Simulink and m-file usage (ကိုဂျစ်တူး အတွက် )

မနေ့က ကျွန်တော့်ဆီကို မေးလ် တစ်စောင် ရောက်လာပါတယ်။ ကိုဂျစ်တူးဆို သူက အောက်ပါအတိုင်း ရေးသားမေးမြန်းလာတာ ဖြစ်ပါတယ်။
Ko Aung Win Htut (ဘလူးဗီးနစ်)
Matlab, Simulinkနဲ့ပတ်သတ်ပြီးမေးချင်လို့ပါ...
1. Simulink block ထဲမှာ.m file ကို ဘယ်လို ဆောက်ရ မလဲ.. Attach file ထဲက ဥပမာ မျိုးပြောတာပါ.. Simulink block ထဲမှာ plot result ဆိုပြီး .m file ဆောက်ထားပါတယ်.. Simulink block ထဲမှာ .m file ကို ဘယ်လို ဆောက်မှန်း မသိလို့ပါ...ရိုးရိုး file (model name, initialize ရေးမှတ် တာမျိုးလောက်ပဲ) လုပ်တတ်ပါတယ်..
2. Simulink block (.mdl) နဲ့ main program (.m) file နှစ်ခုကို ဘယ်လို run ရပါသလဲ..
အချိန်ရရင် ကျွန်တော့် မေးခွန်းလေးတွေကို ပြန်ဖြေပေး စေချင်ပါတယ်.. ကျွန်တော့် အတွက် ခက်ခဲနေလို့ပါ...
ကျေးဇူးတင်ပါတယ်...

အောက်က ပုံက အီးမေးလ် နဲ့အတူ တွဲရက်ပါလာတဲ့ attached file ဖြစ်ပါတယ်။
Matlab, Simulink ဟာ အင်မတန်ကို ကျယ်ပြန့်ပြီး toolboxes တွေ block တွေ အများကြီး နဲ့ အားလုံးကို ကျွမ်းကျင်ဖို့ ဆိုတာ အတော်လေးကို မလွယ်ပါဘူး။ ကျွန်တော့် အနေနဲ့လဲ သိပ်အများကြီး မသိသေးပါဘူး။ ကျွန်တော် လုပ်နေတာလောက်ပဲ ကွက်ကွက်လေး သိတာပါ။ အချိန်ရတာနဲ့ ဒါတွေ အကုန်လုံးကို သေချာ လေ့လာမယ်လို့ တေးထားတာပါ။ အခုတော့ ဒီမေးခွန်းလေးကို ဖြေဖို့ ကျွန်တော်လဲ နဲနဲ ပြန်ဖတ်ဖြစ်သွားပါတယ်။

အမှန်က ကျွန်တော့် အနေနဲ့ GUIDE ကိုသုံးပြီး GUI ကနေ အကုန်လုံးကို လင့်ခ် လုပ်ပြီး ဒေတာ ထည့်တာရော model လုပ်တာရော လုပ်ပါတယ်။ အဲဒီအကြောင်းကို နောက်မှ သေချာ ရေးမယ် ဆုံးဖြတ်ထားပါတယ်။ နောက်တစ်ခု m-file တွေကို simulink model ထဲကနေ run ဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ C++, Visual FORTRAN စတာတွေနဲ့ ချိတ်ဆက် အလုပ်လုပ်တာတွေ၊ နောက် model တွေကို code ပြောင်းပြီး dll လုပ်ပြီး တခြား ပရိုဂရမ်းမင်းတွေမှာ ယူသုံးတာတွေကို လေ့လာဖူးပါတယ်။ အခုတော့ အလွယ်ဆုံးတစ်ခုကို ပဲ ပြောပြလိုက်ပါတယ်ခင်ဗျာ။

ဒီ tutorial မှာ ကျွန်တော် အသုံးပြုထားတာက Matlab version 7.6.0.324 (R2008a) Feb 10,2008 ဖြစ်ပါတယ်။ တကယ်လို့ ဒီထက် နိမ့်တဲ့ version ဆိုရင် အနည်းငယ် ကွဲလွဲမှာ ဖြစ်ပါတယ်ခင်ဗျာ။

အဆင့် ၁။ ပုံမှာ ပြထားတဲ့ အတိုင်း Simulink library browser ထဲက Subsystem တစ်ခုကို ဆွဲယူပါမယ်။
အဆင့် ၂။ အဲဒီ Subsystem ကို double click နဲ့ ဖွင့်ပြီး အထဲက ပုံ တွေကို ဖျက်ပစ်လိုက်ပါ။

အဆင့် ၃။ အောက်ပါအတိုင်း ပုံစံပြောင်းသွားပါမယ်။
အဆင့် ၄။ အဲဒီ ပုံမှာ ကိုယ်ရေးချင်တဲ့ စာသားပြောင်းရေးဖို့ အောက်ပါအတိုင်း right click လုပ်ပြီး mask subsystem ကို ရွေးချယ်ပါ။
အဆင့် ၅။ ပေါ်လာတဲ့ Mask editor မှာ အနီနဲ့ ကွင်းထားတဲ့ အတိုင်း ရေးချင်တဲ့ စာသားကို dist(' ') ကြားမှာ ရေးပါ။
အဆင့် ၆။ matlab code ထည့်ဖို့ right click လုပ်ပြီး Block Properties ကို ရွေးချယ်ပါ။
အဆင့် ၇။ Block Properties ထဲက Callbacks tab ကိုသွားပါ။ Callback functions list ထဲက OpenFcn ကို ရွေးချယ်ပါ။ ပြီးရင် အဲဒီ ညာဘက်က windows မှာ ကိုယ်ရေးချင်တဲ့ ကုဒ်တွေ စရေးလို့ ရပါပြီ။ ပြီးရင် OK ပေးပါ။
မှတ်ချက်။ ဒီအဆင့်မှာ ဗားရှင်းအဟောင်းနဲ့ အသစ်မှာ ကွာခြားချက်လေးကို ပြောပြချင်ပါတယ်။ တကယ်လို့ အောက်က ပုံအတိုင်း ပေါ်လာတယ်ဆိုရင် code ကို တိုက်ရိုက်ဝင်ရေးလို့ မရပါဘူး။ ကိုယ်ရေးချင်တာကို ဥပမာ gains.m လို့ ရေးထားပြီး Open function ဆိုတဲ့ ကွက်လပ်မှာ ဖိုင်နာမည်ကို ဖြည့်ပေးရပါမယ်။ OK ပေးပါ။
အဆင့် ၈။ အခုဆို double click လုပ်ပြီး data initialize လုပ်ကြည့်နေတာဖြစ်ပါတယ်။
အဆင့် ၉။ ပုံထုတ်ဖို့ အတွက် နောက် တစ်ခု ကို အရင် က အတိုင်းလုပ်ပါမယ်။ နာမည်ကိုတော့ ပြောင်းပေးပါမယ်။ ကုဒ်မှာ plot(a) ဆိုပြီး a ကို ပုံဆွဲခိုင်းပါမယ်။ OK ပေးပါ။
အဆင့် ၁၀။ double click လုပ်ရင် အောက်ပါအတိုင်း ပုံဆွဲပေးပါလိမ့်မယ်။
နောက်တစ်ခုက တကယ်လို့ m-file ထဲက ခေါ်ပြီး သုံးချင်ရင် sim('simulinkmodel_name_here') ကိုသုံးပြီး ခေါ် run လို့ရပါတယ်။ ဒေတာ တွေကိုတော့ ဖိုင်တွေထဲမှာ သွား save ပြီး pass လုပ်တာကို ကျွန်တော် recommend ပေးချင်ပါတယ်။
ဒီလောက်ဆိုရင် သဘော ပေါက်လောက်ပြီလို့ ထင်ပါတယ်။ နားမလည်တာရှိသေးရင် အားမနာတမ်း မေးမြန်းနိုင်ပါတယ်။ အီးမေးလ် နဲ့ ဖြစ်စေ ကွန်မန့် ထားလို့ ဖြစ်စေ မေးနိုင်ပါကြောင်းခင်ဗျား။
ဥပမာ model ဖိုင်လေးကို တော့ ဒီက ရယူ နိုင်ပါတယ်။

Please Share This Post

Share on Facebook Plus on Google+

2 ယောက်က ဒီလိုပြောတယ်

ဂျစ်တူး delete July 12, 2008 at 10:50 PM

ကျေးဇူးတင်ပါတယ်ဗျာ... အဆင်ပြေသွားပါပြီ..

ကျေးဇူးပြုပြီးတော့ MATLAB ပရိုဂရမ်နဲ့
ပတ်သက်ပြီး ပို့ များများတင်စေချင်ပါတယ်
ကျွန်တော်က MATLAB မေဂျာ ယူထားလို့ပါ
အခုက သင်တာတွေက သိပ်နားမလည်ဘူးဖြစ်နေတယ်..သူတို့ဘာသာစကားနဲ့သင်နေတာဆိုတော့ လိုက်မမှီဘူးဖြစ်နေတယ် ကျေးဇူးပြုပြီး အသေးစိတ်ဖြစ်စေ အသုံးပြုနည်းဖြစ်စေ ရှင်းပြစေလိုပါတယ်