Showing posts with label theory. Show all posts
Showing posts with label theory. Show all posts

Wednesday, February 20, 2008

လျှပ်စစ်ဓါတ်အား ထုတ်ယူမှုဆိုင်ရာ သီအိုရီများ

(အပိုင်းအပြတ်လေးတွေကို ၀ိုင်းဖတ်ပေးပါ)

အကြောင်းအရာတွေကို ကောင်းစွာမစီစဉ်နိုင်အားလို့
ခေါင်းမှာပေါ်သလို ရေးသီရတာ
မပီပြင်ဖြစ်နေမလား
စိုးရိမ်စိတ်ပွားမိသေးတယ်။

တတ်နိုင်ဘူးကွယ် ဆိုပြီး
အမြန်ရေးလိုက်တာမို့
ကျန်သေးတာတွေရှိလို့နေတယ်လေ။

ဇော်အောင်

သံလိုက်မှ လျှပ်စစ်ဓါတ်အား ဘယ်လိုထွက်ပေါ် လာတာလည်း သိရှိလိုကြတဲ့ ညီငယ်/ညီမငယ်များအတွက် ဇော်ကြားဖူး တွေ့ဖူး ထားတာလေးတွေကိုပြန်ရှင်းပြချင်ပါတယ်။

သံလိုက်ဓါတ်အားကိုအခြေခံပြီး လျှပ်စစ်ဓါတ်ထုတ်ယူနိုင်ဖို့ဆိုတာမှာ
ဖေါ်ပြပြီးဖြစ်တဲ့ အရေးပါသောအချက်ကြီးများလည်းဖြစ်တဲ့
သံလိုက်နယ်မြေ (Magnetic field)
လျှပ်ကူးနန်းကြိုးခွေ (Conductor)
လှုပ်ရှားမှုအား (Motion) တို့ ပြည့်စုံမှုရှိရန်အပြင် နည်းမှန်လမ်းမှန်စီစဉ်ဆောင်ရွက်ဖွယ်ရာလေးတွေ ရှိနေပါသေးတယ်။

နည်းလမ်းမကျလျှင် Induce EMF လို့ခေါ်တဲ့ (ညှို့ခြင်းကြောင့်ဖြစ်ထွန်းသော လျှပ်စစ်ဓါတ်အား) လုံးဝမပေါ်ပေါက်တာမျိုး၊ ပြည့်ပြည့်၀၀ မပေါ်ပေါက်တာမျိုးဖြစ်နိုင်ပါတယ်။


ပထမအချက် သံလိုက်နယ်မြေ Magnetic field ရရှိဖို့ကအလွယ်ဖန်တီးနိုင်ကြပါတယ်၊
ရှင်းပြလို့လွယ်ကူအောင်ဒီလိုလုပ်ကြမယ်။
စားပွဲခုံတစ်ခုပေါ်မှာ အမြဲတန်းသံလိုက်( တောင်/မြောက် ၀င်ရိုးစွန်း) တစ်စုံ ကိုအနည်းငယ်ခွါပြီး တည်ငြိမ်နေအောင် နေရာချထားတယ်ဆိုပါစို့။
ဒီအခါမှာ သံလိုက်အားလမ်းကြောင်းတွေက ၀င်ရိုးစွန်းနှစ်ခုအကြားတွင် ယက်ကန်းစဉ်မှ ချည်မျှင်များသဖွယ် အပြိုင်သွယ်တန်းတည်ရှိနေကြပါတယ်။ (လမ်းကြောင်းတွေကို မျက်စေ့ဖြင့် တိုက်ရိုက် မမြင်တွေ့နိုင်သော်လည်း သံမှုန့်များသုံးစွဲလေ့လာကြည့်ရှု တဲ့ခေတ်ဟောင်းနည်း/ အာထရာဆောင်း ဓါတ်မှန်ရိုက်သလို ပုံဖေါ်ကြည့်နိုင်တဲ့ ခေတ်မီနည်း တွေရှိပါတယ်။ ပုံမှာ ကြည့်ပါဗျာ။

နောက်တစ်ချက် အရေးပါတဲ့ Conductor ဆိုတဲ့အပိုင်းမှာလက်တွေ့အားဖြင့် ဗို့အားများများရစေရန်အတွက် လျှပ်ကူးနန်ကြိုးခွေကိုသုံးစွဲကြသော်လည်း သီအိုရီအရ ဒင်္ဂါးပြားလို အလျားတိုတို လျှပ်ကူးပစ္စည်းရှိလျှင်ပင် လျှပ်ညှိုအားဖြစ်ထွန်းရရှိဖို့ လုံလောက်ပါတယ်။
ဒီနေရာမှာ ချွန်ထားတဲ့ ခဲတန်တစ်ချောင်းကို Conductor အဖြစ်သုံးကြတယ်လို့ မြင်ကြည့်ရအောင်နော်။

နောက်ဆုံးအချက်ဖြစ်တဲ့ Motion အပိုင်းမှာ လှုပ်ရှားပေးပုံ နည်းလမ်းမှန်ဖို့ အရေးကြီးကြောင်းသတိပြုဖွယ်ဖြစ်ပါတယ်။

၁) သံလိုက်အားလမ်းကြောင်းများအတွင်းသို့ ခဲတန်ကိုထိုးသွင်းလိုက်/ဆွဲထုတ်လိုက် ဖြင့် လှုပ်ရှားပေးလျှင် ခဲဆံ အစွန်းနှစ်ဖက်တွင် မည်သည့်လျှပ်စစ်အားမှဖြစ်ပေါ်နိုင်မည်မဟုတ်ပါ။

၂) ခဲတန်ကို သံလိုက်အားလမ်းကြောင်းများအတွင်း လမ်းကြောင်းနှင့်အပြိုင်ရွေ့လျားကာ ၀င်ရိုးစွန်း တစ်ဖက်မှ ကျန်တစ်ဖက်သို့ အပြန်ပြန်အလှန်လှန်လွန်းပြန် လှုပ်ရမ်းပေးနေခြင်းဖြင့်လည်း ခဲဆံ အစွန်းနှစ်ဖက်တွင် မည်သည့် လျှပ်စစ်ပိုတင်ရှယ်ခြားနားခြင်းမှ ဖြစ်ပေါ်စေမည်မဟုတ်ပါ။

၃)သံလိုက်အားလမ်းများအား (ချည်ခင်များကို ဓါးဖြင့်ပိုင်းဖြတ်ခုတ်သလို) ခဲတန်ဖြင့် အပေါ်မှအောက်ရိုက်ချသလိုဖြစ်စေ၊ အောက်မှအပေါ် ပင့်တွန်းသလိုဖြစ်စေ တင်/ချ ရွေ့လျားပေးမှသာလျှင် ထိုခဲတန်၏ ရှေ့အစွန်းနှင့် နောက်အစွန်းတို့တွင် ဆန့်ကျင်ဖက် လျှပ်စစ်ဗို့အားများဖြစ်ထွန်းပေါ်ပေါက်နေမှာဖြစ်ပါတယ်။
(ခဲတန်၏ရွေ့လျားမှုကို သံလိုက်၏ မည်သည့်ဝင်ရိုးစွန်းနှင့် နီးကပ်စွာလှုပ်ရှားသည်ဖြစ်ဖြစ်၊ အလယ်တည့်တည့်တွင်ဆောင်ရွက်သည်ဖြစ်စေ ထူးခြားချက်များစွာမရှိပဲ အပေါ်မှအောက်/အောက်မှအပေါ်စသည့် ရွေ့လျားပုံ လားရာတူညီလျှင် ညှို့ဝင်လျှပ်စစ်ဓါတ်အားတူညီစွာဖြစ်ထွန်းမည်ဖြစ်ပြီး ခဲဆံအစွန်းတွင်ရရှိမည့် (+) Polarity, (-) Polarity များလည်းတူညီမည်ဖြစ်ပါသည်။)

၎) ခဲတန်ကို သံလိုက်အားလမ်းကြောင်းများအတွင်းဒေါင်လိုက် တည့်တည့်မတ်မတ် မဖြတ်သန်းပဲ ထောင့်ချိုးတစ်ခုအတိုင်း စွေစောင်းရွေ့လျားဖြတ်သန်းပါက ခဲဆံတွင် ဖြစ်ထွန်းသော ဗို့အားမှာ သံလိုက်အားလမ်းဦးတည်ရာနှင့် ခဲတန်ရွေ့လျားမှုလားရာတို့ အကြား ထောင့်ချိုး၏ (Sine) ဆိုင်းတန်ဖိုး အချိုးအရ ပြောင်းလဲသေးငယ်ရရှိနေမည်ဖြစ်ပါသည်။

သံလိုက်အားလမ်းများအား နန်းကြိုးခွေက ကြိမ်ဖန်များစွာ ထပ်ပြန်တလဲလဲ ဖြတ်သန်းအောင်စီစဉ်အားထုတ်ကြခြင်းဖြင့် လက်ရှိမြင်တွေ့ကြရသော နမူနာပုံစံငယ် အခြေခံ လျှပ်ထုတ်စက်များ ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။

အခြေခံသဘောနှင့်ညီညွတ်အသုံးဝင်အောင် စီစဉ်ထားကြပုံမှာအောက်ပါအတိုင်းဖြစ်ပါသည်။


လက်တွေ့အသုံးချ နမူနာပြ လျှပ်ထုတ်စက်ငယ်တို့တည်ဆောက်ရာတွင် အချွန်လားရာဖက်တူညီအောင်စုစည်းထားသော ခဲတန် အစည်း နှစ်ထုပ်ကို လေးထောင့် ဘောင်ခွေ၏တစ်ဖက်တစ်ချက်၌ တစ်ဖက်လျှင်ဦးတည်ရာလမ်းကြောင်းမတူအောင်နေရာချထားပြီး အဆိုပါဘောင်ခွေတစ်ခုလုံးအား သံလိုက်နယ်မြေအတွင်း လွတ်လပ်စွာလည်ပတ်လှုပ်ရှားနိုင်အောင် ကြံဆောင်ထားပုံမျိုးဆန်ဆန် တည်ဆောက်ကြပါသည်။

ခဲတန်တစ်ထုပ်က သံလိုက်အားလမ်းများအား အောက်မှအပေါ်သို့ ရွေ့လျားရင်းဖြတ်နေစဉ်တွင် ကျန်တစ်ဖက်တွင်နေရာချထားသော တစ်ထုပ်က သံလိုက်လမ်းကြောင်းများအား အပေါ်မှ အောက်ရွေ့လျားပုံမျိုးဖြတ်သန်းနေပါမည်။
ထိုအခါ ရွေ့လျားပုံဦးတည်ရာမတူကြသော်လည်း မူလက ခဲတန်အချွန်ဖက်ဦးတည်ရာကို တစ်ထုပ်နှင့်တစ်ထုပ်မတူအောင်ထားခဲ့သည်ဖြစ်ရာ ခဲတန်တစ်ချောင်းစီတိုင်း၌ အချိန်တစ်ချိန်တွင်ဖြစ်ပေါ်သော လျှပ်စစ်ဗို့အားနှင့် လားရာမှာ တူညီနေပါသည်။
ခဲတန်တစ်ချောင်းစီကို ဓါတ်ခဲကလေးတစ်လုံးစီနှင့် တူညီနေသည်ဟုလည်းတွေးခေါ်နိုင်ပါသည်။
ယင်းတို့ကို စနစ်တကျစုရုံးဆက်သွယ်ပေးခြင်းသည် Conductor coil ရစ်ခွေထည့်သွင်းသည်နှင့် အကျိုးရလဒ်တူညီနေရခြင်းဖြစ်ပါသည်။

လေးထောင့်ဘောင်ခွေနှင့် အတူ လည်ပတ်နေသော နန်းကြိုးခွေတွင် ညှို့ဝင်ဖြစ်ပေါ်နေသည့် လျှပ်စစ်ဖိအားခြားနားမှုကို ၀င်ရိုးပေါ်ရှိ Commutator မှတစ်ဆင့် ပြင်ပသို့ ထုတ်ယူရန် နည်းလမ်းတည်ဆောက်ထားပုံ အပေါ်မူတည်၍ တိုက်ရိုက်စီး(DC) လျှပ်ထုတ်စက် နှင့် ပြန်လှန်စီး (AC)လျှပ်ထုတ်စက် တို့ကွာခြားဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။

မူလက ရှင်းနေတာကို ရှုပ်အောင်လုပ်မိသလို ဖြစ်နေလျှင်ဖြင့် အပိုဆာလာများကိုဖယ်နှုတ်ကာ သီးခံဖတ်ရှုကြဖို့ တောင်းပန်ပြောကြားရင်း တစ်ဖြတ်နားပါဦးမည်။
ဇော်အောင်



ဆက်လက်ဖတ်ရှုရန်

Friday, September 21, 2007

Moment of inertia of an induction motor

DH2 – outer diameter of rotor [mm] <152.3>
L2 - length of rotor [mm] <115>
Jmotor – moment of inertia of an induction motor


ဆက်လက်ဖတ်ရှုရန်