစ်ခုလုံး မဟုတ်ပဲ၊ တစ်စိတ်တစ်ပိုင်းကိုသာ ဖဲ့ထုတ်ချင်တယ် ဆိုရင်တော့ Trim ဆိုတဲ့ Command ကို အသုံးပြုပါတယ်။
Menu Bar >> Modify >> Trim
Toolbar >> Modify Toolbar က Trim Button ကိုရွေးချယ်ပါ
Command >> trim ( သို့မဟုတ် ) tr
Select Object : ဖျက်မည့် ဓါးအဖြစ် သုံးမည့် အရာသထ္တု
Select Object : ဖဲ့ထုတ်ခံမည့် အရာဝထ္တု

0 ယောက်က ဒီလိုပြောတယ်:

 
Clicky Web Analytics