OOP in C++ : အပိုင်း (၉) – for loop

Loops ဆိုသည်မှာ ပရိုဂရမ်၏ အစိတ်အပိုင်းအချို့ကို အကြိမ်အရေအတွက် တစ်ခုအထိ အကြိမ်ကြိမ် လုပ်ဆောင်ခြင်းပင် ဖြစ်သည်။ ထိုသို့ ထပ်ခါတလဲလဲ လုပ်ဆောင်ခြင်းသည် condition အခြေအနေ မှန်ကန်နေသမျှပင် ဖြစ်သည်။ အဆိုပါ condition မှားယွင်းသွားသည်နှင့်တပြိုင်နက် Loop ပြီးဆုံးသွားပြီး Loop နောက်က statements များကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။ C++ တွင် for loop, while loop နှင့် do loop ဟူ၍ loops သုံးမျိုး ရှိသည်။
The for Loop
    for loop သည် လူအများအတွက် လေ့လာရာတွင် အလွယ်ဆုံး loop ဖြစ်လေ့ ရှိသည်။ for loop တွင် control elements များသည် တစ်နေရာထဲ၌ စုစည်းထားလေ့ရှိပြီး အခြား loop များတွင်မူ control များသည် ပြန့်ကျဲတည်ရှိသဖြင့် သဘောပေါက်ရန် ခက်ခဲတတ်ခြင်း ဖြစ်သည်။ ၄င်းသည် ကုဒ်အစိတ်အပိုင်းများကို တိကျသော အကြိမ်အရေအတွက်အတွင်း လုပ်ဆောင်လေ့ ရှိသည်။ များသောအားဖြင့် for loop ကို အကြိမ်မည်မျှ လုပ်ဆောင်မည်ဆိုသည့် အချက်အား ကြိုတင် တွက်ဆထားနိုင်သည့် အခြေအနေမျိုးတွင် အသုံးပြုလေ့ ရှိသည်။ အောက်ပါ fordemo.cpp ပရိုဂရမ်တွင် for loop ကို အသုံးပြု၍ 0 မှ 14 အတွင်းရှိ ဂဏန်းများ၏ နှစ်ထပ်ကိန်းကို ရှာပြထားသည်။
// fordemo.cpp
// demonstrates simple FOR loop
#include <iostream>
using namespace std;
int main()
{
int j; //define a loop variable
for(j=0; j<15; j++) //loop from 0 to 14,
cout << j * j << “ “; //displaying the square of j
cout << endl;
return 0;
}
ပရိုဂရမ်ကို RUN ကြည့်လျှင် အောက်ပါ အဖြေများကို ရရှိမည် ဖြစ်သည်။
0 1 4 9 16 25 36 49 64 81 100 121 144 169 196
ဒီ အဖြေတွေ ဘယ်လိုရလာသလဲ လေ့လာကြည့်ကြရအောင်။ for loop မှာ for ဆိုတဲ့ keyword နောက်က လက်သဲ ကွင်းစ၊ ကွင်းပိတ်ထဲမှာ expression သုံးခုကို semicolons တွေနဲ့ ခြားထားပါတယ် - for(j=0; j<15; j++)။ အဲဒီ expression သုံးခုကတော့ initialization expression, test expression နဲ့ increment expression တို့ပဲ ဖြစ်ပါတယ်။
အဆိုပါ expression များတွင် (ခြွင်းချက်အချို့မှအပ) loop variable သို့မဟုတ် looping counter ဟုခေါ်သော variable တစ်ခုတည်းကိုသာ အသုံးပြုလေ့ ရှိသည်။ fordemo.cpp တွင် အသုံးပြုခဲ့သော loop variable မှာ j ဖြစ်သည်။ ၄င်းကို for loop မစမီ defined ပြုလုပ်ပေးထားရန် လိုအပ်သည်။
    Loop ၏ အတွင်းရှိ statements များသည် loop ပတ်နေသမျှ လုပ်ဆောင်နေရမည့် ကုဒ်များပင် ဖြစ်သည်။ fordemo.cpp တွင်မူ cout << j * j << “ “; ကုဒ်တစ်ကြောင်းတည်းသာ အသုံးပြုထားသည်။
     အထက်ပါ statement သည် j တန်ဖိုး၏ နှစ်ထပ်ကိန်းနှင့် နောက်တွင် နေရာလွတ် (spaces) နှစ်နေရာ ကို print လုပ်ပေးပါမည်။ နှစ်ထပ်ကိန်းရရှိရန် j ကို j ဖြင့်ပင် မြှောက်ပေးလိုက်မည် ဖြစ်သည်။ loop ကို ပတ်နေသမျှ j တန်ဖိုးသည် 0,1,2,3, မှ 14 အထိ ပြောင်းလဲလာမည် ဖြစ်သည်။ ထို့ကြောင့် နှစ်ထပ်ကိန်းများဖြစ်သော 0, 1, 4, 9, မှ 196 အထိ ကို ရရှိမည် ဖြစ်သည်။ မှတ်သားရမည့် အချက်တစ်ခုမှာ for statement ၏ အဆုံးတွင် semicolon မထည့်ရခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် for statement နှင့် loop body အားလုံးကို ပေါင်း၍ statement တစ်ကြောင်းအဖြစ် သတ်မှတ်ထားသောကြောင့် ဖြစ်သည်။ အကယ်၍ for statement အဆုံးတွင် semicolon ထည့်ပေးလိုက်ပါက compiler က loop body မရှိဟု ယူဆသွားမည် ဖြစ်ပြီး မျှော်လင့် မထားသည့် ရလာဒ်များ ထွက်ပေါ်လာမည် ဖြစ်သည်။ ၄င်း expressions သုံးခုက loop ကို ဘယ်လို ထိန်းချုပ်သွားသည်ကို လေ့လာကြရအောင်။
The Initialization Expression
Initialization expression ကို loop စစချင်း တစ်ကြိမ်သာ လုပ်ဆောင်ပါသည်။ ၄င်းက loop variable ကို initial value သတ်မှတ်ပေးသည်။ fordemo.cpp တွင်မူ ၄င်းက j ၏ အစ တန်ဖိုးကို 0 သတ်မှတ်ပေးပါသည်။
The Test Expression
Test expression တွင် relational operator ပါဝင်လေ့ ရှိသည်။ Loop ပတ်သည့် အကြိမ်တိုင်း မပတ်ခင် ၄င်းကို မှန်မမှန် စစ်ဆေးသည်။ မှန်လျှင် loop ပတ်၍ မှားခဲ့လျှင် loop မှ ထွက်သွားမည် ဖြစ်သည်။
The Increment Expression
Increment expression ကတော့ loop variable ကို loop တစ်ပတ် ပတ်ပြီးတိုင်း ပြောင်းလဲပေးပါတယ်။ များသောအားဖြင့် increment (တိုးပေး) လုပ်ပေးတာပါ။ ဥပမာ j++ ဆိုရင် loop တစ်ပတ် ပတ်ပြီးတိုင်း j တန်ဖိုးကို 1 တိုးပေးတာပါ။ အောက်ကပုံမှာ for loop ရဲ့ flowchart ကို ပြထားပါတယ်။
How Many Times?
    fordemo.cpp ပရိုဂရမ်လေးမှာ ပါတဲ့ for loop ဟာ ၁၅ ကြိမ်တိတိ အလုပ်လုပ်ပါတယ်။ ပထမဦးဆုံးမျာ j တန်ဖိုးက 0 ဖြစ်ပါတယ်။ ဒါကို initialization expression မှာ သတ်မှတ်ပေးပါတယ်။

နောက်ဆုံး ဖြစ်ရမယ့် j တန်ဖိုးက 14 ပါ။ ဒါကို test expression j<15 က သတ်မှတ်ပေးထားတာပါ။ တကယ်လို့ j တန်ဖိုး  15 ဖြစ်သွားပြီး 14 ထက် ကြီးသွားမယ်ဆိုရင် အဲဒီ expression မှားသွားလို့ for loop ကနေ ထွက်သွားမှာ ဖြစ်ပါတယ်။ များသောအားဖြင့် loop variable ကို 0 ထားပါတယ်။ test expression ကို less-than < operator ကိုသုံးပြီး နောက်က တန်ဖိုးကို ကျွန်တော်တို့ ပတ်ချင်တဲ့ အကြိမ်အရေအတွက်အတိုင်းထားပါတယ်။ (ဒီ ဥပမာမှာက ၁၅ ဖြစ်ပါတယ်)။ တစ်ပတ် ပတ်ပြီးတိုင်း  increment လုပ်ပါတယ်။ fordemo.cpp မှာတော့ loop body မှာ အလုပ်လုပ်ဖို့ ကုဒ် တစ်ကြောင်းသာ ရေးထားပါတယ်။ cout << j * j << “ “;

နောက်ထပ် ဥပမာလေး တစ်ခု ရေးပြပါ့မယ်။
For(count=0;count<100;count++)
          //loop body
အထက်ပါ ပရိုဂရမ်လေးဟာ အကြိမ် ၁၀၀ အတိအကျ လုပ်ပါလိမ့်မယ်။ count တန်ဖိုး 0 ကနေ 99 အထိ for loop ကို ပတ်နေမှာကြောင့်ပဲ ဖြစ်ပါတယ်။
Multiple Statements in the Loop Body
        ကျွန်တော်တို့ အနေနဲ့ loop body ထဲမှာ statement တစ်ကြောင်းမက ရေးဖို့ လိုအပ်လေ့ ရှိပါတယ်။
အဲဒီလို အခြေအနေမျိုးမှာ function တွေ ရေးသလိုမျိုး တွန့်ကွင်း{} အဖွင့်အပိတ် ကြားမှာ ရေးပေးရမှာ ဖြစ်ပါတယ်။ ကွင်းထဲက statement တစ်ကြောင်းချင်းရဲ့ အဆုံးမှာ semicolon ခံပေးရမှာ ဖြစ်ပေမယ့် ကွင်းပိတ်နောက်မှာတော့ demicolon ထည့်မပေးရပါဘူး။ cubelist.cpp ဆိုတဲ့ နောက် နမူနာလေး ရေးပြထားပါတယ်။ ၄င်းက ကနေ ၁၀ကြား ဂဏန်းတွေရဲ့ သုံးထပ်ကိန်းတွေကို ကော်လံ နှစ်ခု နဲ့ တွက်ထုတ်ပေးမှာ ဖြစ်ပါတယ်။ လေ့လာကြည့်ကြရအောင်..
// cubelist.cpp
// lists cubes from 1 to 10
#include <iostream>
#include <iomanip> //for setw
using namespace std;
int main()
{
int numb; //define loop variable
for(numb=1; numb<=10; numb++) //loop from 1 to 10
{
cout << setw(4) << numb; //display 1st column
int cube = numb*numb*numb; //calculate cube
cout << setw(6) << cube << endl; //display 2nd column
}
return 0;
}
အဖြေတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-
1 1
2 8
3 27
4 64
5 125
6 216
7 343
8 512
9 729
10 1000
ဒီပရိုဂရမ်လေးမှာ နောက်ထပ် ပြောင်းလဲမှု အနည်းငယ်ကို ဖြည့်စွက်ထားပါတယ်။ အရင်က loop variable ကို 0 နဲ့ initialized လုပ်ခဲ့ပေမယ့် အခုတော့ 1 နဲ့ လုပ်ထားပါတယ်။ test expression မှာလဲ 9 မသုံးဘဲ 10 ကိုသုံးထားပါတယ်။ အဲဒီလို သုံးနိုင်ဖို့ relational operator ကို < အစား <= (less-than-or-equal-to operator) ကို ပြောင်းသုံးထားပါတယ်။ ရလာဒ်က loop ကို ဆယ်ပတ် ပတ်တာပါ။ 0-9 အစား 1-10 ပြောင်းပေးလိုက်တာပါပဲ။
          နောက်တစ်ခုက loop body တွေမှာ statement တစ်ကြောင်းတည်း ရှိနေခဲ့မယ်ဆိုရင် တွန့်ကွင်းမခတ်ဘဲ ရေးလေ့ ရှိသလို ကွင်းခတ်ပြီးလည်း ရေးနိုင်ပါတယ်။ တွန့်ကွင်းကို မဖြစ်မနေ မလိုအပ်ပေမယ့် ပရိုဂရမ်မာ အများစုကတော့ ဖတ်ရတာ ရှင်းလင်းလွယ်ကူအောင် loop body ရေးတိုင်း ထည့်ပေးတတ်ကြပါတယ်။
Blocks and Variable Visibility
        အဲဒီလို statements တွေ အများကြီးကို တွန့်ကွင်းနဲ့ ခတ်ထားတာကို block of code လို့ ခေါ်ပါတယ်။ အရေးကြီးတဲ့ အချက်တစ်ခုက အဲဒီ block ထဲမှာ defined လုပ်ထားတဲ့ variable ဟာ block အပြင်က မမြင်နိုင်( ယူမသုံးနိုင် ) တာပဲ ဖြစ်ပါတယ်။ cubelist.cpp မှာ ကျွန်တော်တို့ အနေနဲ့ variable cube ကို block အတွင်းမှာ define လုပ်ထားခဲ့ပါတယ်။
int cube = numb*numb*numb;
ဒါကြောင့် သူ့ကို block အပြင်ကနေ access မလုပ်နိုင်ပါဘူး။ ဒါကြောင့် တကယ်လို့ ကျွန်တော်တို့အနေနဲ့ cube = 10; ဆိုတဲ့ ကုဒ်လေးကို block အပြင်ကနေ ရေးသားခဲ့မယ်ဆိုရင် compiler ကနေ error message ပေးမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ cube ဆိုတဲ့ variable ဟာ block အပြင်ဘက်မှာ undefined ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။
အဲဒီလို ကန့်သတ်ချက် ရှိနေခြင်းရဲ့ အားသာချက်တစ်ခုကတော့ မတူညီတဲ့ block တွေ အတွင်းမှာ နာမည်တူပြီး တကယ်တမ်း မတူညီတဲ့ variable တွေ သုံးလို့ ရတာပဲ ဖြစ်ပါတယ်။ (ဒါပေမယ့် စာရေးသူကတော့ အဲဒီလို သုံးတာကို အားမပေးပါဘူး။ မှားသွားရင် သေချာပေါက် ရွာလည်သွားနိုင်ပါတယ်။ variable တွေကို နာမည် သီးသန့်စီ သေသေချာချာပေးတာဟာ မဖြစ်မနေ လုပ်သင့်ပါတယ်။)
Indentation and Loop Style
          ကျွန်တော်တို့ ပရိုဂရမ်ရေးသားတဲ့ နေရာမှာ ပြန်လည် ဖတ်ရှုရလွယ်ကူပြီး ရှင်းလင်းတဲ့ ရေးဟန် ရှိဖို့ လိုအပ်ပါတယ်။ loop တွေကို ရေးသားတဲ့ နေရာမှာလဲ ဖတ်ရလွယ်ပြီး ရှင်းနေအောင် ညာဘက်ကို indented လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဆိုလိုတာက tab ခံပြီး ရေးသားဖို့ကို ပြောတာ ဖြစ်ပါတယ်။ ဒီလို ရေးသားခြင်းကြောင့် loop အစနဲ့ အဆုံးကို အလွယ်တကူ မြင်နိုင်မှာ ဖြစ်ပါတယ်။ ကွန်ပိုင်လာ ကတော့ indent လုပ်၊ မလုပ် မသိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ပရိုဂရမ်မာတွေ ဖတ်ရ၊ ပြင်ဆင်ရ လွယ်အောင်တော့ လုပ်ပေးသင့်ပါတယ်။
There is a common variation on the style we use for loops in this book. We show the braces aligned vertically, but some programmers prefer to place the opening brace just after the loop statement, like this:
ကျွန်တော်တို့ တွန့်ကွင်းအစကို ရေးသားတဲ့ နေရာမှာ တွန့်ကွင်းအဆုံးနဲ့ တစ်တန်းတည်း ရေးသားလေ့ ရှိပါတယ်။ ဒါပေမယ့် အချို့ပရိုဂရမ်မာတွေကတော့ အောက်ပါပုံစံမျိုးနဲ့ loop statement အဆုံးမှာ တွန့်ကွင်း အစကို ရေးတတ်ကြပါတယ် -
for(numb=1; numb<=10; numb++) {
cout << setw(4) << numb;
int cube = numb*numb*numb;
cout << setw(6) << cube << endl;
}
This saves a line in the listing but makes it more difficult to read, since the opening brace isharder to see and harder to match with the corresponding closing brace. Another style is to indent the body but not the braces:
ဒီလိုရေးသားခြင်းအားဖြင့် ကုဒ်တစ်လိုင်း ပိုတိုသွားစေပါတယ်။ ဒါပေမယ့် တွန့်ကွင်းအစကို မျက်စိရှမ်းသွားတတ်ပြီး ဖတ်ရ ပိုခက်သွားစေပါတယ်။ ဖတ်ရရှင်းလင်း လွယ်ကူတဲ့ ရေးနည်းကတော့ တွန့်ကွင်း အဖွင့်နဲ့ အပိတ်ကို တစ်တန်းတည်းထားပြီး loop body ကိုတော့ indent ပြုလုပ်ထားတဲ့ style ပဲဖြစ်ပါတယ်။
for(numb=1; numb<=10; numb++)
{
cout << setw(4) << numb;
int cube = numb*numb*numb;
cout << setw(6) << cube << endl;
}
          ဘယ် style ပဲသုံးသုံး ဖတ်နေကျမဟုတ်တဲ့ သူအတွက်တော့ အခက်အခဲ အနည်းငယ် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် style တစ်ခုတည်းကိုပဲ စွဲစွဲမြဲမြဲ အသုံးပြုကြဖို့ အကြံပြုလိုပါတယ်။

Debugging Animation
Loop operation တွေ ဘယ်လို လုပ်ဆောင်တယ်ဆိုတာကို အသေးစိတ် လေ့လာနိုင်ဖို့အတွက် compiler တွေမှာ ပါလေ့ရှိတဲ့ debugging features တွေကို အသုံးပြုသင့်ပါတယ်။ single-stepping ကိုသုံးပြီး ကုဒ်တစ်ကြောင်းချင်း ဘယ်လို အလုပ်လုပ်တယ်၊ variable တွေ ဘယ်လို ပြောင်းလဲသွားတယ် ဆိုတာတွေကို လေ့လာနိုင်ပါတယ်။ အဲဒီအကြောင်းကို နောက်ပိုင်းမှာ အသေးစိတ် ရေးပါဦးမယ်။
for Loop Variations
The increment expression doesn’t need to increment the loop variable; it can perform any operation it likes. In the next example it decrements the loop variable. This program, FACTOR, asks the user to type in a number, and then calculates the factorial of this number. (The factorial is calculated by multiplying the original number by all the positive integers smaller than itself. Thus the factorial of 5 is 5*4*3*2*1, or 120.)
ကျွန်တော်တို့ အနေနဲ့ increment expression ကို loop variable တွေကို increment လုပ်ဖို့သာမက အခြား သင့်တော်ရာ operation များကိုလည်း လုပ်ဆောင်ဖို့ အသုံးပြုနိုင်ပါတယ်။ နောက် ဥပမာ တစ်ခုမှာ ၄င်းကို loop variable တန်ဖိုး decrement လုပ်ဖို့ အသုံးပြုထားပါတယ်။ factor.cpp ဆိုတဲ့ ပရိုဂရမ်လေးမှာ user ထည့်ပေးလိုက်တဲ့ ဂဏန်း တစ်ခုရဲ့ factorial ကို ရှာပြထားပါတယ်။ (factorial ဆိုတာကတော့ မူလဂဏန်းကို သူ့ထက်ငယ်တဲ့ positive integers တွေ အားလုံးနဲ့ မြှောက်ထားတာပါ။ ဒါကြောင့် 5 ရဲ့ factorial ဟာ 5*4*3*2*1 = 210 ဖြစ်ပါတယ်)
// factor.cpp
// calculates factorials, demonstrates FOR loop
#include <iostream>
using namespace std;
int main()
{
unsigned int numb;
unsigned long fact=1; //long for larger numbers
cout << “Enter a number: “;
cin >> numb; //get number
for(int j=numb; j>0; j--) //multiply 1 by
fact *= j; //numb, numb-1, ..., 2, 1
cout << “Factorial is “ << fact << endl;
return 0;
}
ဒီဥပမာလေးမှာ j တန်ဖိုးကို initialization expression သုံးပြီး user ထည့်ပေးတဲ့ တန်ဖိုးကို ပေးလိုက်ပါတယ်။ test expression ကတော့ j တန်ဖိုးထက် ကြီးနေသမျှ loop ပတ်နေစေပါတယ်။ Increment expression ကတောပ j တန်ဖိုးကို loop တစ်ကြိမ် ပတ်ပြီးတိုင်း တစ် လျှော့ပေးပါတယ်။ ဒီနေရာမှာ unsigned long ကို factorial တန်ဖိုး ထည့်သွင်းဖို့ အသုံးပြုထားတာ ဖြစ်ပါတယ်။ factorial တန်ဖိုးတွေက ကြီးမားတတ်လို့ပဲ ဖြစ်ပါတယ်။ အောက်မှာ ပြထားတဲ့ factorial တန်ဖိုးတွေကို ကြည့်ခြင်းအားဖြင့် ခန့်မှန်းနိုင်ကြပါတယ်။
Enter a number: 10
Factorial is 3628800
ဒီ ပရိုဂရမ်မှာ ကျွန်တော်တို့ အကြီးဆုံး ရှာနိုင်တဲ့ factorial ကတော့ 12 အတွက်ပဲ ဖြစ်ပါတယ်။ အဲဒီထက် ကြီးတဲ့ တန်ဖိုးတွေကို ထည့်သွင်းခဲ့မယ် ဆိုရင်တော့ error message မပြဘဲ မှားယွင်းတဲ့ ရလာဒ်တွေ ထွက်လာမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် variable တွေကို define လုပ်တဲ့ နေရာမှာ data type မှန်ကန်အောင် သတ်မှတ်ပေးနိုင်ဖို့ အရေးကြီးတာပဲ ဖြစ်ပါတယ်။
Variables Defined in for Statements
နောက်နည်းတစ်ခုကတော့ loop variable (ဒီဥပမာမှာ j)ကို loop statement ထဲမှာပဲ define ပြုလုပ်ပေးခြင်းပဲ ဖြစ်ပါတယ်။
for(int j=numb; j>0; j--)
အသုံးများသလို ကောင်းမွန်တဲ့ loop variable define ပြုလုပ်နည်းပဲ ဖြစ်ပါတယ်။
အဲဒီလို define ပြုလုပ်လိုက်တဲ့ variable ကို loop body ကပဲ မြင်နိုင် (အသုံးပြုနိုင်) ပါတယ်။ (ကွန်ပိုင်လာ ပေါ်မူတည်ပြီး ခြွင်းချက်တော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် Standard C++ မှာတော့ မမြင်နိုင်ပါဘူး)

Multiple Initialization and Test Expressions
ကျွန်တော်တို့ အနေနဲ့ for statement ရေးသားတဲ့ နေရာမှာ initialization ကို expression တစ်ခုထက် ပိုပြီး ရေးလို့ ရပါတယ်။ comma နဲ့ ခြားပေးရပါတယ်။ အဲဒီလိုပဲ increment expression ကို လဲ ရေးလို့ရပါတယ်။ ဒါပေမယ့် test expression ကိုတော့ တစ်ခုပဲ ရေးသားလို့ ရပါတယ်။
for( j=0, alpha=100; j<50; j++, beta-- )
{
// body of loop
}
အထက်ပါ ဥပမာမှာတော့ normal loop variable j ကို သုံးထားပါတယ်။ နောက်ထပ် အခြား variable တစ်ခုဖြစ်တဲ့ alpha ကိုလည်း initialize လုပ်ပေးထားပါတယ်။ incremental expression မှာတော့ j ကို ပုံမှန် increment လုပ်ပေးထားပြီး တတိယ variable ဖြစ်တဲ့ beta ကိုတော့ decrement လုပ်ထားပါတယ်။
တကယ်တော့ ကျွန်တော်တို့ လိုအပ်လာရင် အဲဒီ expression အချို့၊ သို့မဟုတ် အားလုံးကို မရေးဘဲ ချန်လှပ်ထားခဲ့နိုင်ပါတယ်။ ဥပမာ for(;;) ဟာ while loop ကို test expression true ထည့်ပေးထားတာနဲ့ တူညီပါတယ်။ နောက်ပိုင်းမှာ while loop တွေ အကြောင်းကို ရေးသွားပေးသွားမှာပါ။ အဲဒီလို ရေးနည်းမျိုးကို အတတ်နိုင်ဆုံး ရှောင်ရမှ ဖြစ်ပါတယ်။ ဖတ်ရခက်ခဲ စေတာကြောင့်ရယ် ရလာဒ် အတူတူရအောင် အခြားနည်းလမ်းတွေနဲ့ ပိုမိုရိုးရှင်းစွာ ရေးသားနိုင်သေးတာကြောင့်ပဲ ဖြစ်ပါတယ်။
နောက်အပတ်တွေမှာတော့ ကျန်ရှိနေသေးတဲ့ looping တွေအကြောင်းကို ဆက်လက် ဆွေးနွေးသွားပါမယ်ခင်ဗျာ။ ဤအခန်းဆက် ဆောင်းပါးများဟာ IT ကျောင်းသားများအတွက် အထူးရည်ရွယ်ပြီး ရေးသားထားတာ ဖြစ်ပါတယ်။ သိလိုသည်များကို aungwh2013@gmail.com ကို ဆက်သွယ်ပြီး မေးမြန်းနိုင်သလို YCC ကျောင်းသားများ အတွက်လည်း အောက်ဖော်ပြပါ လိပ်စာရှိ တော်ဝင် ကွန်ပျူတာ စင်တာ၌လည်း လေ့လာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
အကိုးအကား
Object-Oriented Programming in C++(4th edition), Robert Lafore, Copyright©2002 by Sams Publishing: ISBN 0-672-32308-7
Dr. အောင်ဝင်းထွဋ် (bluephoenix)
http://www.tech4mm.com
တော်ဝင် ကွန်ပျူတာ စင်တာ
၁၇၉ စ၊ သုမင်္ဂလာ၊ ဈေးလေး အနောက်ဘက်၊ ပြင်ဦးလွင်မြို့


Please Share This Post

Share on Facebook Plus on Google+