Line & Coordinate System

ညီမလေး KPZ ရဲ့ ခွင့်ပြုချက်နဲ့ သူရေးသားထားခဲ့တဲ့ အော်တိုကတ် အခြေခံလေးများကို ပြန်လည် ကူးယူ ဖေါ်ပြပေးလိုပါတယ်။ မူရင်းကို ဖတ်ချင်တယ်ဆိုသူများကတော့ ဒီမှာ ဖတ်နိုင်ပါတယ် ခင်ဗျာ။

AutoCAD ကိုဆွဲတဲ့အခါအရေးကြီးတဲ့ CoordinateSystem ကိုမျဉ်းကြောင်းဆွဲရင်းဖြင့် လေ့လာကြပါစို့။ မျဉ်းကြောင်း တစ်ခုဆွဲဖို့ အမိန့်ပေးကြရအောင်။
Draw Toolbar က ဒီပုံလေးကို ရွေးချယ်၍ဖြစ်စေ
Menu Bar ၏ Draw မှတဆင့် Line ကိုရွေးချယ်၍ဖြစ်စေ
Command Line မှ line ( သို့မဟုတ် ) L ဟုရိုက်၍ဖြစ်စေ အမိန့်ပေးလိုက်ပါက Command Area ထဲမှာ...
Specify first point : မျဉ်းစတင် ဆွဲသားလိုသော နေရာ ( x , y )
Specify next point : မျဉ်းအဆုံးသတ်လိုသော နေရာ ( x , y )
တလက်စထဲ မျဉ်းကြောင်း တစ်ကြောင်း ဆွဲသားခြင်းဖြင့် Coordinate System တွေကိုပါ လေ့လာကြရအောင်။ (-2,1) ကနေစပြီး ( 3,4) မှာဆုံးတဲ့ မျဉ်းတစ်ကြောင်း ဆွဲကြည့်ကြရအောင်။

Command Line : Line

Specify first point : -2,1

Specify next point: 3,4

ဒါဆိုရင် ပုံထဲကလို မျဉ်းကြောင်းတစ်ကြောင်း ဖြစ်လာမှာပါ။ ဒီမျဉ်းကြောင်းကို ဆွဲတဲ့အခါ အတိုင်းအတာတွေ အားလုံးကို ( 0,0 ) အမှတ်မှသာ တိုင်းတာ၍ ဆွဲသားထားပါတယ်။ ထိုကဲ့သို့ မူလ Original အမှတ်မှ တိုင်းတာခြင်းကို Absolute Coordinate System ဟုခေါ်ပါသည်။ သို့သော် ပုံများအားလုံးကို မူလအမှတ်မှသာ အမြဲတမ်း တိုင်းတာရန်မှာ မလွယ်ကူလှပါ။ ထို့ကြောင့် လက်ရှိ ရောက်ရှိနေသော နေရာမှ တိုင်းတာခြင်းမှာ ပို၍အဆင်ပြေစေပါသည်။


Command Area : Line
Specify first point: -2,1
Specify next point: @5,0
Specify next point: @0,3
Specify next point: c
@ ဟူသော သင်္ကေတသည် ဤနေရာမှနေ၍ဟု အဓိပါယ် သက်ရောက်ပါသည်။ ထိုသို့ နောက်ထပ် နေရာတစ်ခုသို့ ရောက်ရှိရန် လက်ရှိနေရာကို ဗဟိုပြု တိုင်းတာခြင်းကို Relative Coordinate System ဟုခေါ်ပါသည်။ နောက်တစ်ခု ကတော့ နောက်ထပ်နေရာ တစ်ခုကို Angle ဖြင့် ဖော်ပြခြင်း ဖြစ်ပါသည်။ နာရီလက်တံ၏ ဆန့်ကျင်ဘက် Counter Clockwise Direction အတိုင်းလည်ပတ်ပါတယ်။

ဒါကိုတော့ Polor Coordinate System လို့ခေါ်ပါတယ်။ တစ်ခြား Coordinate system တွေမှာ အကွာဝေးကို ( x,y ) လို့ရေးပေမယ့် Polor ကိုတော့ (Distance <>

Please Share This Post

Share on Facebook Plus on Google+

1 ယောက်က ဒီလိုပြောတယ်:

ခုလို CAD ကို အများအတွက် လေ့လာနိုင်အောင် ကြိုးစားဘာသာပြန်ပေးတဲ့ သူတွေ၊ ဒီ tutorials တွေကို ပြုစုသူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ အင်မတန်မှ ကောင်းတဲ့ web site လေးတခုပါဘဲ။ ကျွန်တော်လည်း CAD user တစ်ယောက်ပါ။ CAD နဲ့ပတ်သက်လို့ဘဲဖြစ်စေ၊ 3D max , Sketch Up တို့နဲ့ပတ်သက်လို့ဘဲဖြစ်စေ အတွေ့ကြုံချင်းမျှဝေချင်ပါတယ်။