ကျွန်တော့်ရဲ့ ရာသက်ပန်

ဒီတစ်ခါတော့ စာဖတ်သူများကို heavy မဖြစ်အောင်၊ စမ်းကြည့်ချင်ရင်လည်း စမ်းကြည့်ရလွယ်ကူအောင် စာရေးသူရေးထားတဲ့ Matlab Mfile function လေးနှစ်ခုနဲ့ မိတ်ဆက်ပေးလိုပါတယ်။ စာရေးသူကတော့ ဒီ Mfile လေးကို ကျွန်တော့်ရဲ့ရာသက်ပန် လို့ အမည်ပေးထားပါတယ်။ ငယ်ငယ်တုန်းကတော့ နှစ်တစ်ရာ ပြက္ခဒိန်ကို လိုက်ပြီး ရှာကြည့်ဘူးတယ်။ ဆိုလိုတာက ခုနှစ်၊ လ၊ ရက် သိရင် ဘာနေ့လဲဆိုတာ လိုက်ရှာကြည့်တာပါ။ ငယ်ငယ်တုန်းက နှစ်တစ်ရာပြက္ခဒိန်ဆိုတော့ ၁၉၀၁ ကနေ ၂၀၀၀ခုနှစ် အထိပေါ့။ အဲဒီတုန်းကတော့ အခုလို ကွန်ပြူတာ တွေလည်း အသုံးမများသေးတဲ့အတွက် တစ်ချို့ ဒိုင်ယာရီ စာအုပ် တွေရဲ့ အစမှာ နှစ်တစ်ရာပြက္ခဒိန် ဆိုတာလေး ထည့်ပေးတတ်တယ်။ အခုခေတ်မှာတော့ ကွန်ပြူတာတွေ အသုံးများ လာပြီဆိုတော့ နှစ်တစ်ရာပြက္ခဒိန်က သိပ်မလိုတော့ဘူးပေါ့။ ခုနှစ်၊ လ၊ ရက်၊ သိရင် ဘာနေ့လည်းဆိုတာ ကွန်ပြူတာမှာ ထောက်ကြည့်လိုက်ရင် လွယ်လွယ်လေး သိနိုင်တာပဲ။ စာရေးသူလည်း အဲလိုပဲ ထောက်ကြည့်တာပါပဲ။ ဒါပေမယ့် ဟိုတစ်နေ့ညကမှ အမှတ်မထင် စဉ်းစားမိတယ်။ Windows XP က ပြက္ခဒိန်က ဘယ်ခုနှစ်ကနေ ဘယ်ခုနှစ်အထိ ပါလဲလို့။ အဲဒါနဲ့ တစ်ခန်းထဲနေတဲ့ သူငယ်ချင်းကို မေးလိုက်တယ်။ (သူက အဲအချိန်မှာ မအိပ်သေးပဲ ကွန်ပြူတာ နောက်မှာ Java scripts စာအုပ်နဲ့ နဘန်းလုံးနေတယ်)။ သူကဖြေတယ်။ ၁၉၈၀ ကနေ ၂၀၉၉ အထိ ပါတယ်တဲ့။ တကယ်လို့ ၁၉၈၀ ကနေ ၂၀၉၉ အပြင်က ခုနှစ်၊ လ၊ ရက် တွေအတွက် ဘာနေ့လဲဆိုတာ သိချင်ရင် ဘယ်လိုလုပ်မလဲလို့ စဉ်းစားမိတယ်။ ထုံးစံအတိုင်း နှစ်တစ်ရာ ပြက္ခဒိန်ကို သတိရတာပေါ့။ ကျန်ခဲ့တဲ့ ရာစုအတွက် နှစ်တစ်ရာ ပြက္ခဒိန်၊ ဒီရာစုအတွက်ကတော့ မလိုတော့ဘူး။ ကွန်ပြူတာမှာ အားလုံး ရှိပြီးသားလေ။ ဒါဆို နောက်ရာစုအတွက် ဘယ်လိုသိနိုင်မလဲပေါ့။ ဒါနဲ့ပဲ ရာစုနှစ်အားလုံး အတွက် သိနိုင်ဖို့ စဉ်းစားရင်း အခုစာဖတ်သူများနဲ့ မိတ်ဆက်ပေးမယ့် Mfile လေး ရေုးဖြစ်သွားတယ်။ ဒါနဲ့ပဲ စာရေးသူရဲ့ Mfile လေးကို Yarthatpan လို့ နာမည်ပေးလိုက်တယ်။
ဒီလောက်ဆိုရင် စာဖတ်သူအနေနဲ့ ကျွန်တော့်ရဲ့ ရာသက်ပန်နဲ့ မိတ်ဆက်လောက်ပြီ ထင်ပါတယ်။ ကျွန့်တော့်ရဲ့ ရာသက်ပန်က ရိုးရိုးလေးပေမယ့် မာနတော့ ကြီးတယ်ဗျ။ သူနဲ့ တိုက်ရိုက် မိတ်ဆက်လို့ မရဘူး ။ အောင်သွယ်ကနေ တဆင့် မိတ်ဆက်ရမှာ။ (ဘောလုံးစကားနဲ့ ပြောရရင်တော့ Agent ကနေ တဆင့်ပေါ့ဗျာ)။ ဒါပေမယ့် သိပ်တော့လည်း စိတ်မပူပါနဲ့။ စာရေးသူက စာဖတ်သူကို အဲဒီ အောင်သွယ်တော် နဲ့ အရင် မိတ်ဆက်ပေးမှာပါ။ စာရေးသူကတော့ အဲဒီ အောင်သွယ်တော်နဲ့ သိကျွမ်း ရင်းနှီးခဲ့တာ လေးနှစ်လောက် ရှိပြီဆိုပါတော့။ သူရဲ့ နာမည်က Julian date တဲ့။ သူ့ကိုစတွေ့ပြီး ရင်းနှီးကျွမ်းဝင်အောင် လုပ်ခဲ့ရတာက Astronomical formulas for calculators ဆိုတဲ့ စာအုပ်မှာပါ။ ဂျာမန်လူမျို့း ပညာရှင်တစ်ယောက်က ရေးထားတာပါ။ ကျွန်တော်တို့ Astronomical လောကမှာတော့ Julian date က Super Agent ကြီးပဲ ဆိုပါတော့။ ဘာလို့လဲဆိုတော့ စကြာဝဠာ ထဲမှာရှိတဲ့ အရာဝတ္ထုအားလုံးရဲ့ တည်နေရာ၊ အရွေ့တွေနဲ့ ပါတ်သတ်ပြီး ပြောရင် time ဆိုတဲ့ frame ကို Julian date နဲ့ပဲ ပြောကြလို့ပါ။ ကဲ အောင်သွယ်တော်နဲ့ အရင်မိတ်ဆက်ကြရအောင်။

function[JDF]=Aungthwetaw(YYYY, MM, Dddd)

format long

if M>2.5

y=YYYY;

else

y=YYYY-1;

end

if M>2.5

mM=MM;

else

mM=MM+12;

end

A=floor(y/100);

B=2-A+floor(A/4);

yyyymmdddd=YYYY+(MM/100)+(Dddd/10000);

if yyyymmdddd<1582.1025

c=0;

else

c=B;

end

JDF=floor(365.25*y)+floor(30.6001*(mM+1)+Dddd+1720994.5+c;

အဲဒါကတော့ ကျွန့်တော့်ရဲ့ အောင်သွယ်တော်ပဲ။ ရုပ်တော့ဆိုးတယ်။ ဒါပေမယ့် ချော့ခိုင်းတတ်ရင် သဘောကောင်းပါတယ်။ သူ့ကို လက်ဆောင် (input) သုံးခုပဲ ပေးဖို့လိုတယ်။ ပထမဆုံးကတော့ YYYY၊ အဲဒါက သိချင်တဲ့ ခုနှစ်၊ ဒုတိယက MM၊ အဲဒါက သိချင်တဲ့လ၊ တတိယက Dddd၊ အဲဒါက သိချင်တဲ့ ရက်ပါ။ အောင်သွယ်တော်ကို အဲဒီ လက်ဆောင်သုံးခု ပေးပြီး ခိုင်းလိုက်တာနဲ့ သူက ဂဏန်း တစ်လုံး ထုတ်ပေးပါလိမ့်မယ်။ အဲဒီဂဏန်းကတော့ ရာသက်ပန်နဲ့ တွေ့တဲ့အခါ ပေးရမယ့် နှင်းဆီပွင့် လေး ပါပဲ။
ကဲ တဆက်ထဲပဲ အောင်သွယ်တော် ပေးလိုက်တဲ့ နှင်းဆီပွင့်လေးကို ယူပြီး ရာသက်ပန်နဲ့ တစ်ခါထဲ မိတ်ဆက်ကြရအောင်။



function [DOW] = Yarthatpan [JD]

A=round[JD]-(7*floor(round[JD]/7);

if A==1

disp(‘Tuesday’)

elseif A==2

disp(‘Wednesday’)

elseif A==3

disp(‘Thursday’)

elseif A==4

disp(‘Friday’)

elseif A==5

disp(‘Saturday’)

elseif A==6

disp(‘Sunday’)

else

disp(‘Monday’)

end

အဲဒါကတော့ ကျွန်တော့်ရဲ့ ရာသက်ပန်ပါပဲ။ ရိုးရိုးယဉ်ယဉ်လေး ဆိုပေမယ့် စာဖတ်သူအတွက် အများကြီး တန်ဖိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ ဒါနဲ့ ရာသက်ပန်ကို ဘယ်လို တန်ဖိုးရှိအောင် သုံးမလဲဆိုတာ ကြည့်ကြရအောင်။ လွယ်လွယ်လေးပါ။ စောစောက အောင်သွယ်တော် ပေးလိုက်တဲ့ နှင်းဆီပွင့် (ဂဏန်း) လေးကို သူ့လက်ထဲကိုထည့်ပြီး ခိုင်းလိုက်ရုံပါပဲ။ အဲဒါဆိုရင် ရာသက်ပန်က စာဖတ်သူ သိချင်တဲ့ ခုနှစ်၊ လ၊ ရက် ကို ဘာနေ့လဲ ဆိုတာ display လုပ်ပေးပါလိမ့်မယ်။
အားလုံး ပျော်ရွှင်ချမ်းမြေ့စွာနဲ့ science ကို လေ့လာအသုံးချပြီး အောင်မြင်တဲ့ ဘ၀တစ်ခု တည်ဆောက်နိုင်ကြပါစေ။
စာရေးသူ။ mtssnrty
မှတ်ချက်။ ။ စာရေးသူအနေနဲ့ Mathcad, Matlab ပဲ သုံးတတ်သည် ဖြစ်သဖြင့် Mathcad, Matlab မသုံး သူများနှင့် computer အားလုံးမှာ သုံးလို့ရအောင် ဘီလူးဖီးနစ် အား ဤ function ၂ခုကို exe file အဖြစ် c++ ဖြင့် ပြန်ရေးပြီး တင်ပေးပါရန် တောင်းခံထားပါကြောင်း။


အသုံးပြုပုံ
  •  download ဖိုင်ကို ဖြည်ပါ  haha.m နှင့် JDf.m ဖိုင် ၂ ဖိုင်ကို တွေ့ရမည်။
  • Matlab ကိုဖွင့်ပါ
  •  current directory ကို mfile များရှိသော folder သို့ ပြောင်းလဲပါ
  • command windows တွင် အောက်ပါအတိုင်းရိုက်ပါ  JDf(ခုနှစ်,လ,ရက်) ဥပမာ JDf(2008,2,19)
  • julian date တန်ဖိုးကို ရရှိမည်
  • ရလာသော julian date ကို နေ့ သိလိုပါက haha(julian date) ဟု ရိုက်ပါ။
  • tuesday ဟူသော အဖြေကို ရမည်။
  • အထက်ပါ အဆင့်များကို မလုပ်လိုပါက haha(JDf(2008,2,19)) ဟု တန်းရိုက်နိုင်သည်။

Please Share This Post

Share on Facebook Plus on Google+

1 ယောက်က ဒီလိုပြောတယ်:

အကိုကြီးရေ Execl မှာ ရှာရတာ ပိုမလွယ်ဘူးလားလို့
ကျတော့ အမြင်လေးကို ပြောတာပါ၊ အမှားပါရင် ဗွေမယူ ပါနဲ့