အပြုသဘောဆန်စွာ လက်တွဲသွားကြသင့်ပါသည်

သေသေချာချာ စဉ်းစားကြည့်မိတော့ စိတ်မကောင်းစရာတွေ သွားတွေ့တယ်ဗျာ။အင်ဂျင်နီယာ၊ ကျောင်းဆရာ၊ ဆရာမ၊ ဆရာဝန်၊ တပ်မတော်သား၊ ယာဉ်ထိန်းရဲ၊ EPC ဝန်ထမ်း၊ ပြည်သူ့ရဲ စတဲ့ စံနမူနာပြ လူတန်းစားတွေကို လူတွေက အကြည်အညိုပျက်၊ မလေးစားဘဲ ပေါ်တင် စော်ကားနေကြတာကိုပါ။
...
တကယ်က ဘယ်လူတန်းစားမဆို စုန်းပြူးဆိုတာ ရှိပါတယ်။ မောင်ဖြူ၊ မောင်နီ စသဖြင့် မကောင်းတဲ့ လူ အမည်တပ်ပြီး ရဲရဲပြောလိုက်စမ်းပါ။
...
ကိုယ်မပြောရဲတဲ့ သူရှိလို့ မဆိုင်တဲ့ အဖွဲ့အစည်းတွေ၊ လူတန်းစားတွေကို နာမည်တပ်ပြီး ပြောတာ သူရဲဘောကြောင်ရာ ရောက်သလို တိုင်းပြည်ကို ဖျက်ရာလဲ ရောက်ပါတယ်။ တကယ်မကျေနပ်ရင် တရားလိုလုပ်ပြီး တရားစွဲစေချင်ပါတယ်..
...
သူများကို ပြောနေတဲ့ သူတွေက ကိုယ်ကိုယ်တိုင်ကရော ဘယ်လောက်များ အပြစ်ကင်းပြီး တိုင်းပြည်ကောင်းကျိုး သယ်ပိုးထားပြီလဲလို့ မေးစရာလဲ ဖြစ်လာပါတယ်။
...
အဲဒီလူတန်းစားတွေကို မလေးစားတဲ့ အတွက်ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေက အဆိုးတွေများပါတယ်။ ကျွန်တော့်အနေနဲ့ ပညာတတ်တစ်ယောက်ပီပီ ဘယ်အချိန်မဆို ဘက်မလိုက်ဘဲ တွေးခေါ်ဆုံးဖြတ်ဖို့ ကြိုးစားခဲ့သူပါ။ ပြောချင်ရင်တောင် ပါးစပ်ပိတ်နေခဲ့တာလဲ များပါတယ်။ အခုအချိန်မှာတော့ ကြောက်စရာ အကျိုးဆက်တွေကို မြင်လာရပြီ ဖြစ်လို့ အမုန်းခံပြီး ပြောရတာပါ။
...
အနာဂတ်ကို တည်ဆောက်ကြမယ့် ကျွန်တော်တို့ သားသမီးတွေဟာ ဆရာကို မလေးစားတဲ့ တပည့်တွေဖြစ်လာရင်ကိုပဲ တိုင်းပြည်အတွက် ရင်လေးစရာ ကောင်းပါတယ်။ တပည့်ကို ရဲရဲ မဆုံးမရဲတဲ့ ဆရာတွေက မွေးထုတ်လိုက်တဲ့ သားသမီးတွေကိုရော ကျွန်တော်တို့ အားကိုးလို့ ရနိုင်ပါ့မလား။
...
သူများတွေမှားတာ သူတို့တာဝန်ယူကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့က အဲဒီအမှားကို အကြောင်းပြပြီး တိုင်းပြည်ချစ်သလိုလိုနဲ့ ရေတိမ်နစ်အောင် မလုပ်ကြသင့်ပါဘူး။
...
အခုလို အစိတ်စိတ်အမွှာမွှာ ကွဲသလို တစ်ယောက်ကို တစ်ယောက် မယုံကြည်တဲ့ သံသယတွေနဲ့ ပူလောင်နေကြမယ်ဆိုရင် ကိုယ့်တိုင်းပြည်ကို အမဲဖျက်ဖို့ချောင်းနေတဲ့ လူလည်တွေ အကြိုက်ဖြစ်နေမှာပါဗျာ။
...
တကယ်တော့ အိုးမည်းသုတ်ခံထားရတဲ့ အိမ်ကြက်တွေ အချင်းချင်း၊ တစ်ယောက်မျက်နှာ တစ်ယောက် မေတ္တာနဲ့ ကြည့်လို့ အပြုသဘောဆန်တဲ့ ဖေးမမှုတွေနဲ့ အကောင်းဆုံးလက်တွဲသွားကြမယ်ဆိုရင် ချမ်းသာတဲ့ တိုင်းပြည် ဖြစ်မလာတောင် နေချင်စရာ တိုင်းပြည်တော့ ဖြစ်နေဦးမယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်ခင်ဗျာ...

Please Share This Post

Share on Facebook Plus on Google+