မြန်မာဝီကီ ချစ်သူများအတွက် မြန်မာဝီကီ လာပြီ

မှတ်ချက်။ 23-07-2008။ http://myanmarwikipedia.org မှာ ဇော်ဂျီအပြင် အခြား ယူနီကုဒ်ဖွန့် များအားလုံးနှင့် သုံးစွဲ၍ ရအောင် ကြိုးပမ်းဆောင်ရွက်နေကြောင်း အချက်တစ်ခုကို ပြောပြဖို့ ကျန်ခဲ့တဲ့ အတွက် တောင်းပန် ပါတယ်။ ကျွန်တော်က ဇော်ဂျီနဲ့ ရေးလို့ ရတာကို ပြောချင်ဇော အားကြီးမိလို့ ကျန်ခဲ့တာပါ။ မကြာမီ မည်သည့် ယူနီကုဒ် ဖွန့် မဆို အသုံးပြုသည့် ယူဆာများအားလုံး အဆင်ပြေစွာ အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း သတင်းပေးလိုက်ရပါသည်။



ဒီနေ့ပဲ သိလိုက်ရတဲ့ သတင်းတစ်ခုက မြန်မာတွေ အလွယ်တကူနဲ့ ရေးလို့ရတဲ့ မြန်မာဝီကီ [1] ဆိုဒ်တစ်ခု ရှိနေပြီ ဆိုတာပါပဲ။ အားလုံး ဝမ်းသာ သွားကြမယ်လို့ ထင်ပါတယ်။ ဒါဟာ လောလောဆယ် ကိုယ့် စက်မှာ ယူနီကုဒ် 5.1 ကို တင်သုံးဖို့ အဆင်မပြေသူများအတွက် လည်း အဖြေရှာပေးလိုက် သလို ဖြစ်သွားပါတယ်။
ကျွန်တော်တို့ တကယ်တမ်းလိုအပ်နေတာက ဆောင်းပါးတွေ ဖြစ်ပါတယ်။ ဆောင်းပါးတွေ တကယ်တမ်း ရေးဖြစ်ဖို့က စာရေးသူတွေ အားလုံးနီးပါးနဲ့ အဆင်ပြေမယ့် စံနစ်တစ်ခု ဖြစ်နေဖို့လိုပါတယ်။ အရင် က မြန်မာဝီကီ အဟောင်းမှာ စာရေးမယ့်သူတွေဟာ ကလောင်မဝယ်နိုင်လို့ စာမရေးနိုင်သလို ဖြစ်နေခဲ့ပါတယ်။ အခု လုပ်ပေးတဲ့ ဆိုဒ် လေးက အဲဒီလိုအပ်ချက်ကို ၁၀၀% ဖြည့်ဆည်းပေးမယ်လို့ သိရပါတယ်။ အဲဒီ ဆိုဒ်လေးမှာ ဦးဆောင် လုပ်နေသူများက Solveware Solution [2] က CEO ဦးငွေထွန်း [3]၊ http://www.mysteryzillion.com [4] က ကိုစည်သူအောင်၊ Okisan [5] စတဲ့သူများပဲ ဖြစ်ပါတယ်။
၎င်းတို့ဟာ အခုလက်ရှိ မြန်မာဝီကီ ကို အားမလို အားမရ ဖြစ်နေကြသူများလည်း ဖြစ်ပါတယ်။ မြန်မာ ဝီကီ သုံးစွဲသူများ ဆွေးနွေးပွဲကနေ သုံးသပ်ရရှိလာတဲ့ အချက်များကို ဦးငွေထွန်း က ပြန်လည် ရှင်းလင်းတင်ပြထားတဲ့ ပီဒီအက်ဖ်ဖိုင် [6] ဖိုင်တစ်ခုကို ဒီနေ့ပဲ လက်ခံ ရရှိခဲ့ပါတယ်။ ကျွန်တော် အချက် အချို့ ကို ကောက်နှုတ် တင်ပြချင်ပါတယ်ခင်ဗျာ။
မြန်မာဝီကီ အဟောင်းကို အားမရတဲ့ အဓိကအချက်တွေက
  1. မှတ်ပုံတင် ထားတဲ့ မန်ဘာ 900 ကျော်ရှိပေမယ့် ဒီ သုံးနှစ်အတွင်းမှာ ဆောင်းပါး ၃၀၀ ကျော်ကို အနိုင်နိုင်ဖြစ်နေပါတယ်။ (မှတ်ချက်။ မနေ့က ကိုသင်ကာ ကျွန်တော့်ကို ပေးတဲ့ ဆေးခါးကြီးဆိုတဲ့ ကွန်မန့် [7] ကလဲ ဒီပြဿနာကို ထင်ဟပ်နေပါတယ်။)

  2. UI (user interface) ဘာသာပြန်တာကလဲ အခုထိ မပြီးနိုင် မစီးနိုင်ပါပဲ။

  3. OS စံနစ် များအတွက် လုံလောက်တဲ့ support မရှိတဲ့ အပြင် မြန်မာ sysop များရဲ့ မှားယွင်းတဲ့ စီမံခန့်ခွဲချက် တစ်ချို့ ကြောင့် မြန်မာဝီကီကို အသုံးချဖို့ အဆင်မပြေပါဘူး။

  4. မန်ဘာတစ်ချို့ကလဲ သူတို့ ရေးသားထားချက်များ ပျောက်ဆုံးကုန်တာကို သတိထားမိလာပါတယ်။

  5. စာလုံးပေါင်း အမှားများ နဲ့ ဘာသာပြန်အမှားများ စွာ ကျန်ရှိနေခြင်းတို့ ဖြစ်ပါတယ်။


မန်ဘာများ အနေနဲ့ အခြားဘာသာများမှ မြန်မာဘာသာသို့ ပြန်ဆိုခြင်းထက် မြန်မာဘာသာဖြင့် ကိုယ်တိုင် ဆောင်းပါးများ ရေးသားလို စိတ် ပြင်းထန်နေပါတယ်။ CSS ဖိုင်ကိုလဲ မြန်မာတွေအတွက် အဆင်အပြေဆုံး လုပ်ပေးစေချင်နေပါတယ်။ နောက်ထပ် လိုလားချက်များကို ဒီဆွေးနွေးချက်များ [8] မှာ သွားရောက် လေ့လာနိုင်ပါတယ်။ အဲဒီလူများအတွက် မြန်မာဝီကီ အသစ် က စိတ်တိုင်းကျနေဖို့ တာဝန်ယူပါတယ်။
ဖွန့် ပြဿနာ နဲ့ Sysop ပြဿနာဟာ မြန်မာဝီကီအဟောင်း မတိုးတက်ရခြင်းရဲ့ အကြောင်းရင်း ဖြစ်တယ်လို့ နားလည်မိပါတယ်။ 2008 April မှာ ဖြန့်ဝေတဲ့ မြန်မာဖွန့် ၃ ခုဟာ မြန်မာယူနီကုဒ် စတန်းဒတ်ကို ကိုက်ညီပြီးသား ဖြစ်ပါတယ်။ အဲဒီဖွန့် ၃ ခု ထဲက ၂ ခုဟာ အခမဲ့ ဖြစ်တဲ့ အပြင် Open Source licenses နဲ့ ဖြန့်ချီတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီဖွန့်တွေနဲ့ အလုပ်စလုပ်သင့်နေပြီ ဖြစ်ပါတယ်။ နောက်အချက်များက Sysop ၅ ယောက်ထဲမှာ ၂ ယောက်က နေးတစ် စပီကာ မဟုတ်ကြပါဘူး။ နောက်တစ်ချက်က ဆောင်းပါးများ ဖျက်ပစ်ရာမှာ စာရေးသူကို သတိပေးခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ ဖွန့်များကို CSS မှာ စီစဉ်ရာမှာလည်း မပြီးသေးတဲ့ ဖွန့် တစ်ခုကို ရှေ့ဆုံးတင်ထားတာဟာ စာရေးသူများအတွက်ရော အသုံးချ ဖတ်ရှုသူတွေ အတွက်ပါ ဘယ်လိုမှ လက်မခံနိုင်တဲ့ ဖြစ်ရပ်တစ်ခုပါ။ စမ်းသပ် သုံးစွဲသည် ဆိုခြင်းမှာလည်း လက်ခံနိုင်စရာမရှိပါ။
အထက်ပါ အချက်များဟာ မြန်မာဝီကီအဟောင်း သုံးစွဲသူအများစု ရဲ့ အသံများ ဖြစ်ပါတယ်။
အခု ကိုငွေထွန်းနဲ့ မြန်မာဝီကီ စာရေးသူအချို့က မြန်မာများကို ဇော်ဂျီနဲ့ အဆင်ပြေပြေ ရေးနိုင်ဖို့ စီစည်ထားသလို ယူနီကုဒ် စတန်းဒတ် ပြဿနာကို လဲ တစ်ခါတည်း ဖြေရှင်းပေးနိုင်ဖို့ကို ကြိုးစားနေကြတယ်လို့ သိရပါတယ်။ အခု သူတို့မှာ ဇော်ဂျီကနေ ယူနီကုဒ် 5.1 စတန်းဒတ်ကို internally ပြောင်းပေးမယ့် စံနစ်တစ်ခုကို လုပ်ဆောင်နေပါတယ်။ ဒါတွေအားလုံးကို အသေးစိတ်သိတဲ့ အခါမှာ ဆက်လက် ရေးသားတင်ပြပါ့မယ်။ ရေးသားထားသော ဝီကီ အချက်အလက် များကိုလည်း လိုအပ်ပါက my.wikipedia.org တွင် အလွယ်ကူ အသုံးချနိုင်ကြောင်းများကိုလည်း သိရှိရပါတယ်။ ဒီတော့ မြန်မာ စတန်းဒတ်ကို သုံးစေချင်သူများရော ဇော်ဂျီချစ်သူများပါ အဆင်ပြေမယ့် အစီအစဉ် တစ်ခုဖြစ်လိမ့်မယ်လို့ ကျွန်တော် တော့ ယုံကြည်မိပါတယ်။ လောလောဆယ် အစမှာတင် ဆောင်းပါးပေါင်း ၇၀ ကျော် ရေးသားပြီး ဖြစ်နေတာကို ဝမ်းမြောက်ဝမ်းသာ သတိထားမိ လိုက်ပါတယ်။
စိတ်ဝင်စားသူများရော မယုံကြည်သူများပါ http://myanmarwikipedia.org မှာ လက်တွေ့ သွားရောက် စမ်းသပ်ရေးသား လေ့လာနိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်ခင်ဗျာ။
  1. http://www.myanmarwikipedia.org

  2. http://www.solvewaresolution.net/

  3. http://www.myanmaritpros.com/profile/NgweTun


  4. http://www.mysteryzillion.com

  5. http://www.myanmaritpros.com/profile/Okisan

  6. http://www.esnips.com/doc/8a9bc2a6-f6b7-4b86-91b6-4dee4cd8b1af/Myanmar_Wikipedia_Issues


  7. https://www.blogger.com/comment.g?blogID=3202688021035185832&postID=472157931668413617&isPopup=true

  8. http://www.myanmaritpros.com/forum/topic/show?id=1445004%3ATopic%3A43215


Technorati Tags: ,

Please Share This Post

Share on Facebook Plus on Google+

5 ယောက်က ဒီလိုပြောတယ်

ခေါင်းစဉ်မြင်တာနဲ့တင် စိတ်လှုပ်ရှားရတယ်ဗျို့။

သေချာဖွင့်ကြည့်ပြီးမှ တစ်ခေါက်လာပြန်ဆွေးနွေးဦးမယ်။

ခင်မင်စွာဖြင့်
သင်ကာ

စိတ်ဝင်စားဖို့ ကောင်းသဗျို့။

မိုင်မြန်မာ ယူနီကုဒ်ကို အင်စတော လုပ်ပြီးတော့ ပြန်မဖယ်တတ်ဘူး ဖြစ်နေလို့ ။ ဘယ်နားက သွားဖယ်ရမှာလဲ ပြောပြပေးပါဗျာ။ Add or Remove progm. မှာလဲ သူ့ကို မတွေ့ဘူး ။ C:/ ထဲက သူ့ ဖိုင်ထဲမှာလဲ uninstall လုပ်တဲ့ဟာ ပါမလာဘူးဗျ။ ကူညီပါဦး...

ကျွန်တော်တို့ တိုက်နေတာ အဲဒါကို ပဲခင်ဗျ။ မိုင်မြန်မာက ယူဆာကို အဲလို ဒုက္ခပေးလို့ :( သူ့ဟာ တင်ပြီးရင် ဖျက်ရခက်တယ်ဆိုလို့ ကျွန်တော် မတင်ဖြစ်တာ။ c:\ ထဲက သူ့ ဖိုလ်ဒါကို ဖျက်ရုံနဲ့ မရဘူးလား။ ဒါဆို system folder ထဲသွားသိမ်းလားမသိဘူးဗျ။ မြန်မာ အိုင်တီ ပရို ဖေါ်၇မ်မှာ မေးပါလားခင်ဗျ။ ကျွန်တော် လင့်ခ်ပေးလိုက်မယ်နော်။ ကျွန်တော် သေချာ မသိလို့ပါ။ အဲဒီမှာက ဆရာကြီးတွေချည်းပဲလေ :P
http://www.myanmaritpros.com/forum/topic/show?id=1445004%3ATopic%3A43215

ကျေးဇူးပါပဲ ခင်ဗျာ ။