Mirror
ညီမလေး KPZ ရဲ့ ခွင့်ပြုချက်နဲ့ သူရေးသားထားခဲ့တဲ့ အော်တိုကတ် အခြေခံလေးများကို ပြန်လည် ကူးယူ ဖေါ်ပြပေးလိုပါတယ်။ မူရင်းကို ဖတ်ချင်တယ်ဆိုသူများကတော့ ဒီမှာ ဖတ်နိုင်ပါတယ် ခင်ဗျာ။
လူတစ်ယောက် မှန်ကြည့်ရင် မှန်ထဲမှာ သဏ္ဍန်တူ အရိပ်တစ်ခု ရှိနေသလို AutoCAD မှာလည်း အရာဝထ္တုတွေကို ဆန့်ကျင်ဘက်နေရာမှာ သဏ္ဍန်တူ ပုံရိပ်တွေကို ဖန်တီးနိုင်ပါတယ်။ အဲလို ဖန်တီးနိုင်ဖို့ Mirror ဆိုတဲ့ Command ကို အသုံးပြုရအောင်။
Menu Bar >> Modify >> Mirror
ToolBar >> Modify Toolbar က Mirror ကိုရွေးချယ်ပါ။
Command >> mirror ( သို့မဟုတ် ) mi
Select Object : ပုံတူဖန်တီးမယ့် အရာဝထ္တုကို ရွေးချယ်ပါ
Specify first point of mirror line:မှန်အဖြစ်အသုံးပြုမည့် မျဥ်းကြောင်း၏ ပထမအမှတ် (P2)
Specify second point of mirror line :မှန်အဖြစ်အသုံးပြုမည့် မျဉ်းကြောင်း၏ ဒုတိယအမှတ် (P3)
Erase source objects? [ Yes/No ]: မူလအရာဝထ္တုကို အသုံးပြုလိုလျှင် No ကိုရွေးပါ။ မလိုပါက Yes ကိုရွေးချယ်ပါ။






























