Google Chrome for Windows

Google က browser အသစ် ထုတ်လိုက်ပါတယ်။ Google Chrome လို့ခေါ်ပြီး ဒီနေ့ပဲ ဝင်းဒိုး သမားတွေ အတွက် ထုတ်ပေးလိုက်ပါပြီ။ ဒီနေရာမှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။ မကြာမီ ပန်းသီးနဲ့ လင်းနစ် သမားတွေ အတွက်လဲ ထုတ်ပေးမယ်လို့ ဆိုပါတယ်။ Google က ကာတွန်းလေးတွေနဲ့ သူ့ ဘရောက်ဇာကို ကြော်ငာ ထားပေမယ့် ကျွန်တော်ကတော့ ဘလောက်ဂါ တစ်ယောက်အနေနဲ့ ဖိုင်းယားဖောက်စ် လောက် မကြိုက်ပါဘူး။ စာရေးဖို့ ပြင်ဆင်တဲ့ နေရာမှာ တစ်ခုခု လိုနေသလိုပါပဲ။ စောင့်တော့ ကြည့်ရဦးမှာပါ။ လောလောဆယ် မြန်မာဖွန့်တွေနဲ့ သိပ် အဆင်မပြေ သေးဘူးလို့ ထင်ပါတယ်။ မြန်မာဖွန့်(ဇော်ဂျီ)ကို ဖိုင်းယားဖောက်စ် လောက် ကိုင်တွယ်တာ မကောင်းပါဘူး။

 မှတ်ဥာဏ်ပိုင်း နဲ့ process တွေကို ခွဲပြီး လုပ်ပေးတာ (Multiprocessing)၊ Task Manager (Shift + Esc) ကတော့ အတော်လေး ကို အသုံးဝင် လာမယ် ထင်ပါတယ်။ ဆိုဒ်တွေကို analysis လုပ်ပြီး လေ့လာခွင့် ရလာနိုင်ပါတယ်။ သိပ်လေးတဲ့ ဆိုဒ်တွေကို သိသာလာမှာ ဖြစ်ပါတယ်။ အသွင်အပြင် ဒီဇိုင်းပိုင်းကတော့ ပြောစရာမရှိအောင် ကောင်းပါတယ်။ ဒိုင်းနမစ် feature တွေကို တော့ တော်တော်လေး ကြိုက်ပါတယ်။ ဂျာဗား အင်ဂျင် ထည့်ပေးထားတာလည်း သဘောကျမိပါတယ်။ speed လဲ အနည်းငယ် မြန်လာသလို ခံစားရပါတယ်။ လုံခြုံစိတ်ချမှု အတွက်လည်း အတော်လေးကို လုပ်ပေးထားတာ တွေ့ရပါတယ်။ ကျွန်တော် အကြိုက်ဆုံး ကတော့ open source ဖြစ်နေတဲ့ အချက်ပါပဲ။ စိတ်ဝင်စားသူများ Chromium porject page ကို သွားလေ့လာနိုင်ပါတယ်။ သတင်းစာ ရှင်းလင်းပွဲမှာ ပြောထားတာလေး တွေ သိချင်ရင် တော့ ဒီမှာ ဖတ်ပါ။
မြန်မာလိုကတော့ ဆက်တင်း နဲနဲ လုပ်ရပါတယ်။ ပုံထဲကအတိုင်း သွားပြီး ဖွန့်တွေကို Zawgyi-One ရွေးလိုက်တာပါပဲ။


အဲလိုလုပ်တာတောင် ခုလို လေးထောင့်တုံးလေးတွေကို အောက်မှာ တွေ့နေရတုန်းပါပဲ။

စာဖတ်သူတို့ တွေ့ရှိချက်လေးတွေကိုလည်း ကွန်မန့်မှာ ရေးထားပေးခဲ့စေချင်ပါတယ်။ သုတေသန လုပ်ကြရအောင်လေ။ :P

Please Share This Post

Share on Facebook Plus on Google+

5 ယောက်က ဒီလိုပြောတယ်

မသက်ဇင် delete September 3, 2008 at 7:22 PM

ဆရာဘလူးစ်ဖီးနစ် ရှင့် အဆင့်မြင့်နည်းပညာတွေပါပဲ။ အခုလိုဖြန့်ဝေတဲ့
အတွက် ကျေးဇူးတင်ပါတယ်။ ပညာလိုချင်သူ
မြန်မာလူငယ်များအတွက် အလွန်တန်ဘိုးကြီး
ပါတယ်ရှင်။
PhD ,ယူဘို့ အတွက် သီးစစ်စ်လုပ်နေတဲ့ကြားက
အချိန်ပေးပြီးရေးသား ဖြန့်ဖျူးပေးတာ အ လွန် ကျေးဇူးတင်ပါတယ်ဆရာရေ။

အကို့ ဆိုဒ် ကိုအခု Chrome နဲ့ဖတ်နေတာဗျ အရင်က IE နဲ့ ဖတ်တုန်းက ပို့စ်တွေကို ဖတ်လို့မရဘူး ၊ ဘေးကစာတွေပဲ ဖတ်လို့ရတာ ။ အခုတော့ ပို့စ် တွေပါဖတ်လို့ရသွားပြီ။ Chrome မှာ incognito window ဆိုတဲ့ ဟာကိုလဲ ကြိုက်တယ်။ Chrome ကိုကြိုက်တာ လောလောဆယ် သူက အသစ်ဖြစ်နေတာလဲ ပါမယ်။ လူဆိုတာ အသစ်ကို ကြိုက်တဲ့လူက ခပ်များများလေ။ :P

Google Chrome နဲ့ဖွင့်ထားတဲ့ WebPage တစ်ခုအတွင်းမှာ Right Click ပေးလိုက်ရင်၊ ထွက်လာတဲ့ Box ရဲ့ အောက်ဆုံး Function က Apple ရဲ့ Safari Browser မှာ ပါတဲ့ Inspect Element ဆိုတာမျိုးပါပဲ။
MarkUp တွေ၊ CSS တွေ၊ HTML Element တွေနှင့် Java Script တွေကို တစ်ပါတည်း ကြည့်ရှုရှာဖွေ နိုင်လို့ WebDev သမားတွေ အတွက် အသုံး ကောင်းကောင်းဝင်နိုင် လိမ့်မယ်ဖြစ်ကြောင်းပါဗျာ။

ဆောင်းပါးအတွက် ကျေးဇူး အစ်ကိုကြီး. :)

Encoding ==>
default encoding မှာ unicode(UTF-8) ကိုပြောင်းပေးရင် အဆင်ပြေမယ်ထင်ပါတယ်

http://www.myanmarfamily.org/forum/showpost.php?p=194856&postcount=3
http://www.myanmarfamily.org/forum/showthread.php?t=21788
အပေါ်ကအတိုင်းလေးလုပ်ရင် ရပါပြီခင်ဗျ