From Russia with Love - 2

အလွမ်းတွေ သည်းနေတုန်းဆိုတော့ အဲဒီတုန်းက တစ်ရက်တည်းကို ကဗျာနှစ်ပုဒ် ရေးဖြစ်ခဲ့တယ်။ အိပ်၍မပျော်သော ညများ ပေါ့နော်…
အကယ်၍သာ…..
"ကောင်း" ရယ်
နှင်းသည်းတဲ့ နိုင်ငံမှာ
မောင်စိုက်တဲ့ အလွမ်းသစ်ပင်
ယှဉ်နိုင်သူ ယှဉ်ရော့ပဲ။
ရေခြား၊ မြေခြား
အို… ကမ္ဘာတောင် ခြားထားပြီပဲ
ရင်ထဲမှာ သွေးစက်လက်နဲ့
အလွမ်း ဒါဏ်ရာတွေ ဗလပွမို့
ဒီမောင်မှာ အခါခါ စိတ်တင်းလဲ
လွမ်းတေးဆို၊ ငိုချင်နေမိတုန်းပဲလေ။
ညနက်နက်တွေ တိုင်းလဲ
ကြယ်စင်တွေ ရေတွက်ရင်း
မိုးအလင်းမှာ အိမ်ပြန်ချင်မိတယ်။
တကယ်တော့
ဒီအလွမ်းတွေကို
ခွန်အားတွေ အဖြစ် ဖန်ဆင်းဖို့
တောင်ပံ တစ်စုံကို ဝတ်ဆင်ပြီး
ပျံသန်းခဲ့ပါ ချစ်သူရေ။
ဘလူးဖီးနစ်
ရုရှရောက် ကဗျာ အမှတ်(၂)
၃၀-၀၉-၂၀၀၂
ဒီအချိန်လေးက အလွမ်းပင်လယ်ထဲ လက်ပစ်ကူးနေချိန်လေးဆိုတော့ လွမ်းတာတွေ များများပါနေတာ နားလည်ပေးပါဗျာ။ ခုနေ ပြန်ဖတ်ကြည့်တာ ခက်ရှက်ရှက်ပဲ။ ဒါပေမယ့် အမှတ်တရမို့ တင်ဖြစ်တာပါ။ ဆက်ရန်.........

Please Share This Post

Share on Facebook Plus on Google+