Showing posts with label 1- main dimensions. Show all posts
Showing posts with label 1- main dimensions. Show all posts

Wednesday, August 1, 2007

imd003 - main dimensions များ အပြီးသတ် တွက်ခြင်း















ဒီ အပိုင်းမှာ pole pitch, P_prime တွေနဲ့ air gap length ကို တွက်ထုတ် ပါတယ်(page-2,3)။
ပုံမှာ အပြာရောင် ချယ်ထားတဲ့ parameter တွေက တေဘယ်တွေ မျဉ်းကွေး ဂရပ်ဖ် တွေကို ကြည့်ပြီး ယူထား တာပါ။ နောက်မှပဲ အဲဒီဒေတာ တွေကို ထည့်ပေး ပါတော့မယ်။ အဲဒီမှာ ယူထားတဲ့ တန်ဖိုး တွေက အကြမ်းဖျင်း ခန့်မှန်းချက်များ ဖြစ်ပြီး ကယ်ကူလေးရှင်း စလုပ်ရန် အကြို ယူတွက်တဲ့ တန်ဖိုးများသာ ဖြစ်ပါတယ်။ အတွေ့အကြုံ များမှ ထိုတန်ဖိုးများ ယခုကဲ့သို့ ယူတွက်ရန် ရရှိလာခြင်း ဖြစ်သည်။ နောက်ပိုင်းမှာ ခုတွက်ထားတဲ့ တန်ဖိုးများကို ပြန်တွက် ရပါတယ်။ အမြန်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းလဲ ဖြစ်ပါတယ်။မော်တာတွေမှာ ပုံစံအမျိုးမျိုး ယူဆလို့ ရပါတယ်။ ဘယ်အခြေ အနေတွေမှာ ဘယ်လို ယူဆရတယ် ဆိုတာ အကြမ်းဖျင်း နောင်မှ ရှင်းပြပေးပါ့မယ်။ အခုတော့ ကယ်ကူလေးရှင်း ပိုင်းကို ဆက်သွားပါ့မယ်။ အများကြီး ကျန်ပါသေးတယ်ခင်ဗျား။ အနည်းဆုံး အဆင့် ၇၀ ကျော်လောက်ကျန်ပါသေးတယ်။
ဒီနောက် air gap length ကိုတွက်ထုတ်ပါတယ်(page-3)။ ဒီနေရာမှာ k_B ဆိုတာက magnetic field wave form ရဲ့ပုံစံအရ ရလာတဲ့ empirical value - 1.11 ကို ဆိုလိုတာပါ။ သူ့ဘေးက ဖော်မြူလာနဲ့ အကြမ်းဖျင်း ရှာထား တာပါ။ အဲဒါကို ပုံသေ ယူလို့ရပါတယ်။ ဒီမှာ မရှင်းတော့ပါဘူး။ ကဲခုဆို အဓိက ဒိုင်မန်းရှင်း များဖြစ်တဲ့ inner diameter of stator, air gap length များကို ရရှိထားပြီးပါပြီ။ သို့သော ၄င်းတန်ဖိုးများကို ဒီအတိုင်းယူသုံးလို့ မရသေးပါ။ ဒီနေရာမှာ check point လေးတစ်ခုရှိပါတယ်။ ၄င်းကတော့ air gap length and pole pitch တို့ရဲ့ အချိုး λ ဖြစ်ပါတယ်။ ၄င်းအချိုးကို သတ်မှတ်ထားတဲ့ ဘောင်အတွင်း ၀င်မ၀င် စစ်ဆေးရပါတယ်။ (အဲလိုစစ်ဆေးဖို့ သုံးတဲ့ ဂရပ်ဖ် (ပုံ ၉.၂၅) ကိုတော့ နောက်ပိုင်းကျမှ တင်ပေးပါ့မယ်။ ခု ဖိုတို ကော်ပီ လုပ်ကြည့်တာ အရည်အသွေး မကောင်းလို့ ကြည့်လို့ မရလို့ပါ။)အဲ ဘောင်ထဲ ၀င်သွားရင်တော့ ဆက်တွက်လို့ ရပါပြီ။ မ၀င်လို့ကတော့ အစကနေ ယူထားသမျှ တန်ဖိုးတွေကို အတိုးအလျော့ လုပ်ပြီး ဘောင်ထဲ ၀င်တဲ့အထိ တွက်ရပါမယ်။ (လည်တဲ့သူက နောက်ကနေ ပြန်တွက်ပြီး ယူလို့ရပါတယ် အဟဲ)။ဒါဆို ဒီအပိုင်း ပြီးပါပြီခင်ဗျာ။
(မှတ်ချက်။ ၄င်း အတိုးအလျော့ယူသော ပညာသည် ဒီဇိုင်းပညာတွင် အင်မတန် အရေးကြီးပါသည်။ ၄င်းကို နားလည်ရန် အတွေ့အကြုံ များစွာ လိုပါသည်။ တစ်ခု ပြောင်းလိုက်လျင် မည်သည့် တန်ဖိုးများ မည်သို့ ဖြစ်သွားမည်ကို သေချာစွာ နားလည်ရန် လိုပါသည်။ ထိုသို့ နားလည် သွားပါက အော်တိုမက်တစ် ဒီဇိုင်းတစ်ခု အဖြစ် ပရိုဂရမ်ရေးကာ အလွယ်တကူ ဒီဇိုင်း လုပ်နိုင်ပါသည်။ သို့်သော် ကျွန်တော်ပင် ၄င်း အဆင့်ကို မရသေးပါခင်ဗျား…)

ဆက်လက်ဖတ်ရှုရန်

Monday, July 30, 2007

imd002 - နမူနာ design project စတင်ခြင်း















မော်တာ ဒီဇိုင်း အကြောင်း မပြောမီ မော်တာ တစ်လုံး မည်သို့ ဖွဲ့စည်း တည်ဆောက် ထားသည် ကို သိရှိ နိုင်စေရန် ပုံများ တင်ပေး လိုက်ပါတယ်။ AutoCAD drawing ပုံ ကိုလည်း download လုပ်နိုင်ရန် တင်ပေး လိုက်ပါသည်။
(squirrel cage induction motor) ရှည့် လှောင်အိမ် အမျိုးအစား မော်တာတစ်လုံးအား နမူနာ ဒီဇိုင်းပြုလုပ်ခြင်း ဖြစ်ပါတယ်။ အောက်ပါ အချက်များကို အသုံးပြုပြီး စတင်တွက်ချက်ပါမည်။

Output power - 15 kw
Rated Voltage - 220/380
2p = 4
type IM1001
housing - IP44
cooling system - IC0141
climate - Y3
insulation class- F
main dimensions ဆိုသည်မှာ အထက်က ရှင်းပြခဲ့သည့် အတိုင်း D နှင့် ဖြစ်ပါသည်(ပုံ-၂,၃,၄ ကိုကြည့်ပါ)။ ၄င်းတို့အားမတွက်ချက်မီ လိုအပ်သော ဒေတာ များကို မျဉ်းကွေး များ တေဘယ်များ မှ ရယူ အသုံးပြုရပါမည်။ ပထမဦးစွာ high of rotating axis (h) ကို output power နှင့် 2p တန်ဖိုးများ အရ သက်ဆိုင်ရာမျဉ်းကွေး ကို hand book တွင်ကြည့်၍ ရွေးချယ်ရပါသည်။ ဆိုလိုသည်မှာ h = function of ( P_prime , 2p ) ဖြစ်ပါသည်။ (ထို မျဉ်းကွေးများ ကို ဖေါ်ပြရန် အကောင်းဆုံးနည်းလမ်းကို စဉ်းစားနေပါသည်။ ခေတ္တ စောင့်ဆိုင်းကြပါခင်ဗျာ။) ယခု case တွင် out power P_prime = 15 kw , 2p = 4 အရ h = 0.17 m ရရှိပါသည်။ ၄င်း ဒေတာကို သုံးကာ stator outer diameter – Da ကို အောက်ပါဇယား (table-1) အရရှာရပါမည်။ Da = 0.272 m ကို ယူပါမည်။ ဒီထက်ကြီး၍ ယူလျင်လည်းရပါသည်။ သို့ရာတွင် အတွေ့အကြုံ အရ လျော့ယူလိုက်ပါသည်။ တန်ဖိုးငယ်လျင် မော်တာ ဆိုဒ်သေးကာ အကောင်းဆုံး ဖြစ်ပါသည်။ သို့သော် တခြား အချက်များ ရှိပါသေးသည်။
ဆက်လက်၍ မော်တာ၏ အတွင်းဘက် ဒိုင်ယာမီတာ (inner diameter) ကို ရှာရန် အတွင်းနှင့် အပြင် ဒိုင်ယာမီတာ ၂ ခု၏ အချိုးကို (hand bookု) ရှိ ဒေတာ တေဘယ်မှ ယူ၍ အသုံးပြုပါမည်။ ၄င်း တေဘယ် ကိုပါ ထည့်သွင်းပေးလိုက်ပါသည(talbe-2)။ အထက်ပါ တေဘယ်သည် slot high နှင့် core high များ ထားသင့်သော အချိုးကို တွက်ချက်၍ တီထွင်ထားသော အမ်ပယ်ရီကယ် ဒေတာများ ဖြစ်ပါသည်။ မိမိတို့ တွက်ချက်နေသော မော်တာမှာ 2p = 4 ဖြစ်၍ Kd တန်ဖိုးကို ၀.၆၈ ဟု ယူပါမည်။ သို့ဖြစ်ရာ အထက်ပါ အီကွေးရှင်း(eq-2) အရ D တန်ဖိုးမှာ D=Kd.Da=0.68*0.272=0.185m ဖြစ်လာပါသည်။
အရင်က ရှင်းပြခဲ့သမျှကို mathcad11 နဲ့တွက်ပြပေးထားပါတယ်(page-1)။ အဲဒီမှာ ပြသနာတစ်ခုက English နဲ့ Russia , symbol တွေမတူတာပါပဲ။ Voltage ကို russian လို U လို့ သုံးထားပါတယ်။ H ဆိုတာ rated ကိုဆိုလိုပါတယ်။ 1 ဆိုတာ စတေတာနဲ့ဆိုင်တာ လို့ ပြောတာပါ။ ဒါကြောင့် U1H =220 ဆိုတာက စတေတာက ရိတ်တက်ဗို့ (ဖေ့စ်) ၂၂၀ လို့ ဆိုလိုပါတယ်။ n1 synchronous speed ပါ။ rotating field speed လို့လည်း မှတ်ထားနိုင်ပါတယ်။



















ဆက်လက်ဖတ်ရှုရန်