မြန်မာဝီကီ ဆောင်းပါးများအပေါ် မှတ်ချက်တောင်းခံခြင်း

ကျွန်တော် မြန်မာဝီကီ နဲ့ ပက်သက်ပြီး ရေးသားဝေဖန် ခဲ့တာရှိပါတယ်။ ရေးသားပြီးမှ အချို့အချက်များကို ကိုယ်တကယ်တန်း သိရဲ့လားလို့ သံသယ ဝင်လာပါတယ်။ တကယ်တော့ ကျွန်တော်ဟာ ကျွမ်းကျင်သူ တစ်ယောက် မဟုတ်ပဲ မြန်မာတွေ ဗဟုသုတ အကြားအမြင် တိုးတက်စေဖို့ အမြဲတမ်း အလိုရှိနေတဲ့ သာမာန် မြန်မာနိုင်ငံသား တစ်ယောက်သာ ဖြစ်ပါတယ်။ ဘာအရောင်မှ ဆိုးထားခြင်းမရှိတဲ့ ဖြူစင်တဲ့ စေတနာအရင်းခံနဲ့ ပဲ ကိုယ်တတ်နိုင်တဲ့ ဘက်က ကူညီနေတာ ဖြစ်ပါတယ်။ ကျွန်တော့်စာများမှာ ချစ်ခြင်း၊ မုန်းခြင်း၊ ရန်လိုခြင်း၊ ကိုယ်ရေး ကိုယ်တာ ခံစားချက်များ လုံးဝနီးပါး မပါ ရလေအောင် အတတ်နိုင်ဆုံး ကြိုးစား ရေးသား နေပါတယ်။ ကျွန်တော့် ရည်မှန်းချက်နဲ့ တူညီတဲ့ သူအားလုံးကို ဝမ်းမြောက်ဝမ်းသာ ပူးပေါင်း ဆောင်ရွက် နေတာ ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော့် ရေးသားထားချက်များ မှာ တစ်ယောက်ယောက်အား ထိခိုက်သော အချက်များ ပါဝင်ခဲ့ပါက ကျွန်တော့်အနေနှင့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိဘဲ မိမိ လေ့လာသုံးသပ်မိသော အချက်များကို ဘေးလူ အနေဖြင့် တင်ပြခြင်းသာ ဖြစ်ကြောင်း တောင်းပန် ပြောကြားလိုပါတယ်။ အချို့ အချက်များဟာ အကိုးအကားများကို တိုက်ရိုက် ပြန်လည် တင်ပြခြင်း ဖြစ်တဲ့ အတွက် ပြင်းထန်တဲ့ အသုံးအနှုံးများ ပါသွားတာ ရှိခဲ့ပါတယ်။ ကျွန်တော့် အာဘော်များ မဟုတ်ပါဘူး။
ကျွန်တော်တို့ အနေနဲ့ ပိုပြီးကောင်းမွန်တဲ့ စံနစ်တစ်ခုကို လိုချင်တယ်ဆိုရင် လက်ရှိစံနစ်ကို ပြုပြင်တဲ့နေရာမှာ ဝေဖန်ရေးကို လက်နက်ကောင်း တစ်ခုအနေနဲ့ ထိထိရောက်ရောက် အသုံးချရပါမယ်။ ဘက်မလိုက်ပဲ မျှတပြီး အပြုသဘောဆောင်တဲ့ ဝေဖန်သုံးသပ်ခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်များကို ချမှတ်ဖို့ အထောက်အကူ ပြုလိမ့်မယ်လို့ လဲ ယုံကြည်ပါတယ်။ မြန်မာ အားလုံးဟာ မြန်မာနိုင်ငံကို တိုးတက်စေချင်တဲ့ သူတွေချည်းပဲလို့ ကျွန်တော် ယုံကြည်ထားပါတယ်။ ဒီတော့ ကျွန်တော့် အနေနဲ့ ကျွန်တော်အရမ်း မျှော်လင့်ချက်ထားတဲ့ မြန်မာ ဝီကီပီဒီယားကို အနည်းငယ် ဝေဖန် ဆန်းစစ် မိခဲ့တာပါ။ တကယ်လို့ ကျွန်တော် ဖေါ်ပြထားတဲ့ အချက်တွေထဲမှာ ကျွန်တော် မကျွမ်းကျင်တဲ့ အတွက်ဖြစ်စေ၊ လေ့လာမှုအားနည်းလို့ ဖြစ်စေ နည်းပညာပိုင်း၊ အချက် အလက်ပိုင်း တွေမှာ မှားယွင်း လွဲချော်မှုများ ရှိနေပါက ကွန်မန့်ပေး ထောက်ပြစေလိုပါတယ်။ ကျွန်တော့် အနေနဲ့ ကျွန်တော်ရေးသား ထားတဲ့ စာများ အားလုံးကို တာဝန်ယူဖြေရှင်းပေးမှာ ဖြစ်ပါတယ်ခင်ဗျာ။ ကျွန်တော့် အနေနဲ့ စာဖတ်သူများကို မှားယွင်းတဲ့ သတင်း ပေးမိမှာကို စိုးရိမ်မိပါတယ်။ ဒါကြောင့် အချက်အလက်များ မှားယွင်းနေပါက ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆို ထောက်ပြ နိုင်ကြောင်းပါခင်ဗျား။အားလုံးရဲ့ အမြင်အမျိုးမျိုး လာရောက် ဖေါ်ပြပေးကြပါလို့ လေးလေးစားစားနဲ့ တောင်းဆိုပါတယ်။


အကိုးအကားများ

Technorati Tags: ,

Please Share This Post

Share on Facebook Plus on Google+

4 ယောက်က ဒီလိုပြောတယ်

ဘယ်လိုပဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်ဗျာ။ စေတနာနဲ့ ဝေဖန်တယ်ဆိုတာကို ကျွန်တော်တို့ နားလည်ပါတယ်။

ကျွန်တော် မြန်မာဝီကီကို မ၀င်ဖြစ်တာ အတော်ကြာပြီ။ ကိုမျိုးချစ်ရဲ့ ဘလော့ခ်ကနေ ဒီဘလော့ခ်ကို ရောက်လာပြီး ဒီရောက်မှ မြန်မာဝီကီမှာ ပြသနာပေါင်း သောင်းခြောက်ထောင် ဖြစ်နေမှန်းသိရတာ။

အခုတော့ တစ်ချို့ ပြသနာတွေလည်း ကျွန်တော်ရှငိးနိုင်သမျှ ရှင်းပြီးပါပြီ။ Sysop မဟုတ်ပေမယ့် ကျွန်တော့်ထက် အများကြီးတတ်ကျွမ်းတဲ့ အသုံးပြုသူတွေရဲ့ အကြံပေးချက်တွေအတိုင်း ကြိုးစားနေပါတယ်။

ဇော်ဂျီနဲ့ မြန်မာ၃ အပြောင်းအလဲက သိပ်တော့ မခက်ပါဘူး။ မကြာခင်မှာ အားလုံး အဆင်ပြေလိမ့်မယ်လို့ ယုံကြည်ပါတယ်ဗျာ။

အကိုရေ အခုလို ကွန်မန့်ပေးပြီး ရှင်းပြပေးတာ ကျေးဇူး တင်ပါတယ် ခင်ဗျာ။ ကျွန်တော်ရေးတုန်းက အချက်တစ်ချို့ကို တိုက်ရိုက်ဘာသာပြန်ပြီး ထည့်လိုက်မိတာ ဆောင်းပါးက ရှည်ပြီး တင်ချင်ဇော အားကြီးသွားတော့ သေချာ ပြန်မစစ်လိုက်မိဘူး။ နောက်မှ ပြန်ဖတ်ပြီး တစ်မျိုးဖြစ်ထင်သွားမှာ စိုးလို့ ဒီစာကို ရေးလိုက်တာပါ။ အမှန်တော့ မြန်မာဝီကီ ပြဿနာတွေဟာ အရင်းအမြစ်တွေ ရှိပါတယ်။ အခုတော့ အကိုရက်ပိုင်းအတွင်း အများကြီးကို ဖြေရှင်း ပေးလိုက်နိုင်တာကို သတိထားမိပြီး လေးစား ချီးကျူးမိပါတယ်။ ဇော်ဂျီနဲ့ မြန်မာ၃ အပြောင်းအလဲကိုလည်း အားလုံး ဝိုင်းကြိုးစားနေကြတာကို ဝမ်းသာပါတယ် အကို။ ဘာပဲပြောပြော အခုဆို မြန်မာဝီကီကို လူတွေ ပိုသိကုန်တာကို အမြတ်လို့ ယူဆမိပါတယ်။ ကျွန်တော်တို့ အားလုံး ဟာ ပန်းတိုင်တစ်ခုတည်းကို လျောက်နေကြတဲ့ လူတွေ ဖြစ်တယ်လို့ ယုံကြည်ပါတယ် အကိုရေ။

ခင်မင်လေးစားစွာဖြင့်
ဘလူးဖီးနစ်

မြန်မာဝီကီ အကြောင်း ကျယ်ကျယ်လောင်လောင် ဖြစ်လာတာ ကောင်းသောအချင်းအရာ အဖြစ်ရှုမြင်ပါတယ်။ လစ်လှုရှုမနေကြဘူးပေါ့။ ဘယ်သူဖြစ်ဖြစ် မှားပြီးမှ ရလာတဲ့ အဖြေက ပိုရုံကြည်မှုရစေလိမ့်မယ် ဒီလို ရရှိလာတဲ့ အဖြေအပြင် ရင့်ကျက်မှုပါ ပိုသွားမယ်လို့ ထင်ပါတယ်။ ဖိအားတစ်ခု ဖြစ်လာရင်တေင် မြန်မာဝီကီ အပေါ် တွန်းအားအဖြစ် အလိုက်သင့် ပို့ပေးလိုက်ကြတာပေါ့။ မည်သူမှားမှား ဖေးမသွားကြပါ။ အားလုံးဟာ စေတနာ့ဝန်ထမ်းဘဲ ဖြစ်လာမှာပါ။ မြန်မာဝီကီ အတွက် ကြိုးစားပေးနေသူတွေ ကြိုးဝိုင်း ဝေးရာမှ လက်တွဲ ချီတက်နိုင်ပါစေ။

ကို sanle ရေ။ အပြုသဘောဆောင်တဲ့ ဒီကွန်မန့် လေးအတွက် အရမ်းပဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော်လဲ အဲဒီလိုပဲ ရည်ရွယ်ပါတယ်။ အခုဆိုရင် ဝီကီပီဒီယားရဲ့ co-founder တွေ ကိုယ်တိုင်က ဒီကိစ္စကို စိတ်ဝင်တစား နဲ့ ညှိုနှိုင်းနေတာကိုလဲ သတိထားမိပါတယ်။
http://lists.wikimedia.org/pipermail/wikimy-l/2008-July/thread.html#65 ဒါကလဲ ကောင်းတဲ့ ဘက်ကို ပြောင်းလဲသွားအောင် ဝိုင်းဝန်းပြီး အပြုသဘော လက်တွဲ ဆောင်ရွက်သွားဖို့ လိုပြီး စိတ်ရှည်သီးခံမှုနဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ အပေါ် အများကြီး မူတည်နေတယ်လို့ ယူဆပါတယ်။