ရှေးဟောင်း တရုတ်ရိုးရာ အပ်စိုက်ကုထုံးနှင့် သိပ္ပံနည်းကျ သုတေသန

အပ်စိုက် ကုထုံး၏ နည်းစနစ်များကို ကြွက်များတွင် သိပ္ပံနည်းကျ စမ်းသပ်ခဲ့ရာ အကိုက်အခဲသက်သာမှုသည် placebo effect (ကုသမှု ကောင်းစွာခံယူပြီး ဖြစ်သည်ဟူသော စိတ်စွဲလမ်းမှု) တစ်ခုတည်းကြောင့် မဟုတ်ဘဲ ဆဲလ်များကို လှုံ့ဆော် ပေးခြင်းဖြင့် ခန္ဓာကိုယ်မှ ထွက်လာသော အကိုက်အခဲပျောက်စေသည့် adenosine (အဒန်နိုဆင်း) ဓာတ် များကြောင့် ဖြစ်ကြောင်း ခန့်မှန်းသိရှိနိုင်ခဲ့သည်။

Photograph: Jon Feingersh / Getty Images
သိပ္ပံ ပညာရှင်များ အနေဖြင့် လက်နာ နေသော ကြွက် များကို အပ်စိုက် ပေးခြင်းဖြင့် ရှေးဟောင်း တရုတ် လူမျိုးများ အသုံးပြုခဲ့သော အပ်စိုက် ကုထုံးဖြင့် အနာ သက်သာ စေသည့် နည်းလမ်း ၏ လျို့ဝှက်ချက် ကို ဖေါ်ထုတ်ရန် ကြိုးပမ်း ခဲ့ကြသည်။
လေ့လာချက်တွင် နာရီဝက်ခန့် အပ်စိုက်ကုပြီးနောက် အကိုက်အခဲ သက်သာစေသည့် ဓာတ်များ ထွက်လာကာ ကြွက်များအနေဖြင့် အနာ သက်သာ လာသည်ကို တွေ့ရှိခဲ့ရသည် ဟုဆိုသည်။ အပ်များ၏ လှုံ့ဆော်မှုကြောင့် ဆဲလ်များမှ adenosine ထွက်လာပြီး အပ်စိုက်ပြီး တစ်နာရီကျော်ကြာသည်အထိ နာကျင်ကိုက်ခဲမှု ကို သက်သာစေသည်။
အဆိုပါ တွေ့ရှိချက်သည် ယခင်က သိပ္ပံပညာရှင်များအနေဖြင့် ကျယ်ပြန့်စွာ လက်ခံ ယူဆထားခဲ့သော အပ်စိုက်ကုထုံးကြောင့် အနာသက်သာခြင်းသည် လူနာများ၏ စိတ်စွဲလမ်းခြင်း ကြောင့် သာ ဖြစ်သည် ဟူသော အတွေးအခေါ် ဟောင်းများ ကို စိန်ခေါ်လိုက်ခြင်း လည်း ဖြစ်သည်။
အဆိုပါ သုတေသန လုပ်ငန်းကို ဦးဆောင်ခဲ့သော နယူးယောက် University of Rochester Medical Centre မှ neuroscientist တစ်ဦးဖြစ်သူ Maiken Nedergaard က အခုလို သတိပေးခဲ့ပါတယ်။ ဒီကုထုံး ကနေ စိတ်ထင်လို့ မဟုတ်ဘဲ တကယ် ရောဂါ သက်သာ စေတာကို လက်မခံသေး သရွေ့ သုတေသန အဆင့်ကနေ လက်တွေ့ အသုံးချနိုင်မယ့် နည်းပညာ တစ်ခုအဖြစ် ဖွံ့ဖြိုးလာဖို့ ခက်ခဲနေဦးမယ် လို့ ပြောခဲ့ပါတယ်။
အချို့လူတွေ အနေနဲ့ ဒီလို သုတေသနမျိုးကို အသုံးမဝင်တဲ့ ခပ်ပေါပေါ အလုပ်လို့ သတ်မှတ် ကြပေမယ့် Nedergaard ကတော့ အဲဒီအချက်ဟာ မှားယွင်း နေတယ်လို့ ယူဆထား ပါတယ်။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ပညာရပ်တစ်ခုကို သိပ္ပံနည်းကျ လေ့လာဆန်းစစ်နိုင်မယ် ဆိုရင် အကျိုးများမယ်လို့ ယုံကြည်နေပဲ ဖြစ်ပါတယ်။
တကယ်တော့ အပ်စိုက်ကုထုံးသည် တရုတ်ပြည်တွင် ရှေးနှစ်ပေါင်း ၄၀၀၀ ခန့်ကပင် စတင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထိုနည်းစနစ် တွင် သေးသွယ် ပါးလွှာသော အပ်များကို ခန္ဓာကိုယ်အတွင်း သတ်မှတ်ထားသော နေရာများသို့ ထိုးသွင်းခြင်း၊ ၄င်းအပ်များကို အပူပေးခြင်း၊ လှည့်ပေးခြင်း နှင့် လျှပ်စစ်ဖြင့် တို့ပေးခြင်းများ ပါဝင်ပါသည်။
တရုတ် ရိုးရာ သမားတော်များက အပ်စိုက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်း လည်ပတ် နေသော ချီ(သို့)ကွီ စွမ်းအင်ကို တိုးပွားစေသည်ဟု ယုံကြည်ကြသည်။ သို့ရာတွင် ယခု သုတေသန တွေ့ရှိချက်များကမူ လျို့ဝှက် ဆန်းကြယ်မှုများ မပါဝင်ပဲ ရိုးရှင်းသော အဖြေကို ညွှန်ပြနိုင်ခဲ့သည်။
Nedergaard အနေနဲ့ အနာ သက်သာစေတဲ့ အဓိက လျို့ဝှက်ချက်ကို ရှာတွေ့ပြီလို့ ယုံကြည်မိပါတယ်။ Adenosine သည် anti-inflammatory compound တစ်မျိုးဖြစ်ပြီး ကြာရှည် နာကျင် ကိုက်ခဲမှုများကို ဖြစ်စေသည့် inflammatory ဓာတ်များကို ဆန့်ကျင်နိုင်စွမ်း ရှိသည်။
ကြွက်များနှင့် စမ်းသပ်ခဲ့ပုံမှာ ပထမဦးစွာ ကြွက်တိုင်း၏ ခြေထောက်များကို inflammatory ဓာတုပစ္စည်းများ ထိုးသွင်းခြင်းဖြင့် နာကျင်အောင် ပြုလုပ်လိုက်သည်။ ကြွက် တစ်ဝက်လောက်မှာ အဓိက အာရုံကြောများ အနီးတွင် ရှိတတ်သည့် adenosine ကို လက်ခံနိုင်သော receptors များ မျိုးရိုးဗီဇထဲတွင် ပါမလာကြပေ။
ကုသမှု ပြုလုပ်ပုံမှာ နာနေသော ခြေထောက် များ၏ ဒူးဆစ်ပေါ်ရှိ အမှတ်ကို အပ်များဖြင့် စိုက်ကာ ရှေးရိုး ကုထုံးများ အတိုင်း ၄င်း အပ်များကို နာရီဝက်ခန့် အလှည့်ကျ လှည့်ပေးခြင်း ဖြစ်သည်။
အပ်စိုက် ကုထုံး ၏ ထိရောက်မှုကို တိုင်းတာရန် သုတေသနသမားများ က ဘရပ်ရှ်ကြမ်းကြမ်း တစ်ခုဖြင့် စမ်းသပ် ခဲ့ကြသည်။ ကြွက်များ၏ နာနေသော ခြေထောက်များကို ၄င်း ဘရပ်ရှ်ဖြင့် ထိကြည့်ခြင်းဖြင့် များများနာနေသော ကြွက်က သူ့ခြေထောက်ကို ဘရပ်ရှ်အနားမှ မြန်မြန် ပြန်ရုတ်သွားခြင်းကို မှတ်သား တိုင်းတာ ခဲ့ကြသည်။
သုတေသန အဖွဲ့အနေဖြင့် ပုံမှန် ကြွက် သုံးပုံ နှစ်ပုံ ကို အပ်စိုက်ကုထုံး အသုံးပြု၍ အနာ သက်သာအောင် ပြုလုပ်နိုင်ခဲ့သည်။ သို့သော် adenosine receptor မျိုးရိုးဗီဇ ပါမလာသော ကြွက်များကိုမူ အပ်စိုက်ကုထုံးက ထိရောက်မှု မရှိကြောင်း တွေ့ခဲ့ကြသည်။ ထို receptor များ မပါပဲနှင့် ခန္ဓာကိုယ်ထဲမှ ထွက်လာသော adenosine သည် ထိရောက်မှု မရှိနိုင်ပေ။
ထို့ပြင် အပ်များကို လှည့်မပေး ပါကလည်း ထိရောက်မှု မရှိကြောင်း သတိထားမိခဲ့သည်။ Nedergaard က အပ်များကို လှည့်ပေးကာ ဆဲလ်များကို လုံလောက်သော ထိခိုက်မှု ဖြစ်စေခြင်းဖြင့် adenosine ထုတ်ပေးလာစေ သည် ဟု ဆိုသည်။ ထို့နောက် အာရုံကြောများ အနီးရှိ receptor များမှ adenosine ကို ဖမ်းယူ၍ ဓာတ်တုံ့ပြန်မှု ပြုပြီး နာကျင်မှုကို သက်သာစေခြင်း ဖြစ်သည်။
အပ်စိုက်ကုထုံး၏ နောက်ထပ် လျို့ဝှက်ချက် တစ်ခုမှာ အခြားနေရာများတွင် အပ်စိုက်ခြင်းဖြင့် အကျိုးသက်ရောက်မှု မရှိပဲ သတ်မှတ်ထားသော အပ်စိုက်ပွိုင့်များ တွင် အပ်စိုက်ပေးမှသာ နာကျင်မှုကို သက်သာစေခြင်းဖြစ်သည်။ Nedergaard က အဆိုပါ အပ်စိုက်ပွိုင့်များအနေဖြင့် အဓိက အာရုံကြော လမ်းကြောင်းများ တစ်လျောက်တွင် ရှိနေခြင်းဖြစ်ပြီး ၄င်း နေရာများတွင် adenosine receptor များ အမြောက်အများ ရှိနေသောကြောင့် ဖြစ်သည်ဟု ယုံကြည်နေသည်။
နောက်ဆုံး စမ်းသပ်ချက် အနေဖြင့် ကြွက်များကို adenosine ကြာရှည်ခံစေသော ကင်ဆာကုဆေး တစ်မျိုးကို ထိုးသွင်းပေးလိုက်သည်။ deoxycoformycin ဟု ခေါ်သော အဆိုပါ ဆေးသည် အပ်စိုက်ကုထုံး ၏ အကျိုးသက်ရောက်မှုကို သုံးဆ ထက် ပိုကြာအောင် ထိန်းပေးထားနိုင်ခဲ့သည်။
များသောအားဖြင့် အချို့ သုတေသန သမားများသည် ယခုလို သမားရိုးကျ မဟုတ်သော ကုထုံးများကို လေ့လာခြင်းသည် အကျိုးမရှိ၊ ခေတ်နောက်ကျနေခြင်းသာ ဖြစ်သည် ဟု ယူဆနေကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုနည်းစနစ်များ အကြောင်းကို အပြည့်အစုံ နားမလည် နိုင်ကြသောကြောင့် မယုံကြည်နိုင်ကြခြင်း ဖြစ်သည်ဟု Nedergaard က ယူဆပါသည်။
ယခု လေ့လာတွေ့ရှိချက်မှ အပ်စိုက်ကုထုံးအနေဖြင့် နာကျင်မှုကို မည်သို့ သက်သာစေနိုင်ကြောင်း ရှင်းပြနိုင်ခဲ့သော်လည်း ရှေးရိုး သမားတော်များ ယုံကြည် မျှော်လင့် နေကြသည့် အခြား ကျန်းမာရေး အကျိုးကျေးဇူးများ ကိုတော့ သက်သေ ပြနိုင်ခဲ့ခြင်း မရှိသေးပါ ခင်ဗျား။
ဒေါက်တာ အောင်ဝင်းထွဋ်
Ph.D(E.P) M.P.E.I
http://www.engineer4myanmar.com
မူရင်း ဆောင်းပါး
သိပ္ပံဆောင်းပါးရှင် Ian Sample, ရေးသားသော
Acupuncture may ease pain by triggering release of natural painkiller
guardian.co.uk

Please Share This Post

Share on Facebook Plus on Google+