Showing posts with label dictionary project. Show all posts
Showing posts with label dictionary project. Show all posts
Monday, June 16, 2008
Sunday, June 15, 2008
First release - Beta version of M.P.E.I Russian-Myanmar Dictionary
ကဲ ဒီနေ့တော့ အားလုံး မျှော်လင့် စောင့်စား နေတဲ့ ရုရှား-မြန်မာ အဘိဓါန်ကို အကြမ်းပြီး သွားတဲ့ အတွက် Beta version အနေနဲ့ စတင် ဖြန့်ဝေ လိုက်ပါတယ်။ Beta version ဆိုတဲ့ အတိုင်း အမှားအယွင်း လေးတွေ၊ အဆင်မပြေမှု လေးတွေ တော်တော် များများ ပါနေပါဦးမယ်။ အဲဒါကို စမ်းသပ် သုံးစွဲ ပေးရင်း ကူညီ စစ်ဆေး ပေးကြ စေချင် ပါတယ်။ အမှားများကို feed back ပေးတဲ့ အနေနဲ့ comment မှာ လာရောက် ရေးသား စေလိုပါတယ် ခင်ဗျာ။
အခု လောလောဆယ် ဒီ အဘိဓါန်လေးကို Lingvo dictionary မှာ ဘယ်လို Add လုပ်ပြီး အသုံးချရမယ် ဆိုတာကို အနည်းငယ် ရှင်းပြပါမယ်။ အဆင်မပြေတာ ရှိခဲ့ရင် အီးမေးလ် နဲ့ သော် ၄င်း comment မှာသော် ၄င်း မေးမြန်းနိုင်ပါတယ်။ compile မလုပ်ရသေးတဲ့ စာသားဖိုင် ကို ဒီနေရာက ရယူနိုင်ပါတယ်။ ၄င်းကို notepad နဲ့ ဖတ်ရှုနိုင်ပါတယ်။

ပထမဆုံး ကျွန်တော်တို့ လုပ်ထားတဲ့ MPEI Ru-Mm dict.lsd ဖိုင်လေးကို ဒီနေရာက ဒေါင်းလုပ် ရယူပါ။
ပြီးရင် ကိုယ်သိမ်းလိုတဲ့ နေရာမှာ folder လေးတစ်ခု ဆောက်ပြီး သတ်သတ်မှတ်မှတ် သိမ်းထားလိုက်ပါ။
ပြီးရင် ကိုယ်သိမ်းလိုတဲ့ နေရာမှာ folder လေးတစ်ခု ဆောက်ပြီး သတ်သတ်မှတ်မှတ် သိမ်းထားလိုက်ပါ။
Lingvo dictionary ကို ဖွင့်ပြီး Tools menu က Add Dictionary ကို ရွေးချယ်ပါ
မိမိ သိမ်းဆည်းထားတဲ့ အဘိဓါန် တည်နေရာကို ရှာပေးလိုက်ပါ။
ခုဆို အဘိဓါန် ကို သုံးဖို့ အသင့် ဖြစ်နေပါပြီ။
ပုံမှာ အဘိဓါန်ကို သုံးပြီး စာလုံးများ ရှာနေပုံဖြစ်ပါတယ်။ စာလုံး မစုံသေးသောကြောင့် မြန်မာလို ပြန်ပြီးသားမရှိလျင် ယခင်ကအတိုင်း အင်္ဂလိပ်လိုသာ ကြည့်ကြရမှာ ဖြစ်ပြီး မြန်မာလို ပါရှိပါက အောက်မှာ ပြထားတဲ့ အတိုင်း မြင်ကြရမှာ ဖြစ်ပါတယ်။
ဒီ ဆောင်းပါးကို ပီဒီအက်ဖ် PDF နဲ့ သိမ်းဆည်း ထားလိုသူများ ဒီမှာ ဒေါင်းလုပ် လုပ်နိုင်ပါတယ်။
နောက်ထပ် လုပ်ရမယ့် အလုပ်တွေ အများကြီး ရှိပါသေးတယ်။ ဒါပေမယ့် 24-6-2008 မှာ သီးစစ် အကြိုစာတမ်းဖတ်ပွဲ ရှိလို့ နောက်မှ ဆက်ရေးပါ့မယ်။ ပညာရှာသူအားလုံး လွယ်ကူ လျှင်မြန်စွာ တတ်မြောက် အောင်မြင် ကြပါစေ ခင်ဗျာ။
နောက်ထပ် လုပ်ရမယ့် အလုပ်တွေ အများကြီး ရှိပါသေးတယ်။ ဒါပေမယ့် 24-6-2008 မှာ သီးစစ် အကြိုစာတမ်းဖတ်ပွဲ ရှိလို့ နောက်မှ ဆက်ရေးပါ့မယ်။ ပညာရှာသူအားလုံး လွယ်ကူ လျှင်မြန်စွာ တတ်မြောက် အောင်မြင် ကြပါစေ ခင်ဗျာ။
ဘလူးဖီးနစ်
http://engineer4myanmar.com
http://engineer4myanmar.com
စာရေးသူ ဘလူးဖီးနစ် at 9:41 PM 6 ယောက်က ဒီလိုပြောတယ်
Labels: dictionary project, ဘလူးဖီးနစ်
Sunday, March 9, 2008
DP004: Ru-Mm Dictionary Project Report
ရုရှ-မြန်မာ အဘိဓါန်ကို engineer4myanmar.com ရဲ့ ဆောင်ပုဒ် နဲ့ ခံယူချက်အတိုင်း မည်သူမဆို အလွယ်တကူ ရယူ၊ ပြင်ဆင် သုံးစွဲနိုင်စေရန် အခမဲ့ ဖြန့်ချီသွားမှာ ဖြစ်ပါတယ်။ ဒီလို ပေးခြင်းအားဖြင့် တခြားကျောင်းများမှ ရုရှ-မြန်မာ အဘိဓါန် ပြုစုဖို့ ကြိုးစားနေကြသော သူများကိုလည်း အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ယူဆပါတယ်။ တကယ်လို့ စိတ်ဝင်စားရင် လာရောက်ဆက်သွယ်စေချင်ပါတယ်။ အဘိဓါန်ဆိုတာမျိုးဟာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း ပြုစုဖို့ မလွယ်ပါဘူး။ ဒါကြောင့် တစ်ယောက်တစ်ပေါက် လုပ်ကြမယ့် အစား တတ်နိုင်သလောက် စုစုစည်းစည်း ၀ိုင်းဝန်း လုပ်ကြစေချင်ပါတယ်။ ဒီလို လုပ်ကြမှလည်း နောင်အရှည်သဖြင့် ရုရှ ဘာသာကို လေ့လာချင်တဲ့ ဘာသာဗေဒ ပညာရှင်များနဲ့ စကော်လာများကို အထောက်အကူပေးနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။
ယခု ပြုစုထားသော စာလုံးများမှာ meaning book level သာသာမျှသာ ရှိသေးကြောင်းကိုလည်း ကြိုတင် အသိပေးလိုပါတယ်။ အဆင့်မီ အဘိဓါန်တစ်ခုဖြစ်ဖို့ကတော့ လူများစွာ၊ လုပ်အားများစွာ၊ အချိန်များစွာ ထပ်မံရင်းနှီးကြရဦးမှာ ဖြစ်ပါတယ်။
ပြီးစီးမှုအခြေအနေမှာ အောက်ပါ အတိုင်း ဖြစ်ပါတယ်-ယခု ပြုစုထားသော စာလုံးများမှာ meaning book level သာသာမျှသာ ရှိသေးကြောင်းကိုလည်း ကြိုတင် အသိပေးလိုပါတယ်။ အဆင့်မီ အဘိဓါန်တစ်ခုဖြစ်ဖို့ကတော့ လူများစွာ၊ လုပ်အားများစွာ၊ အချိန်များစွာ ထပ်မံရင်းနှီးကြရဦးမှာ ဖြစ်ပါတယ်။
(right click နှိပ်ပြီး save target as ဖြင့် ရယူပါ)
မှတ်ချက်။ ယခင်က txt ဖြင့် တင်ထားရာ စာလုံးများဖတ်မရကြောင်း ညီလေး ရေခါးမှ သတိပေးပါသဖြင့် zip ပြုလုပ်ကာ ပြန်လည် တင်ပေးထားပါသည်။
- А ရိုက်ပြီး
- Б ရိုက်ပြီး
- В ရိုက်ပြီး
- Г ရိုက်ပြီး
- Д ရိုက်ပြီး
- Е ရိုက်ပြီး
- Ж ရိုက်ပြီး
- З ရိုက်ပြီး
- И ရိုက်ပြီး
- К ရိုက်ပြီး
- Л ရိုက်ပြီး
- М
- Н ရိုက်ပြီး
- О ရိုက်ပြီး
- П
- Р
- С
- Т ရိုက်ပြီး
- У ရိုက်ပြီး
- Ф ရိုက်ပြီး
- Х ရိုက်ပြီး
- Ц ရိုက်ပြီး
- Ч ရိုက်ပြီး
- Ш ရိုက်ပြီး
- Щ ရိုက်ပြီး
- Э ရိုက်ပြီး
- Ю ရိုက်ပြီး
- Я ရိုက်ပြီး
ပြီးသလောက် အစအဆုံးက ဒီမှာ
စာလုံးတွေကို ပြန်စစ်ဖို့ လိုနေပါသေးတယ်။ ကျန်တဲ့ စာလုံးများကို ညီငယ်များမှ ဆက်လက် ရိုက်ပေးလျက်ရှိပါတယ်။ မကြာခင်မှာ လုပ်အားပေး ညီငယ်များရဲ့ အမည်စာရင်းများကို ထုတ်ပြန်ကြေငြာပေးမှာ ဖြစ်ပါတယ်ခင်ဗျာ။ ဒါပြီးသွားရင် လင်ဗို မှာ ရုရှ-အင်္ဂလိပ်-မြန်မာ ဘာသာပြန်လို့ ရမှာဖြစ်ပါတယ်။ သို့သော် စာလုံးများမှာ ရုရှဘာသာ ရဲ့ အသုံးများဆုံး စကားလုံး အနည်းငယ်သာ ရှိသေးတာကို သတိပြုစေချင်ပါတယ်။ ဒါက သူများတွေ လုပ်ထားတဲ့ အဘိဓါန်ကိုသုံးထားတာပါ။ နောက်ပိုင်း နည်းပညာဆိုင်ရာ အဘိဓါန်များပြုစုခြင်း၊ စာလုံးများကို မိမိတို့ ဘာသာ သင့်တော်သလို ဘာသာပြန်ဆို ထည့်သွင်းခြင်းများ ပြုကြစေလိုပါတယ်။ နောင်မှာ ထပ်မံဆွေးနွေးပေးပါ့မယ်။
စကားပုံလေးတစ်ခုကို သတိရမိပါတယ်။ ပြိုင်တူတွန်းလျင်ရွေ့နိုင်ပါသည် ဆိုတာလေးပါ။ မိမိတတ်စွမ်းရာ ပညာရပ်များဖြင့် နိုင်ငံအကျိုးကို ထိထိရောက်ရောက် ကူညီ ပံ့ပိုးနိုင်ကြပါစေဗျာ။

စာရေးသူ ဘလူးဖီးနစ် - bluephoenix at 10:43 AM 0 ယောက်က ဒီလိုပြောတယ်
Labels: dictionary project, ဘလူးဖီးနစ်
Saturday, March 8, 2008
DP003: မပြီးသေးသော ပန်းချီကား (သို့) ရုရှ-မြန်မာ အဘိဓါန်
အားလုံး ကျောင်းပိတ်တဲ့ အချိန်ကို ရွေးပြီး စလိုက်ပေမယ့် ကျောင်းတွေ ပြန်ဖွင့်ကုန်ပြီး အခု အလုပ်တွေ အရမ်းများနေကြတာနဲ့ လုပ်လက်စ အဘိဓါန်ကလေးဟာ ပထမအဆင့် သဒ္ဒါမပါတဲ့ အနေအထားလေးပြီးဖို့ စာလုံးလေး ၃ လုံးလောက် လိုနေတဲ့ အချိန်မှာပဲ ရပ်တန့်လို့ နေပါတယ်ဗျာ။ ဒါပေမယ့် ဇွဲကောင်းတဲ့ ညီလေးတစ်ယောက်က ဆက်ရိုက်နေတာကြောင့် ဒီတစ်လတော့ ဖြင့် အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ နောက်နေ့မှာ စာရိုက်သူများစာရင်းနဲ့ ရိုက်ပြီးသား အဘိဓါန်ဖိုင်များကို open source သဘောမျိုး စတင် တင်ပေးမှာ ဖြစ်ပါကြောင်း အသိပေးလိုက်ပါတယ်ခင်ဗျား။ ကူညီပြီ စာရိုက်ပေးကြတဲ့ ညီငယ်များ၊ သူငယ်ချင်းများကို ကျေးဇူး အထူးတင်ရှိပါကြောင်း ....
စာရေးသူ ဘလူးဖီးနစ် at 11:46 AM 0 ယောက်က ဒီလိုပြောတယ်
Labels: dictionary project, ဘလူးဖီးနစ်
Sunday, February 10, 2008
DP002: Example of Lingvo Russian-Myanmar Dictionary
စာရေးသူ ဘလူးဖီးနစ် at 11:00 PM 0 ယောက်က ဒီလိုပြောတယ်
Labels: dictionary project, ဘလူးဖီးနစ်
DP001: why do we need to develope a Technical Russian-Myanmar dictionary
ဘာလို့ Technical Russian-Myanmar Dictionary ပြုစုဖို့ လိုရတာလဲ ? ဘယ်လို ပြုစုကြမလဲ ?
ရုရှမှာ ပညာသင်ကြားခဲ့ဘူးသောသူတိုင်း ရုရှ ဘာသာစကား၏ ခက်ခဲပုံကို ညည်းမိကြသည်သာ ဖြစ်သည်။ ပညာရေးတွင် ကွာဟမှုရှိသည်က တစ်ပိုင်း၊ နားမလည်သည်က တစ်ဖုံဖြင့် ကျောင်းသား သစ်များ ဒုက္ခ ရောက်ကြ သည်ချည်း သာ ဖြစ်ပါသည်။ ကျောင်းသားတစ်ချို့မှာ အင်္ဂလိပ်လိုပါ အားနည်းသည့် အတွက် အခက်ကြုံနေကြသည်။ လင်ဗို ဟု ခေါ်သော ရုရှ - အင်္ဂလိပ် အဘိဓါန် ရှိသော်လည်း မြန်မာဘာသာပြန်ရာတွင် အင်္ဂလိပ် - မြန်မာ အဘိဓါန်များ က နည်းပညာ စကားလုံးများအတွက် စုံလင်အောင် ပါရှိခြင်း မရှိပါ။ ၂ ဆင့် ဘာသာပြန်ရခြင်းဖြစ်၍ ပိုမို မှားယွင်းနိုင်ပေသည်။ ရုရှ - မြန်မာ တိုက်ရိုက် အဘိဓါန် ကို စာအုပ် အနေဖြင့် ရှိသော်လည်း စာလုံးများမှာ နည်းလွန်း လှသည်ဖြစ်ရာ သိပ်အသုံးမကျလှချေ။ ကျောင်းသားများ အဓိက အလိုရှိနေကြသည်မှာလည်း မေဂျာအလိုက် နည်းပညာဆိုင်ရာ အဘိဓါန် သာဖြစ်သည်။ သို့မှသာ ဘာသာရပ် ဆိုင်ရာ ဆိုလိုရင်း အတိအကျကို ကျောင်းသားများ အနေဖြင့် အလွယ်ကူဆုံး သိရှိနိုင်မည် ဖြစ်သည်။
အဘိဓါန်ပြုလုပ်ရန် ပထမဆုံး စဉ်းစားရမည့် အချက်များရှိပါသည်။ များသောအားဖြင့် မြန်မာများ ပြုလုပ်ထားသော အဘိဓါန်များသည် ကိုယ်ပိုင်ရေးသားထားသော ဆော့ဖ်ဝဲများ ဖြစ်ပြီး နားလည်သူများသာ ပြုလုပ်နိုင်ပါသည်။ ထို့ပြင် ၄င်းတို့ ပြုစုသော အဘိဓါန်များသည် ပြည့်စုံသလောက် နီးနီး ရှိနေသော အဘိဓါန်များဖြစ်သည်။ ကိုးကားရန်လည်း စာအုပ်စာတမ်း အမြောက်အများ ရှိပါသည်။ သို့ရာတွင် ယခု ကျွန်တော်တို့ ကြုံတွေ့နေရသည့် ပြသနာမှာ တစ်မူထူးခြားပါသည်။ ကိုးကားရန် စာအုပ်ဆို၍ ရုရှ-မြန်မာ အဘိဓါန် တစ်အုပ် နှစ်အုပ်သာရှိပြီး အဓိက ဘာသာရပ်ဆိုင်ရာ စကားလုံးများ မပါသလောက် နည်းပါးပါသည်။ ထို့ပြင် ရုရှ၌ မြန်မာများ သင်ယူနေသော ဘာသာရပ်များမှာ အမျိုးအမည် များပြားလှပါသည်။ သို့ဖြစ်ပါ၍ မိမိတို့ ဘာသာရပ်အလိုက် လိုအပ်သော အဘိဓါန်များကို မိမိတို့ ဘာသာ အချိန်ယူ၍ generation အလိုက် လက်ဆင့်ကမ်း ပြုစုသွားရမည်သာ ဖြစ်ပါသည်။ ထိုသို့ ပြုလုပ်နိုင်ရန် အတွက် အဘိဓါန်သည် လူတိုင်း လက်လှမ်းမှီသော နည်း၊ လူတိုင်း ရင်းနှီးကျွမ်းဝင်ပြီးသော software environment အပေါ်တွင် မူတည်၍ ပြုစုရန် အထူး အရေးကြီးလှပါသည်။ ထို့ကြောင့် software environment ကို ရုရှ ရှိကျောင်းသား 99% လက်တွေ့ သုံးစွဲနေသော လင်ဗို အဘိဓါန် ဆော့ဖ်ဝဲ ကိုသာ တမင် အခြေခံ၍ ရွေးချယ်ထားခြင်း ဖြစ်ပါသည်။ ဤနည်းဖြင့် အကယ်၍ မိမိတို့ ရှာဖွေသော စကားလုံးကို မြန်မာပြန်ဆိုပြီးသား မရှိသည့်တိုင်အောင် လင်ဗိုရှိ အဘိဓါန်များက အနည်းဆုံး အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပေးသွားမည် ဖြစ်ပါသည်။ ထို့ပြင် ၄င်း ဆော့ဖ်ဝဲကို အသုံးပြုခြင်းဖြင့် ခက်ခဲသော ပရိုဂရမ်းမင်း ဘာသာရပ်များ အား လေ့လာရန် မလိုတော့ပဲ notepad တစ်ခုတည်း ကိုသာ အသုံး ပြု၍ အဆင့်အတန်း မြင့်မားသော အဘိဓါန် တစ်ခုကို လူတိုင်း အလွယ်တကူ စုပေါင်း ပြုစုနိုင်မည် ဖြစ်ပါသည်။ ပြုလုပ်ရန် အဆင့်များကို အောက်ပါအတိုင်း ချမှတ်ထားပါသည်။

- ပထမဦးစွာ ရှိနှင့်ပြီးသား ရုရှ-မြန်မာ အဘိဓါန်များကို အခြေခံ၍ လူခွဲကာ notepad များအပေါ်တွင် အဘိဓါန်အား lingvo DSL အဘိဓါန်ပြုလုပ်နည်းများ အတိုင်း အရိုးရှင်းဆုံး ပြုလုပ်မည်ဖြစ်သည်။ (၄င်းတွင် ဂရမ်မာဆိုင်ရာ ရှင်းလင်ချက်များ၊ စကားလုံး ပြောင်းလဲပုံများ၊ ဥပမာများ၊ အသံထွက်များ စသည့် အဘိဓါန် စစ်စစ်တစ်ခုတွင် ပါဝင်ရမည့် အချက်များအား ခေတ္တ မေ့ထားပြီး သာမာန် meaning book တစ်ခုကဲ့သို့သာ ပြုစုမည်ဖြစ်သည်။ သို့မှသာ အကြမ်းထည် တစ်ခု ဖြစ်လာ ပေမည် ဖြစ်သည်။ ကျန်သည့် အချက်များကို တဖြည်းဖြည်းချင်း ဖြည့်ဆည်း သွားရမည် ဖြစ်သည်။)
- ဒုတိယ အဆင့်အနေဖြင့် မိမိတို့ ဌာနအလိုက် သင်ကြားနေသော အထူးပြုဘာသာရပ်များမှ စကားလုံးများကို လင်ဗို ရုရှ-အင်္ဂလိပ် အဘိဓါန် အကူအညီဖြင့် မြန်မာဘာသာသို့ မိမိတို့ ကိုယ်တိုင် ကြိုးစား ပြန်ဆိုကြရန်ဖြစ်သည်။ ၄င်း ကို ထပ်တိုး သီးသန့် အဘိဓါန်များ အနေဖြင့် ထားရှိမည်ဖြစ်ပါသည်။
- တတိယ အဆင့်အနေဖြင့် အဘိဓါန် တစ်ခု၏ အင်္ဂါရပ်များ ပြည့်စုံစေရန် အသံထွက်၊ ဂရမ်မာ စသည်များကို အကိုးအကားများ၊ နားလည်တတ်ကျွမ်းသူများ၊ ဆရာ၊ဆရာများ အကူအညီကို ရယူ၍ အသေးစိတ် ပြုစုရန် ဖြစ်ပါသည်။
ဘလူးဖီးနစ် (10-12-2008)
Tags: dictionary project, bluephoenix
စာရေးသူ ဘလူးဖီးနစ် at 10:34 PM 0 ယောက်က ဒီလိုပြောတယ်
Labels: dictionary project, ဘလူးဖီးနစ်
Subscribe to:
Posts (Atom)