Showing posts with label Cryptography. Show all posts
Showing posts with label Cryptography. Show all posts

Sunday, March 16, 2008

DES (10) - Iteration ပြုလုပ်ခြင်းနှင့် PC-2

ဒီ PC-1 အရ 64bits ကနေ 56 bits ပြောင်းတယ်ဆိုတော့ နဂို 64bits ကနေ 8bits လျော့သွားပါတယ်။ အဲဒါတွေကတော့ 8,16,24,32,40,48,56 နဲ့ 64 ခုမြောက် bits တွေ ဖြစ်ပါတယ်။
အဲဒီ 56bits ကိုမှ C နဲ့ D ခွဲ၇မှာ ဖြစ်ပြီး ပထမ 28bits (1-28¬) ဟာ C ဖြစ်ပြီး နောက်က 28bits (29-56) ဟာ D ဖြစ်ပါတယ်။ C0 နဲ့ D0 ရပြီ ဆိုရင် Left shift (ဘယ်ဘက်သို့ အစားထိုးခြင်း) ပြုလုပ်ရမှာ ဖြစ်ပါတယ်။ C နဲ့ D အတွက် left shift 16 rounds ရှိပါတယ်။ Iterarion ဖယား ကိုတော့ အောက်မှာ ဖော်ပြလိုက်ပါတယ်။


ဒီဇယားအရ C0 နဲ့ D0 အတွက် left shift ဟာ 1 ဖြစ်ပါတယ်။ ဒီတော့ C0 ရဲ့ 1st နေရာက bit ဟာ 32nd နေရာကို ရောက်မှာဖြစ်ပြီး အရင် 32nd က 31st ဖြစ်သွားမှာဖြစ်ပါတယ်။ D0 ဟာလဲ ဒီအတိုင်း ဖြစ်ပါတယ်။ C0 နဲ့ D0 ကို shifted လုပ်ပြီးရင် C1 (28 bits) နဲ့ D1 (28 bits) ရမှာဖြစ်ပါတယ်။ အဲဒီ 56bits ကို Permuted choice -2 (PC-2) အရ နေရာရွှေ့လိုက်ရင် key1 အတွက် 48bits ရပါပြီ။ ပုံ(၁၂) မှာကြည့်ပါ။

ပုံ(၁၂)

အခုရထားတဲ့ Key1 (48btis) ဟာ function ထဲမှာ E-bits (48bits) နဲ့ XOR ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အရင်ရထားတဲ့ C1 နဲ့ D1 ကိုသုံးပြီး key algorithm ကအတိုင်း left shift ဇယား နဲ့ တွဲပြီး ဆက်လုပ်ရင် C2 နဲ့ D2 ကိုရမှာပါ။ အဲလို ဆက်လုပ်သွားရင် key 16 round အတွက်ရမှာပါ။

ဆက်လက်ဖတ်ရှုရန်

Friday, March 14, 2008

DES (09) - KEY ပြုလုပ်ခြင်း

Key algorithm မှာလည်း encryption algorithm မှာလိုပဲ 16 round ရှိပါတယ်။ key algorithm အတွက် Input ဟာ 64 bits ဖြစ်ပါတယ်။ Input key 64 bits ကတော့ password သဘောမျိုးနဲ့ ကြိုက်တာ ထားနိုင်ပါတယ်။ ဒါပေမဲ့ တခု သတိထား ရမှာက key ဟာ Text အရေအတွက်ထက် နဲလို့ မရပါဘူး။ (ဥပမာ Text ဟာ 64 bits(3 rounds) ဆိုရင် Key ဟာလည်း 64 bits(3 rounds) ရှိရမှာ ဖြစ်ပါတယ်) ။ Key algorithm အရ input 64 bits ကို permuted choice 1 (PC1) အရ permutation လုပ်ရင် 56 bits ရမှာ ဖြစ်ပါတယ်။ Key algorithm နဲ့ PC1 ကိုတော့ အောက်မှာ ဖော်ပြလိုက်ပါတယ်။


ပုံ (၁၀)

ပုံ (၁၁)

Key algorithm နဲ့ PC1


ဆက်လက်ဖတ်ရှုရန်

Sunday, March 9, 2008

DES (08) - S-Box permutation နှင့် Inverse Initial Permutation ပြုလုပ်ခြင်း

S-Box တွေမှာ အစားသွင်းလို့ ရလာတဲ့ 48 bits ကိုတော့ permutation ထပ်လုပ် ရမှာ ဖြစ်ပါတယ်။
(ပုံ ၈) မှာ ကြည့်ပါ ။ 48 bits ကို permutation ပြုလုပ်ရင် output ဟာ 32 bits ရမှာ ဖြစ်ပါတယ်။


(ပုံ ၈)
အခု function ကနေ permuted လုပ်ပြီးတဲ့ 32 bits ရလာပြီဆိုရင် algorithm အရ L0 ဟာ R1 ဖြစ်ဖို့အတွက် function ကနေ ရထားတဲ့ 32 bits နဲ့ နဂို L0 (32 bits) ကို Exclusive-OR ပြုလုပ်ပေး ရမှာ ဖြစ်ပါတယ်။အဲဒီ equation ကတော့ “R1=L0⊕f(R0.K1)” ဖြစ်ပါတယ်။အဲလိုပဲ R0 ဟာလဲ L1 အဖြစ် ပြောင်းပြီး assign လုပ်မှာ ဖြစ်ပါတယ်။တခု သတိထား ရမှာက L1 အဖြစ်ပြောင်းသွားတဲ့ R0 ဟာ ပုံ-၃ မှာ IP လုပ်ပြီး ရထားတဲ့ R0 (32bits) ဖြစ်ပါတယ်။
အဲလို L နဲ့ R ကို တလှည့်စီ ပြောင်းပြီး 16 round ပြုလုပ်ရမှာ ဖြစ်ပါတယ်။နောက်ဆုံး R16 နဲ့ L16 ရပြီဆိုရင်တော့ အဲဒီ R16(32bits) နဲ့ L16(32bits) ကိုပေါင်းရင် 64 bits ရမှာပါ။အဲဒီ 64 bits ကို inverse initial permutation (ပုံ ၉) ပြုလုပ်ပြီးတဲ့ အခါ final output (cipher text) 64 bits ကို ရရှိမှာဖြစ်ပါတယ်။

(ပုံ ၉)

ဆက်လက်ဖတ်ရှုရန်

Friday, March 7, 2008

DES (07) - Sbox အစားသွင်းတွက်ချက်ပုံ

Exclusive OR ပြုလုပ်ပြီး ရလာတဲ့ 48 bits ကိုတော့ block ၈ ခုစီခွဲပြီး input ကို S-box မှာ အစားသွင်း တွက်ချက်ရမှာ ဖြစ်ပါတယ် ။ Block ၁ ခုစီမှာ 6 bits ရှိပါတယ် ။ ပထမ block (B1) ဟာ ပထမဆုံး 1-6 bits ဖြစ်ပါတယ် ။နောက်ဆုံး Block (B8) ကတော့ 42-48 bits ဖြစ်ပါတယ် ။ Block ၈ ခု အတွက် S-box ကလဲ ၈ခု ရှိပါတယ် ။S1 ကနေ S8 ပါ ။ S-box ၁ခုအတွက် Input bit က 6 bits ဖြစ်ပြီး output က 4 bits ဖြစ်ပါတယ် ။ S-box ၈ ခုရဲ့ table ကို ပုံ(၇) မှာ ကြည့်ပါ ။

ပုံ(၇)

အခု S1 အတွက် input 6 bits ဟာ B1 က 6 bits ဖြစ်ပါတယ် ။ ဥပမာ အနေနဲ့ B1 ရဲ့ 1-6 bits ဟာ 011011 ဆိုပါစို့ ။ အဲဒီ 6 bits မှာ ပထမဆုံး နဲ့ နောက်ဆုံး bit တွေဟာ binary code ကို အခြေခံထားတဲ့ Row no 0 မှ 3 ထိ ဖြစ်ပါတယ် ။ 00 ဟာ Row no 0, 01 ဟာ Row no 1, 10 ဟာ Row no 2 နဲ့ 11 ဟာ Row no 3 ဖြစ်ပါတယ် ။ အလယ် 4 bits ကတော့ Column no အတွက် ဖြစ်ပါတယ် ။ Column no အတွက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
0000 - Column no 0
0001 - Column no 1
0010 - Column no 2
0011 - Column no 3
0100 - Column no 4
0101 - Column no 5
0110 - Column no 6
0111 - Column no 7
1000 - Column no 8
1001 - Column no 9
1010 - Column no 10
1011 - Column no 11
1100 - Column no 12
1101 - Column no 13
1110 - Column no 14
1111 - Column no 15
အဲဒီတော့ 011011 ကို S1 မှာ အစားထိုးတော့ row က 01 နဲ့ column က 1101 ဖြစ်ပါတယ် ။ S1 က row 1 နဲ့ column 13 ဆုံတဲ့နေရာက 5 ဆိုတော့ S1 ရဲ့ output (4 bits) ဟာ 0101 ဖြစ်ပါတယ် ။ ကျန်တဲ့ S2 – S8 ကို အဲလို ဆက်တွက်သွားရင် output အတွက် 48 bits ရမှာပါ ။

ဆက်လက်ဖတ်ရှုရန်

Sunday, March 2, 2008

DES (06) - E bits selection table

အခု L,R Block ၂ခု ရလာပြီ ဆိုတော့ ကျွန်တော်တို့ဟာ L (32 bits) ကို ဒီအတိုင်း ထားခဲ့ပြီး R (32 bits ) ကို key နဲ့တွဲပြီး function f(R,K) ပြုလုပ်ရန် လိုပါတယ် ။ ပုံ (၅) ကိုကြည့်ပါ ။

ပုံ (၅)

ဒီ algorithm အရ ပထမဆုံး R (32 bits ) ကို E bits (48 bits) ပြုလုပ်ရန် လိုပါတယ် ။ E bits ဆိုတာကတော့ R (32 bits) ထဲက bits တွေကို ပြန်သုံးပြီး 48 bits ရအောင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။
E bits selection table ကို ပုံ (၆) မှာကြည့်ပါ ။


ပုံ (၆)

E bits selection table လုပ်ပြီးလို့ 48 bits ရလာပြီ ဆိုရင်တော့ အဲဒီ E bits (48 bits) နဲ့ Key bits (48 bits) တို့ကို ပေါင်း (Exclusive OR) ပြုလုပ်ပေး ရမှာ ဖြစ်ပါတယ်။ Key bits တွေဘယ်လို ရလာတယ် ဆိုတာတော့ ကျွန်တော် နောက်ပိုင်းမှာ ရှင်းပြသွားပါမယ်။ အခု လောလောဆယ်တော့ E bits နဲ့ Key bits တွေပေါင်းပြီး function ပြုလုပ်တဲ့ အပိုင်းကို ရှင်းပြသွားမှာ ဖြစ်ပါတယ်။ E bits (48 bits) နဲ့ Key (48 bits) ပေါင်းရင် 48 bits ရပါတယ်။ Binary code (0 or 1) ကို ပေါင်းနည်း (Exclusive OR) က အောက်ပါအတိုင်း ဖြစ်ပါတယ်။

(Exclusive OR)

xy=z

00=0
0
1=1
1
0=1
1
1=0


ဆက်လက်ဖတ်ရှုရန်

Thursday, February 28, 2008

DES (05) - Initial Permutation နှင့် L R ပြုလုပ်ခြင်း

အခုရလာတဲ့ 64 bits ကို ပထမဆုံး initial permutation ပြုလုပ်ရန် လိုပါတယ် ။ algorithm မှာ IP ဆိုတာ

initial permutation ကို ပြောတာ ဖြစ်ပါတယ် ။ Permutaiton ဆိုတာကတော့ ဂဏန်းတွေကို နေရာရွှေ့တာဖြစ်ပါတယ် ။ ပုံ (၃) ကို ကြည့်ပါ ။


ပုံ (၃)

ဒီ ပုံအရ အရင် 64 bits က ၅၈ ခုမြောက် bit ဟာ ၁ နေရာကို ရွှေ့လာမှု ဖြစ်ပါတယ် ။ ၂ နေရာကို တော့ အရင် ၅၀ နေရာက bit ရောက်လာမှာ ဖြစ်ပါတယ် ။ ၆၄ နေရာကတော့ အရင် ၇ နေရာက bit ဖြစ်ပါတယ် ။

IP ပြုလုပ်ပြီး ရလာတဲ့ 64 bits ကို L (32 bits) နဲ့ R (32 bits) ဆိုပြီး ၂ ပိုင်း ခွဲရမှု ဖြစ်ပါတယ် ။ L မှုာ ၁ - ၃၂ ထိ 32 bits ရှိရမှာ ဖြစ်ပြီး R မှာ ၃၃-၆၄ ထိ 32 bits ရှိရမှာပါ ။ အခုဆိုရင် ကျွန်တော်တို့ဟာ L (32bits ) နဲ့
R (32 bits) ရပါပြီ ။ ပုံ (၄) ကိုကြည့်ပါ ။

ပုံ (၄)

ဆက်လက်ဖတ်ရှုရန်

Friday, February 22, 2008

DES (04) - Character မှ Binary သို့ပြောင်းနည်း


တွက်ချက်ပုံကတော့ ပထမဆုံး အနေနဲ့ character ကို ASCII code ရဲ့ Hexadecimal value ပြောင်းပေးရမှာ ဖြစ်ပါတယ် ။ “standard” ဆိုတဲ့ စာလုံးကို ASCII code Hexadecimal value ပြောင်းမယ်ဆိုရင် “s” ဟာ ဟာ hexadecimal code အရ “73” ဖြစ်ပါတယ် ။ အဲဒီ hexadecimal code ကိုမှ binary code ပြောင်းရမှာပါ ။ hexadecimal code “73” ဟာ binary code အရ “01110011” ဖြစ်ပါတယ် ။ အခုဟာက “s” ဆိုတဲ့ character ၁ လုံးအတွက် binary ၈ လုံးရတာကို တွက်ပြတာဖြစ်ပါတယ် ။ ကျန်တဲ့ “tandard” ဆိုတဲ့ character ၇ လုံးကို ဆက်တွက်ရင် input အတွက် binary 64 bits ရပါပြီ ။ ဒီလို တွက်ချက်တာကတော့ Boolean algebra တွက်နည်းကို သိပြီးထားရင် အဆင်ပြေမှာပါ ။ ပိုမိုလွယ်ကူအောင် ASCII value table ကို ဖော်ပြပေးလိုက်ပါတယ် .... ။

ပုံ (၂)

ဆက်လက်ဖတ်ရှုရန်

Thursday, February 21, 2008

DES (03) - Algorithm

DES ရဲ့ algorithm ကိုအောက်မှာဖော်ပြလိုက်ပါတယ် ။



ပုံ (၁)

ပထမဦးဆုံးအနေနဲ့ DES algorithm ကို ဖော်ပြပေးလိုက်ပါတယ် ။ Cryptography မှာ algorithm ဟာ အသက်ပါပဲ ။ Algorithm ပေါ် မူတည်ပြီး data ရဲ့ လုံခြုံမှု ဟာ ပြောင်းလဲနိုင်ပါတယ် ။

ဒီ algorithm အရ data ကို input အနေနဲ့ထည့်ပေးမယ်ဆိုရင် အဲဒီ data ကို encryption လုပ်ပြီး
output data ပြန်ရပါမယ်။ အဲဒီ output data ကို cipher text လို့ခေါ်ပါတယ်။ DES မှာတော့ data တွေကို encryption တကြိမ်မှာ 64 bits (binary format) ပြုလုပ်ပေးနိုင်ပါတယ် ။ input data ကို တကြိမ်ကို 64 bits တွက်ချက်တယ် ဆိုရာမှာ အဲဒီ 64 bits ဟာ character အနေနဲ့ ၈ လုံးကို ပြောတာပါ ။ ဥပမာ standard ဆိုတဲ့ စာလုံးကို input အနေနဲ့ ထည့်ပေးမယ် ဆိုရင် “standard” ဆိုတဲ့ စာလုံးဟာ character အနေနဲ့ ၈ လုံးဖြစ်ပါတယ်။ အဲဒီ character ၈ လုံးကို binary code ပြောင်းရင် 64 bits ရပါတယ် ။ character ၁ လုံးမှာ binary ၈ လုံးရှိတဲ့အတွက် character ၈ လုံး အတွက် binary ၆၄ လုံးရတာပါ ။


ဆက်လက်ဖတ်ရှုရန်

DES (02) - ကျွန်တော် နှင့် Cryptography

ကျွန်တော် MPEI တက္ကသိုလ် မှာကျောင်းသားစဖြစ်တော့ Supervisor တစ်ယောက်ရပါတယ် ။ သူက ကျွန်တော့်ကို Thesis ခေါင်းစဉ် အဖြစ် “Cryptographical methods of protection the information” ကိုရွေးပေးပါတယ် ။ကျွန်တော်ကလဲ ကိုယ်မသိသေးတဲ့ ဘာသာရပ်လဲဖြစ်တာမို့ နဲနဲစိတ်ဝင်စားတာရယ် ၊ဆရာမကလဲ အဲဒီအကြောင်းကို တခြားဘာသာရပ်တွေထပ်ပိုသိတော့ စာသင်ရတာ အခက်အခဲမရှိအောင် အဲဒီခေါင်းစဉ်ကို လက်ခံခဲ့ပါတယ် ။

ကျွန်တော့်အတွက် ကံကောင်းတာ ကတော့ Cryptography အကြောင်းကို ကျွန်တော့်အရင် လေ့လာထားပြီး ကျွန်တော့်ကို အဲဒီ အကြောင်း တွေ ပြောပြပြီး အကူအညီတွေ အများကြီး ပေးတတ်တဲ့ ကိုဘလူးဖီးနစ် တစ်ယောက်ရှိနေတာပါပဲ ။ ကျွန်တော်ကို စာရှင်းပြ ပေးရုံ တင်မက လိုအပ်ရင် ညမအိပ်ပဲ program တွေပါကူရေးပေး ခဲ့ပါတယ်။အခုလဲ သူ့ဘလော့ခ်မှာ အကြောင်းအရာ စုံစုံလင်လင်နဲ့ လေ့လာလို့ ရအောင် cryptography အကြောင်းပါ ရေးရန် အကြံပြုတဲ့ အတွက် ကျွန်တော် သိထားသမျှကို မျှဝေလိုက်ပါတယ် ။

Cryptography ဆိုတာကတော့ cipher (၀ှက်စာ) သဘောတရားမျိုးပါပဲ ။ အရင်တုန်းကတော့ Cryptography ကိုစစ်ဘက်ရေးရာတွေမှာ အသုံးပြုခဲ့ကြပေမဲ့ အခုအချိန်မှာတော့ နေရာကဏ္ဍအသီးသီးမှာ အသုံးပြုနေကြပါပြီ ။ Cryptography ကို Encryption algorithm တွေကိုသုံးပြီး Program တွေရေးပြီး user name နဲ့ password တို့ကို မူရင်း code တွေကနေ encrypted code တွေပြောင်းပြီး ၀ှက်ထားတာမျိုး ၊ database ထဲက data တွေကို မဆိုင်တဲ့သူတွေ (ဥပမာ hacker တွေ) တွေရန်က ကာကွယ်နိုင်အောင် မူရင်း data တွေကို ၀ှက်တာမျိုးတွေမှာ သုံးနိုင်ပါတယ် ။

အခု ပထမဆုံးအနေနဲ့ Cryptography ကို DES (Data Encryption Standard) နဲ့ စပြီးရှင်းပြသွားပါမယ် ။ ကျွန်တော်ကြိုပြီးတောင်းပန်ထားချင်တာကတော့ ကျွန်တော်က အဂ်လိပ်စာ အားနည်းတဲ့အတွက် မူရင်း e-book ကိုဖတ်ပြီး ရှင်းပြတဲ့အခါ အမှားပါရင် ခွင့်လွှတ်ပေးစေလိုပါတယ် ..........။


ဆက်လက်ဖတ်ရှုရန်

(01) - မင်္ဂလာပါ !

ဒီိ ဘလော့ခ်ကို ၀င်ရောက်ကြည့်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဒီ ဘလော့ခ်မှာရေးရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော် သိထားသမျှကို မြန်မာတွေကို ဝေမျှပေးချင်တာပါ။ သိထားပြီးသားတွေဖြစ်နိုင်ပေမဲ့ မသိသေးတဲ့သူတွေအတွက်တော့ အကျိုးရှိလောက်ပါတယ်။ ကျွန်တော်အဓိက တင်ပြချင်တာကတော့ Cryptography အကြောင်းပဲဖြစ်ပါတယ် ။

ကျွန်တော့အနေနဲ့ ဘလော့ခ်ကို အခုမှ စလုပ်တာ ဖြစ်လို့ အမှားအယွင်းတွေ ရှိနေရင် ခွင့်လွှတ်ပေးစေ လိုပါတယ်။ မအားလပ်လို့ မရေးနိုင်ရင်လဲ သည်းခံပေးကြပါ။ လိုအပ်တာရှိရင်လဲ ဝေဖန်၊ အကြံပြု၊ ဆွေးနွေးနိုင်ပါတယ် …………..

ကျွန်တော့် email က thurein.reddevil@gmail.com ပါ ။


ဆက်လက်ဖတ်ရှုရန်