Fillet & Chamfer

ညီမလေး KPZ ရဲ့ ခွင့်ပြုချက်နဲ့ သူရေးသားထားခဲ့တဲ့ အော်တိုကတ် အခြေခံလေးများကို ပြန်လည် ကူးယူ ဖေါ်ပြပေးလိုပါတယ်။ မူရင်းကို ဖတ်ချင်တယ်ဆိုသူများကတော့ ဒီမှာ ဖတ်နိုင်ပါတယ် ခင်ဗျာ။

ထောင့်မှန်စတုဂံ ဆွဲတုန်းက Chamfer နဲ့ Fillet ကို အနည်းငယ် လေ့လာပြီးပါပြီ။ အဲဒီတုန်းက ထောင့်မှန်စတုဂံရဲ့ ထောင့်တွေအားလုံးကို ပြုပြင်ဖန်တီးတာပါ။ အခု ထောင့်မှန်စတုဂံရဲ့ ထောင့်တစ်ခုချင်းကို ဖြစ်စေ အခြားအရာဝထ္တုများကို အနားလုံးခြင်း ထောင့်ချိုးခြင်းများကို လေ့လာကြရအောင်။

Menu Bar >> Modify >> Fillet
Toolbar >> Modify Toolbar က Fillet Button လေးကို ရွေးချယ်ပါ။

Command : F (သို့မဟုတ်) fillet
Select first object or [ undo/Polyline/Radius/Trim/Multiple ] : အနားလုံးမယ့် ပထမ အရာဝထ္တုကို ရွေးချယ်ခိုင်းတာပါ။ ဒါပေမယ့် ပုံဆွဲသူက အနားလုံးမဲ့ Radius ကို အရင်ဆုံး ရွေးချယ်ရပါမယ်။ ဒါကြောင့် Radius ( R ) ကို အရင်ဆုံး ရွေးချယ်ရပါမယ်Specify fillet redius <> : မိမိအနားလုံးလိုသော Radius ကိုပေးပါ
Select first object or [ undo/Polyline/Radius/Trim/Multiple ]; အနားလုံးမယ့် ပထမ အရာဝထ္တုကို ရွေးချယ်ပါ။
Select second object of shift-select to apply corner: အနားလုံးမယ့် ဒုတိယ အရာဝထ္တုကို ရွေးချယ်ပါ။

ထောင့်ချိုးခြင်းကို ဆက်လက်လေ့လာရအောင်။
Menu Bar >> Modify >> Chamfer
Toolbar >> Modify Toolbar က Chamfer လေးကို ရွေးချယ်ရအောင် ။

Command Line : chamfer ( သို့မဟုတ် ) cha
Select first line or [Undo/Polyline/Distance/Angle/Trim/mEthod/Multiple]:ထောင့်ချိုးခြင်း ပြုလုပ်ရန် Distance ကိုရွေးချယ်ပါက
ှSpecify first chamfer distance <>: ထောင့်ချိုးမည့် ပထမ အတိုင်းအတာ
Specify second chamfer distance <>: ထောင့်ချိုးမည့် ဒုတိယအတိုင်းအတာ
Select first line : ထောင့်ချိုးမည့် ပထမမျဉ်းကြောင်း
Select second line or shift-select to apply corner: ထောင့်ချိုးမည့် ဒုတိယ မျဉ်းကြောင်း

Please Share This Post

Share on Facebook Plus on Google+

2 ယောက်က ဒီလိုပြောတယ်

သိပြီးသားဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ မသိသေးတဲ့သူများနဲနဲအသုံးဝင်တဲ့ကိတ်စလေးပြန်မျှချင်လို့ပါ။ extend နဲ့ trim မသုံးပဲ မျဉ်းနှစ်ကြောင်းကို လှမ်းဆက်ချင်တဲ့အခါ chamfer distance ကို သုံည (0) ပေးပြီး တခါထဲနဲ့ လှမ်းဆက်လိုက်တာလဲ အသုံးကျတတ်ပါတယ်။

ကျွန်တော်က အဲဒါကို မသိလို့ ပြန်ပြန် ဖျက်ပစ်နေရတာ ကျေးဇူးတင်ပါတယ် ကိုလူသစ်ရေ