စကားတင်းတွေ ဘယ်လောက်ဆိုဆို ရည်ရွယ်ချက်မှန်တဲ့ ငါ့လမ်းကြောင်းကို နည်းနည်းလေးမှ မစောင်းစေရဘူး

Sunday, June 15, 2008

First release - Beta version of bluephoenix Russian-Myanmar Dictionary

ကဲ ဒီနေ့တော့ အားလုံး မျှော်လင့် စောင့်စား နေတဲ့ ရုရှား-မြန်မာ အဘိဓါန်ကို အကြမ်းပြီး သွားတဲ့ အတွက် Beta version အနေနဲ့ စတင် ဖြန့်ဝေ လိုက်ပါတယ်။ Beta version ဆိုတဲ့ အတိုင်း အမှားအယွင်း လေးတွေ၊ အဆင်မပြေမှု လေးတွေ တော်တော် များများ ပါနေပါဦးမယ်။ အဲဒါကို စမ်းသပ် သုံးစွဲ ပေးရင်း ကူညီ စစ်ဆေး ပေးကြ စေချင် ပါတယ်။ အမှားများကို feed back ပေးတဲ့ အနေနဲ့ comment မှာ လာရောက် ရေးသား စေလိုပါတယ် ခင်ဗျာ။
အခု လောလောဆယ် ဒီ အဘိဓါန်လေးကို Lingvo dictionary မှာ ဘယ်လို Add လုပ်ပြီး အသုံးချရမယ် ဆိုတာကို အနည်းငယ် ရှင်းပြပါမယ်။ အဆင်မပြေတာ ရှိခဲ့ရင် အီးမေးလ် နဲ့ သော် ၄င်း comment မှာသော် ၄င်း မေးမြန်းနိုင်ပါတယ်။
ပထမဆုံး ကျွန်တော်တို့ လုပ်ထားတဲ့ MPEI Ru-Mm dict.lsd ဖိုင်လေးကို ဒီနေရာက ဒေါင်းလုပ် ရယူပါ။
ပြီးရင် ကိုယ်သိမ်းလိုတဲ့ နေရာမှာ folder လေးတစ်ခု ဆောက်ပြီး သတ်သတ်မှတ်မှတ် သိမ်းထားလိုက်ပါ။

Lingvo dictionary ကို ဖွင့်ပြီး Tools menu က Add Dictionary ကို ရွေးချယ်ပါ

မိမိ သိမ်းဆည်းထားတဲ့ အဘိဓါန် တည်နေရာကို ရှာပေးလိုက်ပါ။

ခုဆို အဘိဓါန် ကို သုံးဖို့ အသင့် ဖြစ်နေပါပြီ။

ပုံမှာ အဘိဓါန်ကို သုံးပြီး စာလုံးများ ရှာနေပုံဖြစ်ပါတယ်။ စာလုံး မစုံသေးသောကြောင့် မြန်မာလို ပြန်ပြီးသားမရှိလျင် ယခင်ကအတိုင်း အင်္ဂလိပ်လိုသာ ကြည့်ကြရမှာ ဖြစ်ပြီး မြန်မာလို ပါရှိပါက အောက်မှာ ပြထားတဲ့ အတိုင်း မြင်ကြရမှာ ဖြစ်ပါတယ်။


နောက်ထပ် လုပ်ရမယ့် အလုပ်တွေ အများကြီး ရှိပါသေးတယ်။ ဒါပေမယ့် 24-6-2008 မှာ သီးစစ် အကြိုစာတမ်းဖတ်ပွဲ ရှိလို့ နောက်မှ ဆက်ရေးပါ့မယ်။ ပညာရှာသူအားလုံး လွယ်ကူ လျှင်မြန်စွာ တတ်မြောက် အောင်မြင် ကြပါစေ ခင်ဗျာ။
ဘလူးဖီးနစ်
http://engineer4myanmar.com

8 ယောက်က ဒီလိုပြောတယ်:

Mhaw Sayar said...

Wow... Bravo! Congratulations! Bro!

အရမ်းဝမ်းသာ ဂုဏ်ယူမိပါတယ်ခင်ဗျာ။ ဒီ Dictionary တစ်အုပ် ဖြစ်လာဖို့ အချိန်တွေ၊ ငွေတွေ၊ လူတွေ ဘယ်လောက် အသုံးပြုပြိးလုပ်ခဲ့ရမယ် ဆိုတာ သဘောပေါက်ပါတယ်။

ပြီးတော့ အားလုံးအတွက် ၊ပညာလိုသူတွေ အတွက် ဖရီးဖြန့်ဝေပေးတဲ့ စေတနာကို လည်း လေးစားမိပါတယ်။

ပါဝင်ဆောင်ရွက်ကြသူများ အားလုံးကို ကျေးဇူးအထူးတင်ရှိ ပါတယ် ခင်ဗျား။

ဆက်လက် အောင်မြင်ပါစေ... :)

ဘလူးဖီးနစ် said...

အမှန်က အများသိပ်မအားသေးတဲ့ အချိန်မှာ စလုပ်မိလို့ သိပ်တောင် ကောင်းကောင်း မလုပ်နိုင်သေးပါဘူးဗျာ။ ဆက်လုပ်နေမှာပါ။ အားပေးတာ ကျေးဇူးပါဗျာ

MyMetro said...

အကိုရေ... lingvo - tools - options - view ထဲက ဝင်းဒိုးနဲ့ ဒိုင်ယာလော့ဂ်ဘောက်စ်တွေရဲ့ ဖောင့်တွေကိုပါ ဇော်ဂျီဖောင့် ပြောင်းဖို့ပါ တခါတည်း ထည့်ပြောပေးရင် ပိုကောင်းမယ်။ ဒီအတိုင်းဆို ဖောင့်တွေ မပေါ်ဘူးလေ။

အခုလို ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင် ဂုဏ်ယူပါတယ်။

ဘလူးဖီးနစ် said...

ကျေးဇူးပဲ ညီလေးရေ ခုလို ထောက်ပြပေးတာ။ အကို မေ့သွားတယ်။

ဘလူးဖီးနစ် said...

အင်း အရင် က Lingvo version 8 ကို full version ၀ယ်ဘူးတယ်။ ဒါပေမယ့် မြန်မာပြည် ပြန်တုန်းက ကျောင်းကို လှူခဲ့တော့ ခု တရားဝင် ပြဖို့ ခက်နေတယ်။ version 12 ကို full version ၀ယ်ထားသူများ အကူအညီ ပေးကြပါဗျာ။ ပိုက်ပိုက် မတတ်နိုင်တော့လို့ပါ။ ဟီး...

အညာသား said...

အများကြီးကျေးဇူးတင်ပါတယ် အကိုတို့ရေ..။ ဆက်လက်ကြိုးစား အောင်မြင်နိုင်ကြပါစေဗျာ

KKA said...

lingvo version 11 မှာသုံးလို့မရဘူးလားအကို? dictionary ကို add တာ invalid dictionary file ဆိုပြီးပြောနေလို့..

Ru-Mm Dictionary Group said...

ကို kka ရေ ကျွန်တော်က ၁၂ ပဲ သုံးတော့ သူ့အတွက်ပဲ လုပ်ထားပေးမိတယ်။ အခု ၁၁ အတွက်လုပ်ပြီး တင်ပေးလိုက်ပါတယ်။ http://ru-mm.blogspot.com မှာ သွားယူလိုက်ပါနော်။

 
Clicky Web Analytics