Showing posts with label AutoCAD. Show all posts
Showing posts with label AutoCAD. Show all posts

Thursday, April 24, 2008

Mirror

ညီမလေး KPZ ရဲ့ ခွင့်ပြုချက်နဲ့ သူရေးသားထားခဲ့တဲ့ အော်တိုကတ် အခြေခံလေးများကို ပြန်လည် ကူးယူ ဖေါ်ပြပေးလိုပါတယ်။ မူရင်းကို ဖတ်ချင်တယ်ဆိုသူများကတော့ ဒီမှာ ဖတ်နိုင်ပါတယ် ခင်ဗျာ။

လူတစ်ယောက် မှန်ကြည့်ရင် မှန်ထဲမှာ သဏ္ဍန်တူ အရိပ်တစ်ခု ရှိနေသလို AutoCAD မှာလည်း အရာဝထ္တုတွေကို ဆန့်ကျင်ဘက်နေရာမှာ သဏ္ဍန်တူ ပုံရိပ်တွေကို ဖန်တီးနိုင်ပါတယ်။ အဲလို ဖန်တီးနိုင်ဖို့ Mirror ဆိုတဲ့ Command ကို အသုံးပြုရအောင်။
Menu Bar >> Modify >> Mirror
ToolBar >> Modify Toolbar က Mirror ကိုရွေးချယ်ပါ။
Command >> mirror ( သို့မဟုတ် ) mi
Select Object : ပုံတူဖန်တီးမယ့် အရာဝထ္တုကို ရွေးချယ်ပါ
Specify first point of mirror line:မှန်အဖြစ်အသုံးပြုမည့် မျဥ်းကြောင်း၏ ပထမအမှတ် (P2)
Specify second point of mirror line :မှန်အဖြစ်အသုံးပြုမည့် မျဉ်းကြောင်း၏ ဒုတိယအမှတ် (P3)
Erase source objects? [ Yes/No ]: မူလအရာဝထ္တုကို အသုံးပြုလိုလျှင် No ကိုရွေးပါ။ မလိုပါက Yes ကိုရွေးချယ်ပါ။

ဆက်လက်ဖတ်ရှုရန်

Undo & Redo

ညီမလေး KPZ ရဲ့ ခွင့်ပြုချက်နဲ့ သူရေးသားထားခဲ့တဲ့ အော်တိုကတ် အခြေခံလေးများကို ပြန်လည် ကူးယူ ဖေါ်ပြပေးလိုပါတယ်။ မူရင်းကို ဖတ်ချင်တယ်ဆိုသူများကတော့ ဒီမှာ ဖတ်နိုင်ပါတယ် ခင်ဗျာ။

Drawing တစ်ခုကို ဆွဲသားနေသောအချိန်တွင် မိမိရောက်ရှိလိုသော နေရာမှ နောက်လုပ်ခဲ့သော နေရာသို့ ပြန်သွားလိုပါက …..
Menu Bar >> Edit >> Undo
ToolBar >> Standard Toolbar မှ Undo ကိုရွေးချယ်ပါ။
Command >> U
အကယ်၍ နောက်သို့ တစ်ကြိမ်နှစ်ကြိမ်သာ ပြန်ဆုတ်လိုပါက U ကို အသုံးပြုသော်လည်း အကြိမ်ပေါင်းများစွာ နောက်သို့ ပြန်ဆုတ်လိုပါက Undo ဟုအမိန့်ပေး၍ မိမိနောက်ဆုတ်လိုသော အကြိမ် အရေအတွက်ကို ပေး၍ပြုလုပ်နိုင်ပါသည်။ ထိုသို့ နောက်သို့ပြန်ဆုတ်ပြီးကာမှ ရှေ့သို့ပြန်သွားလိုပါက Redo Command ကိုအသုံးပြုနိုင်ပါတယ်။ U ကိုအကြိမ်ကြိမ် အသုံးပြုပြီးသာ ဆိုရင်တော့ Redo ကိုအသုံးပြုသောအခါ နောက်ဆုံးတစ်ကြိမ်ပြုလုပ်ခဲ့သော နေရာကိုသာ ပြန်မှာ ဖြစ်ပါတယ်။။
Menu Bar >> Edit >> Redo
Toolbar >> redo button
Command>> redo

ဆက်လက်ဖတ်ရှုရန်

Wednesday, April 23, 2008

Polyline

ညီမလေး KPZ ရဲ့ ခွင့်ပြုချက်နဲ့ သူရေးသားထားခဲ့တဲ့ အော်တိုကတ် အခြေခံလေးများကို ပြန်လည် ကူးယူ ဖေါ်ပြပေးလိုပါတယ်။ မူရင်းကို ဖတ်ချင်တယ်ဆိုသူများကတော့ ဒီမှာ ဖတ်နိုင်ပါတယ် ခင်ဗျာ။

Poly Line Command ဟာ Line Command နဲ့ခပ်ဆင်ဆင်တူပေမယ့် ကွဲပြားတာတွေ ရှိပါတယ်။ Line Command ကို အသုံးပြုတဲ့ အခါမှာ မျဉ်းကြောင်းတစ်ခု ဆွဲပြီး နောက်တစ်ခုဆွဲတဲ့ မျဉ်းကြောင်းဟာ ပထမမျဉ်းကြောင်းနဲ့ တစ်ဆက်တည်း ဖြစ်မနေပါဘူး။ Polyline Command နဲ့ ဆွဲထားတဲ့ မျဉ်းကြောင်းတွေ အရာဝထ္တုတွေကတော့ Object တစ်ခုတည်း အနေဖြင့် တစ်ဆက်ထဲ ရှိနေပါတယ်။ ဒါကြောင့် သူ့ကို Single Object တစ်ခုအဖြစ် လွယ်ကူစွာ ကိုင်တွယ်နိုင်ပါတယ်။ 3D Drawing ကိုဆွဲသားရာမှာလည်း အလွယ်တကူ Extrude လုပ်နိုင်ပါတယ်။
Menu Bar >> Draw >> Polyline
ToolbarBar >> Polyline Command Button ကို ရွေးချယ်ပါ။


Command >> polyline (သို့မဟုတ်) pl
Specify start point: စတင်လိုသောနေရာ
Specify next point or [ Arc/Halfwidth/Length/Undo/Width]: ဆက်ဆွဲရန် ရောက်ရှိလိုသော နေရာ။ Enter မခေါက်ပဲ ဆက်ကာဆက်ကာ အလိုရှိသလောက် ဆက်ဆွဲနိုင်သည်။ ထိုမျဉ်းများအားလုံးသည် တစ်ဆက်တည်း ဖြစ်နေပါလိမ့်မည်။

ဆက်လက်ဖတ်ရှုရန်

မျဉ်းကြောင်းများ

ညီမလေး KPZ ရဲ့ ခွင့်ပြုချက်နဲ့ သူရေးသားထားခဲ့တဲ့ အော်တိုကတ် အခြေခံလေးများကို ပြန်လည် ကူးယူ ဖေါ်ပြပေးလိုပါတယ်။ မူရင်းကို ဖတ်ချင်တယ်ဆိုသူများကတော့ ဒီမှာ ဖတ်နိုင်ပါတယ် ခင်ဗျာ။


ဒီပုံကိုကြည့်၍ မျဉ်းကြောင်းများ ဆွဲသားခြင်းကို လေ့ကျင့်နိုင်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Copy & Offset

ညီမလေး KPZ ရဲ့ ခွင့်ပြုချက်နဲ့ သူရေးသားထားခဲ့တဲ့ အော်တိုကတ် အခြေခံလေးများကို ပြန်လည် ကူးယူ ဖေါ်ပြပေးလိုပါတယ်။ မူရင်းကို ဖတ်ချင်တယ်ဆိုသူများကတော့ ဒီမှာ ဖတ်နိုင်ပါတယ် ခင်ဗျာ။

ပုံဆွဲသားရင်း အရာဝထ္တုများကို မိတ္တူကူးခြင်းများကို ပြုလုပ်လေ့ ရှိကြပါတယ်။ပုံစံတူ အရွယ်အစားတူ အရာဝထ္တုတစ်ခုကို မိတ္တူကူးကြည့် ရအောင်နော်။
Menu Bar >> Modify >> Copy
Tool Bar >> Modify Toolbar က Copy Button လေးကို ရွေးချယ်ပါ။
Command >> Copy ( သို့မဟုတ် ) co
Select Object: မိတ္တူကူးလိုသော အရာဝထ္တုကို ရွေးချယ်ပါ
Specify base point of [ Displacement ]: မိတ္တူကူးမည့် အရာဝထ္တုကို ကိုင်တွယ်မည့်နေရာ
Specify second point of displacement <>: ကူးယူလိုသော အရာဝထ္တု ထားလိုသောနေရာ။ AutoCAD 2007 Version မှာတော့ Enter မရိုက်မချင်း မိတ္တူကို ထပ်ကာ ထပ်ကာ ကူးနေမှာ ဖြစ်ပါတယ်။ AutoCAD 2000 Version မှာတော့ တစ်ခုထက်ပိုတဲ့ အရာဝထ္တုတွေကို ကူးလိုတယ် ဆိုရင်တော့ Base Point ကို မရွေးချယ်ခင်မှာ multiple ဆိုတာကို ရွေးချယ်ရပါမယ်။

အရာဝထ္တုတစ်ခုကို မိမိလိုအပ်သော အကွာအဝေး တစ်ခုတွင် အရွယ်အစားသာ တူညီ၍ ပုံသဏ္ဍန် မတူညီသော အရာဝထ္တု တစ်ခုကို ကူးယူလိုပါက Offset ကိုအသုံးပြုပါသည်။
Menu Bar >> Modify >> Offset
Toolbar >> Modify Toolbar က Offset Button ကို ရွေးချယ်ပါ။
Command >> offset ( သို့မဟုတ် ) O
Specify offset distance or [Through/Erase/Layer]: ကူးယူလိုသော အကွာအဝေး
[ Through ကိုရွေးချယ်ပါက အကွာအဝေးတန်ဖိုး ပေးစရာမလိုပဲ Mouse Click သောနေရာတွင် ကူးယူမည်ဖြစ်သည်။ အရာဝထ္တုကို ကူးယူပြီးပါက မူလအရာဝထ္တုကို ဖျက်ပြစ်လိုပါက Erase ကိုရွေးချယ်ရပါမည်။ ]
Select object to offset or [ Exit/Undo ]: ကူးယူလိုသော အရာဝထ္တု
Specify point on side to offset : ကူးယူလိုသော နေရာ

ဆက်လက်ဖတ်ရှုရန်

Delete & Trim

ညီမလေး KPZ ရဲ့ ခွင့်ပြုချက်နဲ့ သူရေးသားထားခဲ့တဲ့ အော်တိုကတ် အခြေခံလေးများကို ပြန်လည် ကူးယူ ဖေါ်ပြပေးလိုပါတယ်။ မူရင်းကို ဖတ်ချင်တယ်ဆိုသူများကတော့ ဒီမှာ ဖတ်နိုင်ပါတယ် ခင်ဗျာ။

ပုံတစ်ပုံကို ဆွဲသားတဲ့အခါ ဆွဲနေရင် မလိုအပ်သော အရာသထ္တုများကို ဖျက်ပြစ်ခြင်း၊ မလိုအပ်သော အစိတ်အပိုင်းများကို ဖဲ့ထုတ်ခြင်းများ ပြုလုပ်လေ့ရှိပါသည်။ မလိုအပ်တဲ့ အရာဝထ္တုတစ်ခုလုံးကို ဖျက်ပြစ်ချင်ရင်တော့ အဲဒီ့အရာကို ရွေးချယ်ပြီး Keyboard က Delect ကို အသုံးပြု၍ဖြစ်စေ၊ Menu Bar မှ Modify မှ Erase ကိုရွေးချယ်၍ဖြစ်စေ၊ Modify Toolbar မှ Erase Button ကိုရွေးချယ်၍ဖြစ်စေ၊ မိမိအဆင်ပြေသလို အသုံးပြုနိုင်ပါတယ်။ အရာဝထ္တုတစ်ခုလုံး မဟုတ်ပဲ၊ တစ်စိတ်တစ်ပိုင်းကိုသာ ဖဲ့ထုတ်ချင်တယ် ဆိုရင်တော့ Trim ဆိုတဲ့ Command ကို အသုံးပြုပါတယ်။
Menu Bar >> Modify >> Trim
Toolbar >> Modify Toolbar က Trim Button ကိုရွေးချယ်ပါ
Command >> trim ( သို့မဟုတ် ) tr
Select Object : ဖျက်မည့် ဓါးအဖြစ် သုံးမည့် အရာသထ္တု
Select Object : ဖဲ့ထုတ်ခံမည့် အရာဝထ္တု

ဆက်လက်ဖတ်ရှုရန်

Monday, April 21, 2008

Extend

ညီမလေး KPZ ရဲ့ ခွင့်ပြုချက်နဲ့ သူရေးသားထားခဲ့တဲ့ အော်တိုကတ် အခြေခံလေးများကို ပြန်လည် ကူးယူ ဖေါ်ပြပေးလိုပါတယ်။ မူရင်းကို ဖတ်ချင်တယ်ဆိုသူများကတော့ ဒီမှာ ဖတ်နိုင်ပါတယ် ခင်ဗျာ။

မျဉ်းကြောင်းတစ်ကြောင်းကို မူလအလျားထက် ပိုရှည်အောင် ဆွဲဆန့်မယ်ဆိုရင် Extend ဆိုတဲ့ Command ကို အသုံးပြုရအောင်နော်။
Menu >> Modify >> Extend
Toolbar >> Extend ဆိုတဲ့ Button လေးကို ရွေးချယ်ရအောင်နော်။
Command>> ext (သို့မဟုတ်)extend
Select object :မျဉ်းကြောင်းရောက်လိုသော နေရာ
Select object to extend or shift-select to trim or [Fence/Crossing/Project/Edge/Undo]: ဆွဲဆန့်လိုသော မျဉ်းကြောင်း

ဆက်လက်ဖတ်ရှုရန်

Fillet & Chamfer

ညီမလေး KPZ ရဲ့ ခွင့်ပြုချက်နဲ့ သူရေးသားထားခဲ့တဲ့ အော်တိုကတ် အခြေခံလေးများကို ပြန်လည် ကူးယူ ဖေါ်ပြပေးလိုပါတယ်။ မူရင်းကို ဖတ်ချင်တယ်ဆိုသူများကတော့ ဒီမှာ ဖတ်နိုင်ပါတယ် ခင်ဗျာ။

ထောင့်မှန်စတုဂံ ဆွဲတုန်းက Chamfer နဲ့ Fillet ကို အနည်းငယ် လေ့လာပြီးပါပြီ။ အဲဒီတုန်းက ထောင့်မှန်စတုဂံရဲ့ ထောင့်တွေအားလုံးကို ပြုပြင်ဖန်တီးတာပါ။ အခု ထောင့်မှန်စတုဂံရဲ့ ထောင့်တစ်ခုချင်းကို ဖြစ်စေ အခြားအရာဝထ္တုများကို အနားလုံးခြင်း ထောင့်ချိုးခြင်းများကို လေ့လာကြရအောင်။

Menu Bar >> Modify >> Fillet
Toolbar >> Modify Toolbar က Fillet Button လေးကို ရွေးချယ်ပါ။

Command : F (သို့မဟုတ်) fillet
Select first object or [ undo/Polyline/Radius/Trim/Multiple ] : အနားလုံးမယ့် ပထမ အရာဝထ္တုကို ရွေးချယ်ခိုင်းတာပါ။ ဒါပေမယ့် ပုံဆွဲသူက အနားလုံးမဲ့ Radius ကို အရင်ဆုံး ရွေးချယ်ရပါမယ်။ ဒါကြောင့် Radius ( R ) ကို အရင်ဆုံး ရွေးချယ်ရပါမယ်Specify fillet redius <> : မိမိအနားလုံးလိုသော Radius ကိုပေးပါ
Select first object or [ undo/Polyline/Radius/Trim/Multiple ]; အနားလုံးမယ့် ပထမ အရာဝထ္တုကို ရွေးချယ်ပါ။
Select second object of shift-select to apply corner: အနားလုံးမယ့် ဒုတိယ အရာဝထ္တုကို ရွေးချယ်ပါ။

ထောင့်ချိုးခြင်းကို ဆက်လက်လေ့လာရအောင်။
Menu Bar >> Modify >> Chamfer
Toolbar >> Modify Toolbar က Chamfer လေးကို ရွေးချယ်ရအောင် ။

Command Line : chamfer ( သို့မဟုတ် ) cha
Select first line or [Undo/Polyline/Distance/Angle/Trim/mEthod/Multiple]:ထောင့်ချိုးခြင်း ပြုလုပ်ရန် Distance ကိုရွေးချယ်ပါက
ှSpecify first chamfer distance <>: ထောင့်ချိုးမည့် ပထမ အတိုင်းအတာ
Specify second chamfer distance <>: ထောင့်ချိုးမည့် ဒုတိယအတိုင်းအတာ
Select first line : ထောင့်ချိုးမည့် ပထမမျဉ်းကြောင်း
Select second line or shift-select to apply corner: ထောင့်ချိုးမည့် ဒုတိယ မျဉ်းကြောင်း

ဆက်လက်ဖတ်ရှုရန်

Rectangle

ညီမလေး KPZ ရဲ့ ခွင့်ပြုချက်နဲ့ သူရေးသားထားခဲ့တဲ့ အော်တိုကတ် အခြေခံလေးများကို ပြန်လည် ကူးယူ ဖေါ်ပြပေးလိုပါတယ်။ မူရင်းကို ဖတ်ချင်တယ်ဆိုသူများကတော့ ဒီမှာ ဖတ်နိုင်ပါတယ် ခင်ဗျာ။

ထောင့်မှန်စတုဂံတစ်ခုကို ဖန်တီးကြရအောင်။
Command : rec ( Enter )
Menu Bar : Draw >> Rectangle
Draw Toolbar :
Specify first coner point or [Chamfer/Elevation/Fillet/Thickness/Width]: စတင်ဆွဲလိုသောနေရာကို Click လုပ်ပါ။
Specify other coner point or [Dimension] : ဆုံးလိုသော နေရာကို Click လုပ်ပါ။
Mouse ကိုထောင့်ဖြတ်ရွေ့ပါ။
အထက်ပါနည်းကတော့ သာမာန်ထောင့်မှန် စတုဂံတစ်ခုကို ဆွဲသားတဲ့နည်း ဖြစ်ပါတယ်။


Specify first coner point or [Chamfer/Elevation/Fillet/Thickness/Width]: C ( Chamfer )
ထောင့်မှန်စတုဂံရဲ့ ထောင့်ချိုးလေးခုလုံးကို တူညီစွာ တိဖြတ်လိုလျှင် အသုံးပြုခြင်း ဖြစ်ပါတယ်။
မိမိထောင့်ချိုး ( Chamfer ) လုပ်လိုတဲ့ အလျားအနံကိုလည်း ဖန်တီးနိုင်ပါတယ်။
Specify first chamfer distance for rectangles ( 0.00 ) : မိမိလိုအပ်သော ထောင့်ချိုးတန်ဖိုး
Specify second chamfer distance for rectangles ( 0.00 ) : မိမိလိုအပ်သော ထောင့်ချိုးတန်ဖိုး
Chamfer လုပ်ပြီးပြီ ဆိုရင်တော့ Chamfer Distance တွေကို Zero ပြန်လုပ်ဖို့ လိုအပ်ပါတယ်။

ထောင့်မှန်စတုဂံကို အနားသတ်တွေ တူညီစွာ လုံး၍လည်းဆွဲနိုင်ပါတယ်။
Specify fillet radius for rectangles <0.00> : မိမိအနားလုံးလိုသော Radius တန်ဖိုး
Fillet လုပ်ပြီးလျှင်လည်း Filllet Radius ကို Zero ပြန်လုပ်ထားဖို့ လိုအပ်ပါတယ်။


Election ဆိုတာကတော့ Z Direction အတိုင်းမြင့်တက်နေသော အမြင့်ကို ဆိုလိုတာပါ။ Thickness ကလည်း Z Direction
အတိုင်း အထူထည့်ပေးတာပါ။ 2D View နဲ့ကြည့်ရင် မမြင်ရပဲ 3D မှာသာ အပေါ်မှာ မြင့်တက်နေတာကို မြင်ရမှာဖြစ်လို့ 3Dကြမှ ဆက်လက်လေ့လာကြရအောင်။

Width ဆိုတာကတော့ ထောင်မှန်စတုဂံ ဆွဲတဲ့မျဉ်းကို အထူထည့်ပြီး ဆွဲသားတာဖြစ်ပါတယ်။ အောက်ပါပုံမှာ လေ့လာနိုင်ပါတယ်။

ဆက်လက်ဖတ်ရှုရန်

Multi Line

ညီမလေး KPZ ရဲ့ ခွင့်ပြုချက်နဲ့ သူရေးသားထားခဲ့တဲ့ အော်တိုကတ် အခြေခံလေးများကို ပြန်လည် ကူးယူ ဖေါ်ပြပေးလိုပါတယ်။ မူရင်းကို ဖတ်ချင်တယ်ဆိုသူများကတော့ ဒီမှာ ဖတ်နိုင်ပါတယ် ခင်ဗျာ။

မျဉ်ကြောင်းများကို တစ်ပြိုင်နက်ထဲ ဆွဲချင်တဲ့အခါ Multiline Command ကိုသုံးပြီး ဆွဲပါတယ်။ ဥပမာ- အုတ်နံရံ၊ လမ်းပုံတွေကို ဆွဲတဲ့အခါ အသုံးများပါတယ်။

Command Line : ml
Menu Bar >> Draw >> Multiline
Specify starat point or [ Justification / Scale / STyle ] : မျဉ်းကြောင်းများ စတင်ဆွဲလိုသောနေရာ
Specify next point : မျဉ်းကြောင်းများ ရောက်လိုသော နေရာ
Specify next point or [ Undo ] : နောက်ထပ် ထပ်မံ ရောက်ရှိလိုသော နေရာ။ ထပ်မံမဆွဲလိုတော့ပါက Enter ခေါက်ပါ။
Multiline ဖြင့်ဆွဲသားလိုသော မျဉ်းကြောင်းများအတွက် လိုသလိုပြင်ဆင်နိုင်ပါသည်။ ကဲပြင်ကြည့်ရအောင်နော်....
Specify starat point or [ Justification / Scale / STyle ] : j ( Enter )
Enter justification type [ Top / Zero / Bottom ] :
Top ကိုရွေးမယ် ဆိုရင်တော့ မူလမျဉ်းကြောင်းဟာ အပြိုင်ဆွဲမယ့် မျဉ်းကြောင်းတွေရဲ့ အပေါ်မှာ ရှိနေမှာပါ။

Zero ကိုရွေးမယ်ဆိုရင်တော့ အမှတ်တစ်ခုကို ဗဟိုပြုပြီး မျဉ်းကြောင်းနှစ်ကြောင်းဟာ အပြိုင်ဖြစ်နေမှာ ဖြစ်ပါတယ်။
Bottom ကိုရွေးမယ်ဆိုရင်တော့ မူလမျဉ်းကြောင်းဟာ အပြိုင်ဆွဲမယ့် မျဉ်းကြောင်းတွေရဲ့ အောက်မှာ ရှိမှာပါ။
Scale မှာတော့ မျဉ်းကြောင်းတွေရဲ့ အကျယ်ကို လိုအပ်သလို ပြုပြင်နိုင်ပါတယ်။
Style မှာတော့ မျဉ်းကြောင်းတွေရဲ့ ပုံစံကို ရွေးချယ်တာပါ။ များသောအားဖြင့် Standard နဲ့ပဲဆွဲပါတယ်။Multi Line ရဲ့ မျဉ်းကြောင်းဒီဇိုင်းတွေကို ပြုပြင်ဖန်တီးခြင်တယ် ဆိုရင်တော့ MLSTYLE ဆိုတဲ့ Command ကို အသုံးပြုရပါမယ်။ Command Line မှာ mlstyle လို့ အမိန့်ပေးလိုက်ရင် Multi Line Style Dialogue Box လေးပေါ်လာပါမယ်။

အဲဒီ့ Box ထဲက Modify ကိုရွေးလိုက်ရင် Modify Multiline Style ဆိုတဲ့ Box လေးပေါ်လာပါလိမ့်မယ်။
Line Type Button ကို Click လုပ်လိုက်ရင် Select Line Type ဆိုတဲ့ နောက်ထပ် Box တစ်ခုထပ်ပေါ်လာပါလိမ့်မယ်။
ဒါဆိုရင် Load Button ကိုClick လုပ်ပြီး Load or Reload Linetypes ထဲက မိမိလိုအပ်ရာ အမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။
Multi Line တွေဟာ တစ်တွဲတစ်ဆက်တည်း ဖြစ်နေတာကြောင့် သူ့ကို ဖြတ်တောက်လို့ မရပါဘူး။ Explode နဲ့ဖောက်ခွဲပြီး သာမာန်လိုင်းအဖြစ် ပြောင်းလဲပြီးမှသာ ဖြတ်တောက်လို့ ရမှာပါ။ Multi Line တွေကို ပြုပြင်ဖန်တီးတဲ့ Command တစ်ခုကတော့ MLEDIT ဆိုတဲ့ Command ပါပဲ။ Command Line မှာ mledit လို့အမိန့်ပေးလိုက်ရင် Multilines Edit Tool Dialogue Box ပေါ်လာမှာပါ။ အဲဒီထဲက မိမိစိတ်ကြိုက်ပုံစံကို ရွေးချယ်ပြောင်းလဲနိုင်ပါတယ်။