Showing posts with label ဘလူးဖီးနစ်. Show all posts
Showing posts with label ဘလူးဖီးနစ်. Show all posts

Tuesday, July 1, 2008

Gtalk ကနေ ဖုန်းအလကား ခေါ်ကြရအောင်!!!

Voip လို့ခေါ်တဲ့ service တွေ အရမ်းကို ခေတ်စား လာပါတယ်။ အင်မတန်မှ ဈေးချိုချိုနဲ့ ဆက်သွယ်မှုတွေကို အင်တာနက်မှ တဆင့်ပြုလုပ်နိုင်ခဲ့တာ ကြာပါပြီ အခုတစ်ခါမှာတော့ နိုင်ငံ ၃၀ ကို gtalk ကနေ အခမဲ့ အကန့်အသတ်မရှိ ဆက်သွယ်နိုင်တဲ့ နည်းလမ်းလေးကို မိတ်ဆက်ပေးပါရစေ ခင်ဗျာ။

ဆက်သွယ်လို့ ရတဲ့ နိုင်ငံ ၃၀ ကို အရင်ပြောပါမယ်။
Country name - Country code - Dialing code
Argentina AR +54
Australia AU +61
Austria AT +43
Belgium BE +32
Canada CA +1
Chile CL +56
China CN +86
Czech Republic CZ +420
Denmark DK +45
El Salvador SV +503
Finland FI +358
France FR +33
Germany DE +49
Hong Kong HK +852
Hungary HU +36
Ireland IE +353
Israel IL +972
Italy IT +39
Latvia LV +371
Lithuania LT +370
Luxembourg LU +352
Mexico MX +52
Netherlands NL +31
Norway NO +47
Peru PE +51
Poland PL +48
Romania RO +40
Slovakia SK +421
Slovenia SI +386
Spain ES +34
Sweden SE +46
Switzerland CH +41
United Kingdom GB +44
United States US +1
ဒီထဲမှာ မြန်မာ နဲ့ စင်ကာပူ မပါလို့ စိတ်မကောင်းဖြစ်နေကြသူများ ဒီမှာ စာရင်းပေးသွင်းနိုင်ပါပြီ။

အသုံးပြုပုံကို အောက်မှာ တစ်ဆင့်ချင်း ရှင်းပြထားပါတယ်။
  1. Google Talk ကိုဖွင့်ပါ။
  2. ကိုယ်ဆက်ချင်တဲ့ ဖုန်းနံပါတ်ကို ပုံမှန် gtalk address တွေကို Add သလိုပဲ add လုပ်ပါ။
  3. အဲလိုရိုက်တဲ့နေရာမှာ နိုင်ငံကုဒ်၊ ဒေသကုဒ်တွေကို ပါထည့်ပေးရပါမယ်။ gmail.com နေရာမှာ talkster.gtalk2voip.com ကို ပြင်ဆင်ရိုက်ထည့်ပေးပါ။ (phonenumber@talkster.gtalk2voip.com) ဥပမာ: for UK, use 442071234567@talkster.gtalk2voip.com or for USA , use 12125551212@talkster.gtalk2voip.com
  4. Talkster မှ ပေးပို့တဲ့ confirmation ကို instructions တွေနဲ့ အတူ မြင်ရပါလိမ့်မယ်။ တဘက်မှ သင်ဆက်သွယ်ချင်တဲ့သူသုံးဖို့ local Talkster number တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ အဲဒီနံပါတ်ကို ဖုန်းပြန်ခေါ်ဆိုရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မရှင်းတဲ့ သူတော်တော်များများရှိလို့ ထပ်ပြောပြပါမယ်။ အဲဒီ နံပါတ်က ကိုယ့် ဂျီတော့အိုင်ဒီကို အဲဒီသူက အဲဒီနိုင်ငံကနေ ဖုန်းပြန်ခေါ်လို့ ရအောင် စီစဉ်ထားတာပါ။ Call back system သုံးဘူးတဲ့သူဆို သိပါတယ်။ ကိုယ်က ဒီကနေ ခေါ်လိုက်တာနဲ့ သူ့ဖုန်းမှာ အဲဒီ နံပါတ်ပေါ်ပါတယ်။ ဆယ်စက္ကန့်ပြီးလို့ ကျသွားတာနဲ့ သူက အဲဒီ နံပါတ်ကို ပြန်ခေါ်လိုက်ရုံပါပဲ။ လွယ်ပါတယ်။ တကယ်လို့ သူ့ဖုန်းမှာ နံပါတ်မပေါ်ရင် ကိုယ်က တနည်းနည်းနဲ့ ပို့ပေးပေါ့ဗျာ။ ဂျီမေးလ် ကိုတော့ အမြဲ အွန်ထားဖို့ လိုပါမယ်။
  5. တကယ်လို့ mobile phone ကိုဆက်တာဖြစ်ခဲ့မယ်ဆိုရင်, သူ့အနေနဲ့ SMS ကတစ်ဆင့် သင့်ကိုပြန်လည်ဆက်သွယ်ရန် Talkster call-in number တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ မရသေးဘူးဆိုရင် Talkster number ကို IM ဒါမှမဟုတ် email နဲ့ပေးပို့နိုင်ပါတယ်။

Make calls from your Google Talk
  1. Google Talk Contact List က ကိုယ်ဆက်ချင်တဲ့ နံပါတ်ကို select လုပ်ပါ
  2. Call button ကို Click လုပ်ပြီး စတင်ခေါ်ဆိုပါ။
  3. Talkster က သင်ဆက်သွယ်လိုတဲ့ နံပါတ်ကို gtalk ကတဆင့် ဆက်သွယ်ပေးပါလိမ့်မယ်။
  4. တကယ်လို့ တဘက်လူက ဖုန်းကိုင်ခဲ့မယ်ဆိုရင် သူစကားပြောဖို့ အားရဲ့လား ဆိုတာကို စစ်ဆေးဖို့ 10 seconds အချိန်ရမှာဖြစ်ပါတယ်။ သူ့ကို ဖုန်းချပြီး သင့်အတွက် ရထားတဲ့ Talkster local phone number ကို ပြန်ခေါ်ခိုင်းပါ။
  5. သူပြန်ခေါ်တာကို စောင့်စားနေပါ။ (တကယ်လို့ သူပြန်ခေါ်ရမယ့် သင့်နံပါတ်ကို မသိသေးဘူးဆိုရင် တစ်နည်းနည်းနဲ့ ဆက်သွယ်ပေးပို့ပါ)
  6. သူပြန်ခေါ်တဲ့ အချိန်ကစပြီး သင့်အနေနဲ့ ကြိုက်သလောက် စကားပြောဆိုလို့ ရပြီဖြစ်ပါတယ်။
  7. ပြီးသွားရင် ဖုန်းချလိုက်ရုံပဲပေါ့။
  8. တဘက်လူကို အဲဒီ Talkster call-in number လေးကို သိမ်းထားဖို့ သတိပေးပါ။ သူက သင့် Google Talk ကို ဖုန်းနဲ့ခေါ်ဆိုလိုတိုင်း အဲဒီ နံပါတ်ကို အသုံးပြု ဆက်သွယ်နိုင်ပါပြီ။
no catches, no limits, and no conditions! လို့ သူတို့က ဆိုထားပါကြောင်းခင်ဗျား။

Helpful Hints
ဒီ service လေးကို သုံးဖို့ တဘက်လူမှ Caller ID ကိုဖွင့်ထားပေးဖို့လိုပါမယ်။ ဒီနည်းလမ်းနဲ့ တဘက်ကလူကို အဲဒီ service မှ မှတ်မိသိရှိပြီး ဆက်သွယ်ပေးနေတာ ဖြစ်လို့ပါပဲ။
login တွေ password တွေမလိုတဲ့ လွယ်ကူစွာ ဆက်သွယ်နိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။
အသေးစိတ် သိလိုသေးရင်တော့ www.talkster.com ကို သွားရောက် ဖတ်ရှုနိုင်ပါသည် ခင်ဗျား။
မြန်မာများ ဆက်သွယ်ရေး လွယ်ကူချောမွေ့နိုင်ကြပါစေ ခင်ဗျား။
ဘလူးဖီးနစ်
http://engineer4myanmar.com
1-7-08 15:45
PDF နဲ့ ရယူလိုရင် ဒီက ယူပါ။

မှတ်ချက်။ ဘယ်အရာမှ အလကားမရဘူး ဆိုတဲ့ အတိုင်း ဒီစံနစ်ကို သုံးတဲ့ သူတွေမှာ ဂျီတော့သမားက ပိုက်ဆံမကုန်ပေမယ့် ဖုန်းနဲ့ပြန်ဆက်ရတဲ့သူက ပိုက်ဆံဖြတ်ခံရကြောင်း ကြားသိရပါတယ်ခင်ဗျာ။ ဒါပေမယ့် ဘာပဲပြောပြော လိုအပ်ချက်ရှိလာရင်တော့ အသုံးပြုနိုင်တာမို့ အသုံးဝင်နေဦးမယ်လို့ ထင်ပါတယ်။ စီးပွားရေးသမားတွေရဲ့ လှည့်ကွက်တစ်မျိုးပဲ လို့သာ သင်ခန်းစာ ယူကြပေတော့ဗျို့ :P

ဆက်လက်ဖတ်ရှုရန်

Tuesday, June 24, 2008

spoolsv.exe using 99% of cpu - the solution

printer ရှိတဲ့ သူ တော်တော် များများမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာ တစ်ခု က တစ်ခါတစ်လေ မှာ စက်က အလိုလိုနေရင်း သုံးရတာ လေးလံလာလို့ Task manager မှာ ကြည့်လိုက်တဲ့ အခါ spoolsv.exe က CPU ရဲ့ % အတော်များများ တစ်ခါတစ်လေ 99% လောက် နီးပါးကို သုံးနေကြတာကို တွေ့ရတတ်ပါတယ်။ အတော်များများက အဲလို ဖြစ်လာရင် spoolsv.exe ကို ဖြုတ်ချပစ်လိုက်တတ်ပါတယ်။ အဲလို ဖြုတ်ချလိုက်ရင် အဲဒီ ခဏတော့ ကောင်းသွားတာပေါ့လေ။ နောက်တစ်ခု windows တက်လာရင် ပြန်ဒုက္ခပေးပါလေရော။ ဒီတော့ တစ်ချို့က အဲဒီ service လေးကို disable ပေးထားလိုက်တတ်ပါတယ်။ ဒီတော့ အဲလို ပြဿနာ မဖြစ်တော့ပေမယ့် printer ကိုပြန်သုံးချင်တိုင်း အဲဒီ service ကို ပြန် Automatic setting ပြောင်း start ပြန်လုပ်နဲ့ အဆင်မပြေပါဘူး။ တကယ့် ပြဿနာ အစစ်က တစ်ခြားနေရာမှာပါ။ တကယ်တော့ အဲလိုဖြစ်ရာတာဟာ များသောအားဖြင့် bad spooler files တွေကြောင့် ဖြစ်ရတာပါ။ အများဆုံးက လိုကယ် နက်ဝက် ချိတ်ထားရင် တခြားကွန်ပြူတာတွေက လာတဲ့ ဖိုင်တွေကြောင့် ဖြစ်ပါတယ်။ (တခြားလူတွေက ကိုယ့်ကို စိတ်ညစ်အောင်လုပ်ချင်လည်း အဲဒီ trick လေး သုံးချင်သုံးနိုင်ပါတယ်။ :P) မလိုအပ်ရင် printer ကို ရှယ်ရာ မပေးထားပါနဲ့။ အဲဒီ bad spooler files တွေ ဟာ C:\WINDOWS\system32\spool\PRINTERS ဆိုတဲ့ Folder ထဲမှာ ရှိပါတယ်။ 0020.SHD, 0020.SPL စတဲ့ ဖိုင်မျိုးတွေ ဖြစ်ပါတယ်။ အဲဒါလေးတွေကို ရှင်းထုတ်လိုက်ရင် အိုကေသွားမှာပါ။

ပြဿနာဖြေရှင်းနည်း

  1. Print spooler service ကို kill လုပ်ပါ။
  2. Printer share များ ရှိနေပါက ဖြုတ်ပစ်ပါ။
  3. C:\WINDOWS\system32\spool\PRINTERS ဆိုတဲ့ Folder ကိုသွားပါ။ (မြန်အောင် run ထဲကို အဲဒီ လင့်ရိုက်ထည့်၊ ကူးထည့်ပြီး သွားလို့ ရပါတယ်။)။ ရှိနေတဲ့ ဖိုင်တွေ delete လုပ်ပါ။
  4. Print spooler service ကို start ပြန်လုပ်ပါ။

အဆင်ပြေသွားပါလိမ့်မယ်။


ကဲ တလက်စတည်း ကြုံတုန်း short cut တစ်ချို့ ကို ပြောပြပါမယ်။ service တစ်ခုကို ဖြုတ်ချချင်တယ်ဆိုရင် ပုံမှန်က task manager မှာ အဲဒီ process ကို right click လုပ်ပြီး End process လုပ်လိုက်ရင်ရပါတယ်။ ဒါပေမယ့် အဲဒါကို script ရေးချင်တဲ့ သူများအတွက် နည်းလမ်းလေးတစ်ချို့ ပြောပြပါမယ်။ command prompt ကနေ services တွေကို start, stop လုပ်လို့ ရပါတယ်။ command က net start နဲ့ net stop ဖြစ်ပါတယ်။ အသုံးပြုပုံက net start "service name" နဲ့ net stop "service name" ဖြစ်ပါတယ်။ ဒီနေရာမှာ service name ဆိုတာက ကိုယ် kill လုပ်ချင်တဲ့ service name ဖြစ်ပါတယ်။ ခု ကျွန်တော်တို့ kill လုပ်ချင်နေတဲ့ service က print spooler ဖြစ်ပါတယ်။ မှတ်ချက်- spoolsv.exe မဟုတ်ပါဘူး။ မကြာခဏ မှားတတ်ပါတယ်။ အောက်က ပုံများမှာ လက်တွေ့ အသုံးပြုပုံကို မြင်နိုင်ပါတယ်။


မိမိ kill လုပ်ချင်နေတဲ့ service name ကိုသိဖို့ လိုအပ်ပါတယ်။ မသိသေးရင် ပထမဆုံး administrative tools ထဲက services ကိုသွားပါ။
မြန်မြန် ရောက်ချင်တယ် ဆိုရင်တော့ ကားစီးသွား အဲလေ မှားလို့ Run command ကနေသွားပါ။ services.msc ဆိုရင် ပေါ်လာပါလိမ့်မယ်။အဲဒီမှာ ကိုယ် kill လုပ်ချင်တဲ့ services နာမည်တွေကို မှတ်ထားလိုက်ပါ။

command တွေကို သုံးတဲ့အခါ kill လုပ်မယ့် service name ကို " " လုပ်ဖို့ မမေ့ပါနဲ့။ အထက်က solution ကို bat file လေးလုပ်ထားရင် ကလစ် တစ်ချက်နဲ့ လက်မညောင်းပဲ ဖြေရှင်းလို့ ရပါပြီ။

ဘယ်လိုလုပ်ရမလဲဆိုတော့

  1. notepad ကို ဖွင့်ပါ
  2. အောက်ပါ စာသားများကို ရိုက်ထည့်ပါ။
  • net stop "print spooler"
  • del C:\WINDOWS\system32\spool\PRINTERS\*.* /q
  • net start "print spooler"
  1. (/q ကို ဒုတိယလိုင်းမှာ သုံးထားတာက delete all လုပ်ထားလို့ confirmation တောင်းလာရင် Y/N ပေးမနေရအောင် တစ်ခါတည်း တိတ်တိတ်နေဖို့ ပြောထားတာပါ။)အောက်ပါပုံအတိုင်း bat file extension (.bat) ဖြင့် file ကို save လုပ်ပါ။ ဒီဥပမာမှာတော့ solv-spoolv.bat လို့ နာမည် ပေးထားပါတယ်။ Save as type နေရာမှာ All file ကိုရွေးဖို့ မမေ့ပါနဲ့။

    ဒါဆို အောက်မှာ ပြထားတဲ့ ပုံထဲကလိုမျိုး bat ဖိုင်လေး တစ်ခု ရလာပါမယ်။ ၄င်း ကို double click လုပ်ပြီး run လို့ ရပါပြီ။ edit လုပ်ချင်ရင်တော့ right click လုပ်ပြီး Edit ကိုရွေးလို့ ပြင်ဆင်နိုင်ပါတယ်ခင်ဗျာ။

    ဒီနေရာက အဲဒီဖိုင်လေးကို ရယူပါ။

    ပီဒီအက်ဖ် PDF ဖိုင်နဲ့ ဖတ်လိုတယ်ဆိုရင် ဒီနေရာ မှာ ရယူနိုင်ပါကြောင်း ခင်ဗျား။

    အကိုးအကားများ

ဆက်လက်ဖတ်ရှုရန်

Monday, June 23, 2008

မျိုးဆက်သစ်များသို့ အိတ်ဖွင့်ပေးစာ

ကျွန်တော်နှင့်ဘ၀တူ ညီငယ်များသို့ ရည်ရွယ်ပါတယ်။

မျိုးဆက်သစ်များသို့ အိတ်ဖွင့်ပေးစာ
ညီငယ်တို့ရေ မင်းတို့ကို အကိုပြောပြချင်တာတွေ ရှိခဲ့ပေမယ့် ဆရာလုပ်သလို ဖြစ်သွားမှာ စိုးတာနဲ့ မပြောဖြစ်ခဲ့တာ အတော်ကြာပါပြီ။ ခုတော့ မကြာခင် အကို ပြန်ရဖို့ နီးလာပြီ ဆိုတော့ မပြောမဖြစ်တဲ့ တစ်ချို့ သတိထားစရာ အချက်လေးတွေကို ပြောပြခဲ့ ပါရစေ။
တကယ်က "အရင်လူထက် နောက်လူသာစမြဲ" ဆိုတဲ့ စကားပုံအတိုင်း ညီလေးတို့လို တက်လူတွေ အနေနဲ့ အကိုတို့ ထက် နည်းပညာပိုင်း၊ အခွင့်အလမ်းပိုင်း စတာတွေမှာ ပိုပြီး ခေတ်ရှေ့ပြေးနေမယ်လို့ ယုံကြည်ပါတယ်။ ညီလေးတို့ ထဲမှာလည်း ထူးချွန် ထက်မြက်တဲ့ အရည်အချင်းရှိတဲ့ လူတွေ အများကြီး ပါလာတယ်ဆိုတာ အကို သိထားပါတယ်။
ဒါပေမယ့် အကို ပြောချင်တာက ညီလေးတို့ အနေနဲ့ ရှေ့က မျိုးဆက်တွေရဲ့ အားသာချက်တွေကို အမွေဆက်ခံနိုင်မှု မရှိခဲ့ဘူးဆိုရင် ညီလေးတို့ တိုးတက်သင့်သလောက် မတိုးတက်နိုင်ပါဘူး။ ရှေ့က မျိုးဆက်တွေ အုတ်မြစ်ချပေးခဲ့တဲ့ အလုပ်တွေကို နောက်လူတွေက ဆက်မလုပ်ဘူးဆိုရင် မကြာခင်မှာ ခါးဆက်ပြတ်တဲ့ ပြဿနာ တွေနဲ့ ရင်ဆိုင်လာရပါလိမ့်မယ်။ ရှေ့လူတွေ ခက်ခက်ခဲခဲ ကြိုးစားပြီးမှ နားလည်လာတဲ့ နည်းပညာရပ်တွေကို မြန်မာအချင်းချင်း လက်ဆင့်ကမ်း သင်ယူနိုင်မှု အားနည်းနေရင် ကိုယ့်အလှည့်မှာလဲ အဲဒီအခက်အခဲကို နောက်တစ်ခါ ခက်ခက်ခဲခဲ ထပ်မံ ရင်ဆိုင်ရဖို့ များပါတယ်။ ဒါကြောင့် ရှေ့ကမျိုးဆက်များအနေနဲ့ အတတ်နိုင်ဆုံး လက်ဆင့်ကမ်းခဲ့ဖို့ လိုအပ်သလို နောက်က မျိုးဆက်သစ်များက လိုလိုချင်ချင် နဲ့ လေးလေးစားစား သင်ယူဖို့ လိုအပ်ပါတယ်။
ပြည်ပမှာ လေ့လာနေတဲ့ လူငယ်တစ်ယောက်အဖို့ တစ်ကယ်တမ်း လုပ်နိုင်တယ်။ ဖန်တီးနိုင်မှု စွမ်းရည် ရှိတယ်ဆိုရင် နိုဗယ်ဆုတောင် ရနိုင်ပါတယ်။ ဆိုလိုတာက ညီလေးတို့ အနေနဲ့ မိမိ စွမ်းရည်ကို ပြဖို့ နေရာတွေ တကယ့်ကို ပေါများလွန်းလှပါတယ်။ ဒါပေမယ့် အဲဒီ စွမ်းရည်တွေကို လူအထင်ကြီးရုံ ဖြုန်းတီး မပစ်ဘဲ တကယ့်ကို ထိထိရောက်ရောက် ဖြစ်မယ့် နေရာမျိုးမှာပဲ သုံးစွဲစေချင်ပါတယ်။
ကမ္ဘာမှာ အောင်မြင်နေတဲ့သူ တော်တော်များများဟာ ထူးချွန်တာထက် တစိုက်မက်မက် ကြိုးစားတဲ့ သူတွေ ပိုများတာ ကို သတိထားမိပါတယ်။ မြန်မာလူမျိုးများဟာ မညံ့လှပါဘူး။ နေရာတကာမှာ အောင်မြင်မှုတွေကို ရနေကြတာ မကြာခဏ တွေ့ရပါတယ်။ အဲဒီလူတွေဟာလည်း တကယ့်ကို ကြိုးစားခဲ့ကြတဲ့ သူတွေ ဖြစ်ပါတယ်။ တော်တာ တစ်ခုတည်းဟာ လက်တွေ့ ဘ၀မှာ မလုံလောက်ဘူးဆိုတာကို အတွေ့အကြုံတွေအရ သိလာခဲ့ပါတယ်။ တော်ပေမယ့် မိမိ အရည်အချင်းကို နေရာမှန်မှာ ထိထိရောက်ရောက် အသုံးမချနိုင်ဘဲ တစ်လွဲဆံပင်ကောင်းနေရင် ဝေလေလေ ဖြစ်တတ်ပါတယ်။ ဥပမာ ညီလေးတို့ အနေနဲ့ ကိုယ်လုပ်နေတဲ့ အသက်မွေးဝမ်းကျောင်း ဒါမှမဟုတ် ကိုယ်လေ့လာနေရတဲ့ ပညာရပ်နဲ့ မကိုက်ညီတဲ့ ဘက်မှာ အပျော်တမ်းအဆင့်ကနေ အချိန်တွေ အများကြီး ပေးပြီး ကြိုးစားနေမိမယ်ဆိုရင် အဓိက လုပ်ရမယ့် အလုပ်တွေမှာ လစ်ဟင်းမှုတွေ ဖြစ်လာမှာ သေချာပါတယ်။ ဒါဟာ အကို့ ကိုယ်တွေ့ ဖြစ်ရပ်တစ်ခုပါ။ ဘယ်လို လုပ်သင့်သလဲလို့ ဆိုလာတဲ့ အခါမှာ မိမိ စိတ်ဝင်စားတဲ့ အရာနဲ့ မိမိ အသက်မွေးဝမ်းကျောင်း ကို ဆက်စပ်မှု ရှာပြီး ပေါင်းစပ် လုပ်ကိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဥပမာ ကိုယ်က အင်ဂျင်နီယာ၊ ကိုယ်ဝါသနာပါတာက ကွန်ပြူတာဆိုရင် အဲဒီ ၂ မျိုးလုံးနဲ့ ဆိုင်တဲ့ အကြောင်းအရာဖြစ်တဲ့ အင်ဂျင်နီယာဆိုင်ရာပြဿနာများကို ကွန်ပြူတာ အသုံးချ ဖြေရှင်းခြင်းမျိုး ကို လေ့လာဆောင်ရွက်သင့်ပါတယ်။
နောက်တစ်ခုပြောချင်တာက တစ်ချို့ ကိစ္စတွေမှာ တာဝန်ယူလိုစိတ်နဲ့ ပူးပေါင်းဆောင်ရွက်လိုမှု များ လိုအပ်ပါတယ်။ ညီငယ်တစ်ချို့က အကို့ကို ရုရှားစာအုပ်တွေကို ဘာသာပြန်ဖတ်ရတာ ခက်ခဲကြောင်း ပြောဖူးပါတယ်။ ထိရောက်တဲ့ ရုရှ-မြန်မာ နည်းပညာ အဘိဓါန် စံနစ်ကောင်းကောင်း အကိုတို့မှာ မရှိသေးဘူးလေ။ တစ်ခြားသာဘာ အဘိဓါန်တွေက ပေါပါတယ်။ ဘာလို့ ပေါလဲဆိုတော့ လုပ်ရမှန်းသိတဲ့ သူတွေ ကြိုးစား လုပ်ခဲ့ကြလို့ ပါ။ ရုရှ ဘာသာကြတော့ တစ်မျိုးတစ်ဘာသာပါ။ အခြေအနေခြင်း မတူပါဘူး။ ရုရှ ဘာသာစကားကို လေ့လာဘူးသူ အရမ်းနည်းပါတယ်။ ရုရှ ဘာသာစကား ကျွမ်းကျင်သူများထဲမှာ နည်းပညာကို လေ့လာဖူးသူ ပိုရှားပါတယ်။ ပိုဆိုးတာက ဘာသာပြန်ဖို့ လိုအပ်တဲ့ နည်းပညာရပ်တွေက များလွန်းနေတာပါပဲ။
ဒီတော့ ညီလေးတို့တွေ မြန်မာ ထုံးစံအတိုင်း လုပ်ပေးမယ့်သူကို အဆင်သင့် ထိုင်စောင့်နေလို့ကတော့ ဘယ်တော့မှ ဖြစ်လာမယ် မဟုတ်ပါဘူး။ ဒီ အဘိဓါန်မျိုးကို ဖြစ်အောင် လုပ်နိုင်တဲ့သူက ညီလေးတို့ ကိုယ်တိုင်သာ ဖြစ်နေလို့ပါပဲ။ လုပ်တဲ့ နေရာမှာလည်း စည်းစည်းလုံးလုံးနဲ့ ကျောင်းအားလုံး ညှိနှိုင်းတိုင်ပင်ပြီး လုပ်ရင် အထိရောက်ဆုံး ဖြစ်ပါလိမ့်မယ်။ အကိုကတော့ ဒီတာဝန်ကို တာဝန်ဆက်မယူနိုင်တော့ပါဘူး။ အကို တတ်နိုင်သလောက် လုပ်ပေးခဲ့ပြီးပါပြီ။ စိတ်ဝင်စားလို့ ဆက်လုပ်ချင်တယ်ဆိုရင် အကို့အနေနဲ့ နည်းပညာပိုင်း လေ့လာထားသမျှနဲ့ information တွေကို အသေအချာ ညွှန်ပြခဲ့ပါမယ်။
နောက်တစ်ခုက ညီလေးတို့ အနေနဲ့ အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် အသေအချာလေ့လာပြီး ရေရှည်မှာ တကယ်ထိရောက်မယ့် အလုပ်မျိုးကိုပဲ လုပ်စေချင်ပါတယ်။ အချိန်ကို အကန့်အသတ်နဲ့ပဲ ရှားရှားပါးပါး သုံးစွဲပြီး လုပ်နေရတာကို နားလည် စာနာလို့ အကြံပေးတာပါ။ အကို့အနေနဲ့ တစ်ချို့အလုပ်တွေမှာ အရှည်အတွက် မစဉ်းစားပဲ လုပ်ထားတာ လေးတွေကို သတိပြုမိပါတယ်။
နောက်တစ်ခုက အခု တလောမှာ ဖိုရမ်တွေ ဘလောက်တွေ မှိုလိုပေါက်လာတာနဲ့ ပက်သက်ပြီး အကို့ အမြင်လေးတွေကို ပြောပြချင်ပါတယ်။ သာမာန် ဖိုရမ်တွေ ဘလောက်တွေများလာတာ ကောင်းပါတယ်။ ဒါပေမယ့် နည်းပညာ ဆိုင်ရာ ဖိုရမ်တွေ ဘလောက်တွေများလာတာဟာ အရည်အချင်းကနေ အရေအတွက် ဖြစ်လာသလို ခံစားမိပါတယ်။ တကယ်က အွန်လိုင်းမှာ မြန်မာလူမျိုးတွေထဲက နည်းပညာကို အချိန်ယူပြီး လေ့လာရေးသားနေတဲ့ သူတွေက အရေအတွက် အလွန် နည်းပါသေးတယ်။ နေရာတကာ နည်းပညာပိုင်းဆို ဒီလိုလူတွေကပဲ ရေးနေကြတာပါ။ ဒီတော့ အဲလို ရေးစရာနေရာတွေသာများလာပြီး ရေးတဲ့သူတွေ များမလာတာဟာ နည်းပညာတွေ လေ့လာဖတ်ရှုနေရသူတွေကို စာခေါင်းခွဲလိုက်သလို ဖြစ်သွားပြီး နေရာပေါင်းစုံကို လိုက်လံ ရှာဖွေ ဖတ်ရှုရစေပါတယ်။ ဒါကြောင့် နည်းပညာရေးသားသူများကို လေ့လာသူများ လွယ်လွယ်ဖတ်နိုင်အောင် စုစုစည်းစည်းရေးသားသင့်တယ်လို့ အကို့အနေနဲ့ ထင်မြင်မိပါတယ်။
အကိုအခု ပြောပြခဲ့တာတွေဟာ ပုဂ္ဂလိက သဘောမပါဘဲ ညီငယ်တို့ ထူးချွန်ထက်မြက်သလောက် အကျိုးရှိအောင် စဉ်းစားမိသမျှ ပြောပြတာဖြစ်ပါတယ်။ အကိုပြောခဲ့တဲ့ စကားတွေထဲမှာ အမှားပါခဲ့ရင် စေတနာကြောင့် ဖြစ်တဲ့ အမှား ဆိုတာကို နားလည်ပေးပါ။ ညီငယ်တို့ အစစအရာရာ အောင်မြင် ချောမွေ့ပါစေ လို့ အကို ဆုတောင်း ပေး လိုက်ပါတယ်။
ဘလူးဖီးနစ်

ဆက်လက်ဖတ်ရှုရန်

Friday, June 20, 2008

ကျွန်တော် ကြုံခဲ့ရသော စာမေးပွဲ များ အကြောင်း - ၁

ကျွန်တော် ကြုံလိုက်ရတဲ့ စာမေးပွဲ စံနစ်လေး တစ်ခုကို ပြောပြ ချင်ပါတယ်။ စာမေးပွဲခန်းမှာ စာသင်တာ ကြုံဖူးကြပါသလား ခင်ဗျာ။ အင်မတန် ချစ်ဖို့ကောင်းတဲ့ နည်းလေးပါ။ ကျွန်တော်တို့ ဋ္ဌာန (Electromechnic Dept, M.P.E.I) က လုပ်တာပါ။ တစ်ခြားမှာ ရှိမရှိတော့ မသိပါခင်ဗျာ။
ဒီမှာ စာမေးပွဲဖြေရင် ဆရာတချို့က equations များကို open လုပ်ပါတယ်။ လုပ်ပုံကလဲ ချစ်စရာကောင်းပါတယ်။ ကိုယ်အသုံးလိုမယ်ထင်တဲ့ equations များကို blackboard မှာ မည်သူမဆို ထွက်ရေးထားနိုင်ပါတယ်။ ဒါက open book system ထက်ကို ပိုကောင်းပါတယ်။ အားလုံး တပြေးညီ ဖြစ်နေတာပေါ့နော်။ နို့မို့ဆို စာအုပ်စုံတဲ့သူက သာနေမှာလေ။
မေးခွန်းတွေကို ဆရာ့ဆီမှာ သွားရွေးရပါတယ်။ မှောက်ထားပါတယ်။ တစ်စောင်ကို ၃ ပုဒ် လောက် ပါလေ့ရှိပါတယ်။ များများစားစား တွက်ရတယ်လို့ မရှိပါ သီအိုရီသိရင် လက်တန်းတွက်လို့ရပါတယ်။ ဂဏန်းတွေက စိတ်တွက်နဲ့တွက်ရအောင် လွယ်တာပဲပေးထားပါတယ်( အင်ဂ&