myanmar.mpei.ru အတွက် လုပ်ငန်းစဉ်များ

အခုလောလောဆယ် myanmar.mpei.ru အတွက် အောက်ပါ လုပ်ငန်းစဉ်များကို စတင်လုပ်ဆောင် သွားပါမယ်။
၁။ ကျောင်းအသီးသီးက ကျောင်းသားတွေ တင်ထားတဲ့ စာတမ်းတွေကို စုစည်းပြီး တင်ပြရန်
၂။ ရုရှ စကားသင်ကြားရာတွင် လေ့ကျင့်ရေးသားခဲ့သော အက်ဆေးများ၊ အိမ်စာများ၊ စကားလုံးများ စုစည်းရန်
၃။မြန်မာ နိုင်ငံအကြောင်း ရုရှ ဘာသာဖြင့် ရေးသားထားသော အက်ဆေး စာတမ်းများ စုစည်းရန်
၎။မြန်မာ့ ဓါတ်ပုံကောင်းများ စုစည်း တင်ပြရန်။
အထက်ပါ အချက်များကို အကူအညီပေးကြပါရန် မေတ္တာရပ်ခံပါတယ်။ မိမိတို့ စုဆောင်းမိသမျှကို aungwin.htut@gmail.com ကို ပို့ပေးကြစေချင်ပါတယ်။ မြန်မာ တွေ လုပ်ထားသမျှကို စုစည်းပြီး မြန်မာတွေ မညံ့ကြောင်းကို ပြချင်သလို နောင်လာနောက်သားတွေ အလွယ်တကူ သုံးလို့ ရအောင် archive လုပ်ပေးထားချင်ပါတယ်။

Please Share This Post

Share on Facebook Plus on Google+

3 ယောက်က ဒီလိုပြောတယ်

အစ်ကိုရေ ကျနော်လည်း တတ်နိုင်သလောက် ၀ိုင်းလုပ်ပါ့မယ် :)

ကျေးဇူးပဲ ညီလေးရေ။ အားကိုးပါတယ်။ ဒီလို စကားမျိုး ကြားချင်နေတာ။ ညီအချိန်မှာ ညီလေးလို စိတ်ဓါတ်နဲ့ လူတွေ အများကြီး လိုနေတယ်လေ။

ဟုတ်ကဲ့ပါ..... ကျွန်တော်လည်း ကြည့်ဦးမယ် :)