Proposal from uni (myanmar.mpei.ru)

ဒီနေ့ ကျောင်းအာဏာပိုင်တွေနဲ့ တွေ့ပြီး သူတို့အနေနဲ့ ကျွန်တော့် ပရောဂျက်တွေကို ကူညီနိုင်တာ ကူညီပေးမယ်လို့ ကမ်းလှမ်းတယ်။ ဒီဘလောက်ရယ် ရုရှ-မြန်မာ အဘိဓါန် လင်ဗို နဲ့ အွန်လိုင်း ပရောဂျက်တွေကို စိတ်ဝင်စားပြီး အဲဒီလို ကမ်းလှမ်းလာတာ ဖြစ်တယ်။ ကမ်းလှမ်းတာ ကြာပါပြီ နွေကထဲက ဒုပါချုပ်က တွေ့ချင်လို့ ချိန်းခဲ့ပေမယ့် သူ့ရဲ့ အရေးပေါ် ဂျာမဏီ ခရီးစဉ်ကြောင့် ပျက်ခဲ့ ရတယ်။ ကျွန်တော့် ရဲ့ မနေ့က အကြို စာတမ်းဖတ်ပွဲ အပြီးမှာ တစ်ခါတည်း တင်ပြနိုင်ခဲ့လို့ ဆွေးနွေးမှုလေး ပြန်အသက်ဝင်လာတာ ဖြစ်ပါတယ်။
ဒီတော့ ဒီနေ့ ရလာတဲ့ ဆွေးနွေးပွဲ ရလာဒ်က ကျောင်းက ဆပ်-ဒိုမိန်း တစ်ခုလုပ်ပေးမယ်ပေါ့လေ။ myanmar.mpei.ru ဆိုတဲ့ နာမည်ကို သုံးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီမှာ simple static website လေး လုပ်ကြမယ်။ စာတမ်းတွေ၊ သီးစစ်တွေတင်မယ်။ ဘလောက်တွေ၊ အဘိဓါန်တွေကို လင့်ချိတ်မယ်။ မြန်မာ စာပေ၊ ယဉ်ကျေးမှု၊ ဓါတ်ပုံ၊ သမိုင်း စတာတွေကို ရေးနေတဲ့ သူတွေကို လင့်လုပ်မယ်။ မြန်မာ့ ယဉ်ကျေးမှုတွေ၊ သမိုင်းတွေကို ရုရှ ဘာသာနဲ့ ရှင်းပြမယ်။ နဲနဲ ချင်းပေါ့။ ဆရာဆရာမတွေ အကူအညီလဲ ယူရမယ်။ မြန်မာကျောင်းသားတွေ အိပ်မောကျ နေရာ က ထကြပါတော့။ ရေးနိုင်တဲ့ အပိုင်းကို ရေးကြပြီး ပေးပို့ကြစေချင်ပါတယ်။
အဘိဓါန်ကိုလဲ အမြန်ဆုံး ပါဝင်ကူညီကြပါ။ ဒီ အဘိဓါန်ကို မြန်မာတိုင်း ဆိုင်တယ်။ ဝင်ရေးသူတိုင်း ပိုင်တယ်။ ကျွန်တော် မပိုင်တော့ဘူး။ အရင် လို ရှည်ရှည်ဝေးဝေးတွေ ရေးပြီး သိပ်မရှင်းပြနိုင်တော့ဘူး။ ကျွန်တော်ပြန်သွားရင် ကျွန်တော့်လို ခံယူချက်ရှိသူတိုင်း ဝင်ရောက် ရေးကြ ပြင်ကြပါ။ မှန် တယ်ထင်ရင် ပြင်သာပြင်။ ဝီကီ လမ်းစဉ်ကလဲ ရဲရဲ ပြင်ဖို့ပဲလေ။
အဓိက အောင်မြင်မှုက ကျောင်းအာဏာပိုင်တွေ အနေနဲ့ ဒီဆိုဒ်ကို တက္ကသိုလ်တစ်ခုလုံး သိရှိ စိတ်ဝင်စားအောင် ကူညီ ကြော်ငြာပေးမယ့် အချက်ပဲ။ ဒီအတွက် ကျောင်းကို တကယ်ကျေးဇူးတင်မိပါတယ်။ မြန်မာ က UFL က ဆရာ ဆရာမများကိုလဲ အထူးပဲ ဖိတ်ခေါ်ချင်ပါတယ်ဗျာ။
ဒီတော့ အဲဒီဆိုဒ်လေးမှာ လိုအပ်တဲ့ စာတွေ ပုံတွေ ဝိုင်းဝန်းကူညီပေးကြပါ။ အရည် အသွေး မြင့်မားတဲ့ မြန်မာ့ ဓါတ်ပုံ ကောင်းကောင်းလေးတွေ လှူတန်းပေးကြပါခင်ဗျာ။ လောလောဆယ် ကိုမောင်လှ ကြီးဆီက တောင်းထားပါတယ်။ နောက်ထပ် ကူညီမယ့်သူများကို ကြိုဆိုပါတယ်။
လုပ်စရာတွေများလွန်းလို့ စာအရေးအသား မညက်တာ ခွင့်လွှတ်ကြပါခင်ဗျာ။

Please Share This Post

Share on Facebook Plus on Google+

3 ယောက်က ဒီလိုပြောတယ်

Great News ပဲ အစ်ကိုကြီး၊ ကြိုးစားမှုတွေ အတွက် လေးစားပါတယ်ခင်ဗျာ. :)

အကိုရေ ကြိုက်တယ်ဗျ ဒါမျိုးလေးတွေကိုမျှော်နေတာ
အကို့ရဲ့စိတ်ဓါတ်ကိုလေးစားတယ်ဗျာ